အခန်း (631)

1K 169 1
                                    

46.5

အခန်း ( ၆၃၁) :  အကူအညီတောင်းခြင်း

ထိုသို့ပြောပြီးနောက် မိုဝူကျိက စာလိပ်ပေါ်မှ စာလုံးတိုင်းတွင် အဆုံးမဲ့ တာအိုစွမ်းအားများ ပါဝင်နေကြောင်း ခံစားမိလိုက်၏။ စာလုံးတိုင်းမှာ ကျင့်စဉ်တစ်ခုစီအလား ဖြစ်နေပြီး စာလိပ်ပေါ်တွင် စာနည်းနည်းသာ ပါရှိသော်လည်း မိုဝူကျိက စကြဝဠာကြီး၏ ကျယ်ပြောသော တုံ့ပြန်မှုကို ခံစားမိပေသည်။ ထိုတုံပြန်မှုမှာ  စကားလုံးများ ဖြစ်တည်လာဟန်ပေါ်၏။

ဒါက မဟာတာအို စာလွှာလား …..

မဟာတာအို စာလွှာမှာ ရိုးရှင်းသည့် စာလွှာ မဟုတ်ပေ။ အမြင်ဖြင့် ရိုးရှင်းသော်လည်း  လက်တွေ့၌  ကျယ်ပြောရှုပ်ထွေးပေသည်။ စာလွှာ၏ ကျယ်ပြောမှုမှ ရိုးရှင်းသောအရာ ဆင်းသက်လာခြင်း ဖြစ်၏။

ထိုအတွေးဖြင့်  မိုဝူကျိ၏ တာအို အသိဉာဏ်ပွင့် လမ်းကြောင်းမှာ တာအိုစွမ်းအား အရိပ်အယောင်ကို ရှာတွေ့သွားသည့်အလား ထိုစွမ်းအားများမှာ  တာအိုအမြင်အသစ် တစ်ခု ဖြစ်ပေါ်လာသည်။

တာအိုစွမ်းအားများက မိုဝူကျိ စိတ်ထဲ  ကနဦးအဆင့် ဖြစ်တည်လာသည်။ မိုဝူကျိက အသက်ပြင်းပြင်း ရှုကာ  သူ့လက်ထဲမှ ပစ္စည်းမှာ စိတ်စွမ်းအားနှင့် ကမ္ဘာဦး စိတ်ဝိညာဉ်တို့ လေ့ကျင့်ပေးသည့် လျို့ဝှက်ပညာရပ် မဟုတ်ဘဲ အသိစိတ်ပင်လယ်ကို လေ့ကျင့်ပေးသည့် ပညာရပ် ဖြစ်နေသည်။

သေချာသည့် ရှုထောင့်အရကြည့်လျှင်  ထိုအရာမှာ  စိတ်စွမ်းအားနှင့် ကမ္ဘာဦး စိတ်ဝိညာဉ်တို့ လေ့ကျင့်ပေးသည့် ပညာရပ်ထက်ပင် ပို၍ ရှားပါးနေသေး၏။ အသိစိတ်ပင်လယ်မှာ ကျင့်ကြံသူ၏ ပါရမီ၊ ကျင့်စဉ်နှင့် ကိုယ်ပိုင် ကံတရားတို့နှင့်   တိုက်ရိုက် ဆက်နွယ်နေပေသည်။

သူက အသိစိတ်ပင်လယ် လေ့ကျင့်ပေးလို့ ရသည့် ကျင့်စဉ် အစစ်အမှန် ရှာတွေ့လိမ့်မည်ဟု မထင်မိခဲ့ပေ။ ထိုအရာမှာ လေးလံအမြစ်မဲ့ရွေထက်ပင် ပို၍ အဖိုးတန်နေသေး၏။ သူ့ရှေ့မှ လူငယ်လေးမှာ  သူ့အား မိတ်ဆက်အကြောင်းအရာလောက်သာ ပြပြီး ကျန်ရှိနေသည့် အပိုင်းများကို သိမ်းထားလေ၏။ သို့သော်လည်း  မိုဝူကျိက ထိုအရာမှာ လုံလောက်သည်ထက် ပိုနေကြောင်း ယုံကြည်နေမိသည်။ အကယ်၍ သူသာ စာလိပ်တစ်ခုလုံး ကြည့်ရှုရလျှင် သူ့ အသိစိတ်ပင်လယ်  နားလည်နိုင်စွမ်းအား အပေါ်၌  သက်ရောက်မှု ရှိလာလိမ့်မည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now