အခန်း (533)

1K 199 1
                                    

အခန်း  (၅၃၃)   :   ရွှေရောင်အိမ်ကြီး

ချန်းဟန်က နှာခေါင်းရှုံ့ကာ 

“ သူတို့တွေက ကျင့်ကြံခြင်း‌လောက က တက်လာတဲ့သူတွေကို ဘာလို့ လိုက်စဉ်းစားပေးနေမှာလဲ။ အရေအတွက်က ကိစ္စမဟုတ်ဘူး။ အကြောင်းအရင်းက  ကျင့်ကြံခြင်းလောက က ကျင့်ကြံသူတွေ အများကြီး ရောက်လာတယ်ဆိုရင်တောင် တခြားနယ်မြေက ဘာမှ မလုပ်နိုင်ဘူး။ ကျုပ်ဆရာက တစ်ခါ ပြောဖူးတယ်။

ယုံရင်အင်မော်တယ်နယ်မြေရဲ့ ဒီလို လုပ်ရပ်တွေကို သိရက်နဲ့ မပြောတဲ့ ဂိုဏ်းတချို့ ရှိတယ်တဲ့ ။ နောင်ကျ အဲဒီအကြောင်းပြချက်ကို သုံးပြီးတော့ တိုက်လို့ ရအောင်လို့တဲ့  ”

တိုက်ခိုက်ဖို့ အကြောင်းပြချက်တဲ့လား .....

မိုဝူကျီက ချက်ချင်း နားလည်သွားသည်။ တည်ငြိမ်နေသော အင်မော်တယ်လောက၌ မုန်တိုင်းသဖွယ် အဖြစ်အပျက်များနှင့် ပြည့်နှက်နေခြင်းသာ ဖြစ်ပေသည်။ ယုံရင်အင်မော်တယ်နယ်မြေက အားလုံး အလိုရှိနေကြသော  အသားပိုင်းစကြီး ဖြစ်ကာ သူတို့ ဘာမှ မလုပ်သေးသည့် အကြောင်းပြချက်မှာ  တခြားသော အင်မော်တယ်နယ်မြေများက သူတို့အင်အားစုဆောင်းနေဆဲ ဖြစ်သောကြောင့် ဖြစ်၏။ သူတို့ လုံလုံလောက်လောက် အားကောင်းပြီဟု ယူဆသည့်အချိန်ထိ လက်သည်းများကို ဝှက်ထားခြင်းသာ ဖြစ်ပေ၏။

ယုံရင်အင်မော်တယ်နယ်မြေက မည်သို့ပင် လုပ်ပါစေ သူတို့တွေက အနှေးနှင့်အမြန် ကျဆုံးသွားလိမ့်မည်။ အားလုံးက သိနေပြီ ဖြစ်သောကြောင့် ယုံရင်အကျဉ်းထောင်မှာ လျို့ဝှက်ချက်တစ်ခုတော့ မဟုတ်လောက်ပေ။

မိုဝူကျီက သက်ပြင်းချကာ  ခေါင်းခါလိုက်သည်။ အကြောင်းမှာ နေရာတိုင်း၌ ကလိမ်ကကျစ် ဉာဏ်များသည့်သူများနှင့် ပြည့်နှက်နေသည်။ ထိုလူများက  သူတို့ဂိုဏ်းသားများ အဖမ်းခံရခြင်း သို့မဟုတ် အသတ်ခံရခြင်းများကို မသိချင်ယောင်ဆောင်နေသည့် အကြောင်းအရင်းမှာ အကြောင်းပြချက် လိုချင်၍သာ ဖြစ်၏။

အကယ်၍ မိုဝူကျီသာ ဂိုဏ်းချုပ် ဖြစ်နေလျှင် ထိုသို့မျိုး အရာ ဖြစ်လာမည် မဟုတ်ပေ။ အကယ်၍ သူ့ဂိုဏ်းသားများက ယုံရင်အင်မော်တယ်နယ်မြေကြောင့် အသတ်ခံနေရသည် ဆိုလျှင် ဂိုဏ်း၌ သူ တစ်ယောက်တည်း ရှိနေလျှင်ပင်   ယုံရင်အင်မော်တယ်နယ်မြေတစ်ခုလုံးကို  မြေလှန် တိုက်ပစ်လိမ့်မည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Wo Geschichten leben. Entdecke jetzt