အခန်း (519)

1K 195 0
                                    

အခန်း   (၅၁၉)   :   ကြယ်ကိုးလုံး ပါရမီရှင်၏ နေရာ

ငါးလကြာပြီးနောက် မိုဝူကျီ၏ ကျင်းရှန်း အလယ်အလတ်အဆင့်မှာ  ကန့်သတ်ချက် အထိ   ရောက်ရှိသွားလေသည်။  သိပ်သည်းကြွယ်ဝလှသော အင်မော်တယ် စွမ်းအားများအောက် သူ့ကျင့်ကြံဆင့်မှာ အလယ်အလတ်အဆင့်ကို ကျော်ဖြတ်၍ နောက်ပိုင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။

မိုဝူကျီက သူ့အင်မော်တယ် ဝိညာဉ်စွမ်းအားများမှာ အားနည်းလာကြောင်း ခံစားမိ၍ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်တော့သည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့်  သူက ဤနေရာရှိ အင်မော်တယ်မြုများမှာ ပါးလွှာလာကြောင်း တွေ့ရှိသွားသည်။ သူက ဆက်၍ မကျင့်ကြံနိုင်တော့ပေ။

ဆက်၍ ကျင့်ကြံနေပါက  အင်မော်တယ် လေ့ကျင့်ရေး ရေကန်မှ  စွမ်းအားများအားလုံးကို ခြောက်ခမ်းသည့်အထိ စုပ်ယူပစ်လိမ့်မည်။ ထို့အပြင်  ကျိုးပျက်ကမ္ဘာက မကြာခင် ဖွင့်တော့မည် ဖြစ်သည့်အတွက်  ထိုအခွင့်အရေးကို လက်မလွတ်လိုပေ။

မိုဝူကျီက ထရပ်လိုက်သည်။ သူက ထွက်သွားဖို့  တွေးတောနေစဉ် နှလုံးခုန်နှုန်းပင် မြန်လာမိသည်။  ဝိညာဉ်စွမ်းအားများက  သူ့နဖူးအထက် စုစည်းလာပြီး စိတ်ဝိညာဉ်မျက်လုံး ဖြစ်တည်လာသည်။

မိုဝူကျီကို ကျေနပ်သွားစေသည်က  ဤစိတ်ဝိညာဉ်မျက်လုံးမှာ အဆများစွာ အားကောင်းနေခြင်းကြောင့် ဖြစ်၏။ သူက ဤလေ့ကျင့်ရေး ရေကန်မှ အတားအဆီး အစီအရင်များ၏  ပြင်ပန်းကိုပင် မြင်တွေ့နေရသည်။

သူ့စိတ်ဝိညာဉ်မျက်လုံးက သူ့ကျင့်ကြံဆင့်နှင့် လိုက်၍  တိုးတက်လာခြင်း ဖြစ်၏။ သူက စိတ်ဝိညာဉ်မျက်လုံးက မည်သို့ အစီအရင်များကို ဖြတ်သန်း၍ မြင်ရသည်ကို တွေးမိလိုက်သည့်အခါ စိတ်နှလုံးသား၌   ပျော်ရွင်မှုနှင့် အပြည့်ဖြစ်သွားသည်။  သူ့စိတ်ဝိညာဉ်မျက်လုံးသာ အဆင့်တစ်ခုအထိ ရောက်ရှိသွားပါက  အစီအရင်ကို နားလည်နိုင်စွမ်း မရှိလျှင်ပင်  ဤစိတ်ဝိညာဉ်မျက်လုံးက သူ့အား အကူအညီပေးနိုင်လိမ့်မည်။ ယခင်က သူ့စိတ်ဝိညာဉ်မျက်လုံးအကြောင်း ဂရုမစိုက်ခဲ့သော်လည်း  အမြင်နှင့်တင်  ဤလျို့ဝှက်ပညာရပ်မှာ အတော်လေး အံ့ဩဖို့ကောင်းကြောင်း ခံစားမိနေသည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now