အခန်း (577)

908 170 5
                                    

အခန်း   (၅၇၇)  :  ဖန်မျိုးနွယ်စု၏ အမွေအနှစ်

မိုဝူကျီနှင့် လို့ယွဲ့ရွမ်းတို့က ပျက်စီးနေသော ဂူဆီ မရောက်ခင်  ညစ်ပတ်နေသည့် လမ်းကြားအသေးလေးထဲ  ဖြတ်သွားရသည်။ ပိန်ပါးပါး ကောင်လေးက မြွေရေအိတ်လေးကို ကိုင်ကာ စိုးရိမ်တကြီး ထွက်လာသည်။

မိုဝူကျီက အဝေးမှ လှမ်းအော်လိုက်သည်  “ ဖန်ကျယ် ”

ကောင်လေးက  ရပ်ကာ မိုဝူကျီနှင့် လို့ယွဲ့ရွမ်းတို့ကို တအံ့တဩ လှမ်းကြည့်လိုက်၏။

“ ဘယ်လိုလုပ် ကျတော် နာမည်ကို သိနေတာလဲ ” ကောင်လေးက မိုဝူကျီဆီ လျှောက်လာကာ မေးလိုက်လေ၏။ သူက မိုဝူကျီမှာ သူ ကားလက်မှတ် ကူညီပေးလိုက်သည့် လူဖြစ်ကြောင်း မှတ်မိသော်လည်း  မိုဝူကျီကို ဘာမှ မပြောမိကြောင်း မှတ်မိ၏။

မိုဝူကျီက ရှင်းပြလိုက်သည် 
“ လို့ယွဲ့ရွမ်း က မင်းတို့နှစ်ယောက်လုံးလည်း ဂိုဏ်းချုပ် ဘုန်းတော်ကြီးရဲ့ စောင့်ကြည့်ခံနေရတယ်လို ပြောတယ်။ အရင် လို့ယွဲ့ရွမ်းက ကျုပ်ကို ခေါ်ထားပေမဲ့ အခု သူမကလည်း ဂိုဏ်းချုပ် ဘုန်းတော်ကြီးကို စိတ်အနှောင့်အယှက် ပေးမိလို့ မင်းတို့ဆီ လာရုံအပြင် တခြားသွားစရာ မရှိဘူး။ မင်းက ကူညီတတ်တယ်ဆိုတာ ကျုပ် သိပါတယ်  ”

မိုဝူကျီက ထိုသို့ပြောလိုက်ပြီး  ဖန်ကျယ် ဘာပြန်ပြောမလဲဟု  ကြားချင်၍ ရပ်လိုက်သည်။ မိုဝူကျီ ပြောလိုက်သည့် စကား၌ ဟာကွက်များစွာ ပါနေသော်လည်း  ဖန်ကျယ်ကဲ့သို့ ကောင်လေးတစ်ယောက်က  ထိုမျှအထိ တွေးမိလိမ့်မည်ဟု မထင်ပေ။

ဖန်ကျယ်က သူ့အား တစ်ကြိမ် ကူညီဖူးပြီး စုန်းမျိုးဆက်၏ အမွေအနှစ်ကို ဆက်ခံထားသော မျိုးနွယ်စုတစ်ခုလည်း ဖြစ်ပေသည်။ ဖန်မောင်နှမက သူ့အား  ခန္ဓာကျင့်စဉ်ကို သင်ကြားပေးနိုင်စွမ်း ရှိ၏။ မိုဝူကျီက  သူ့ကျင့်စဉ်ဖြင့် ပြန်၍ လဲလှယ်ရန် ဆန္ဒရှိပေ၏။ မိုဝူကျီက တခြားသူများအပေါ် အခွင့်အရေးယူရသည်ကို သဘောမကျပေ။ ဖန်မျိုးနွယ်စု ပိုင်ဆိုင်ထားသော ခန္ဓာကျင့်စဉ်မှာ အင်မော်တယ်လောက၌ ထိပ်တန်း ကျင့်စဉ်တစ်ခု ဖြစ်မည်မှန်း သူ သေချာပေါက် သိ၏။

လူသားသစ္စာ [BOOK 5 ( 501-700) ]Donde viven las historias. Descúbrelo ahora