အခန်း (652)

961 165 18
                                    

အခန်း  (၆၅၂)  :   အင်မော်တယ် ဝင်ရိုးကျောက်တုံးများ

“ ဘာဖြစ်တာလဲ … အထဲမှာ အစိမ်းရောင်ကျောက် ရှိရမှာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် ငါးအရိုး ဖြစ်နေတာလဲ ” မိုဝူကျိ နားထဲ အသံက ပြန်လည် ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်သွားပြန်သည်။

မိုဝူကျိက  အသံကို ဆက်တိုက် အာရုံစိုက်ထား၏။ ထိုခဏရပ်လိုက်သည့် အခိုက်အတန့် တစ်ဖက်လူမှာ သူ့စကားထဲ၌  ပြဿနာတချို့ကို တွေ့သွားကြောင်း သိလိုက်သည်။

“ စီနီယာ …. ငါးအရိုးက ကျုပ်ကို ဖောက်သွားပေမဲ့လည်း ဒဏ်ရာတော့ မရပါဘူး။ ကျုပ် ကာကွယ်ရေး ရတနာက တားဆီးလိုက်နိုင်တယ်။ ဒါနဲ့ ကျုပ် အစိမ်းရောင်ကျောက်ကို တွေ့ပြီ … ငါးအရိုးအောက် ရောက်နေတာ  ” မိုဝူကျိက ထပ်ပြောလိုက်သည်။

ဤတစ်ကြိမ်၌ မိုဝူကျိက ငါးအရိုးများအောက် အစိမ်းရောင်ကျောက်ကို အမှန်တကယ် တွေ့လိုက်ရသည်။ အစိမ်းရောင် ကျောက်  ရှိနေသည်မှာ မည်မျှကြာမြင့်နေမှန်း မသိသော်လည်း  အစိမ်းရောင် မှိန်ဖျော့ဖျော့ ရှိနေသေး၏။ ပစ္စည်းကောင်းလေး ဖြစ်ရမည်။ ထိုအစိမ်းရောင်ကျောက်အပြင် နောက်ထပ် လူအလောင်းတစ်လောင်းလည်း ရှိနေသေးသည်။ သေဆုံးပြီးသည့်တိုင် အလောင်းပြည့်ပြည့်စုံစုံ ရှိနေခြင်းမှာ  ဤလူက  အသက်ရှင်လျက် ရှိနေသည့်အချိန် အင်အားကောင်းသော လူ ဖြစ်ကြောင်း သိသာနေပေ၏။

အသံက တိတ်ဆိတ်သွားလေရာ မိုဝူကျိလည်း ဘာမှ ပြန်မပြောတော့ပေ။ မိုဝူကျိက ဘေးပတ်လည်ကို စိတ်ဝိညာဉ်မျက်လုံးဖြင့် သေချာစစ်ဆေးကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် သူက တာ့ဟွမ်ကို ဘေး၌ ထားထားလိုက်ပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားလိုက်သည်။ သူက  များများစားစား မတိုက်ခိုက်နိုင်သော်လည်း မသေခင် ခုခံသွားချင်သေး၏။

အချိန်ခဏအကြာတွင် အသံက သက်ပြင်းချကာ

“ ဘာတွေ ဖြစ်နေမှန်း နားမလည်တော့ဘူး … အဲဒီအစိမ်းရောင်ကျောက်ကို ငါးအရိုးတွေအောက်ကနေ သေချာထုတ်ခဲ့နော် … မှတ်ထား ငါးအရိုးတွေ မစိုက်မိစေနဲ့ဦး  ”

လူသားသစ္စာ [BOOK 5 ( 501-700) ]Onde histórias criam vida. Descubra agora