အခန်း (၅၈၀) : စစ်တပ် ရောက်ရှိလာခြင်း
“ ဆရာ ... ကျတော်အမနဲ့ ကျတော်က ဆရာနောက်လိုက်ဖို့ ဆန္ဒရှိပါတယ် ” ဖန်ကျယ်က ငယ်ရွယ်သေးသော်လည်း နုံ့အသူ မဟုတ်ပေ။ မိုဝူကျီ၏ လက်ရှိစွမ်းအားနှင့် အရည်အချင်းကို မြင်တွေ့ပြီးနောက် မိုဝူကျီနောက် လိုက်ခြင်းက မမှားပေ။
“ အစ်ကိုကြီးမို ညီမလဲ လိုက်ချင်ပါတယ် ” လို့ယွဲ့ရွမ်းလည်း မြန်မြန် ဝင်ပြောလိုက်သည်။ အကြောင်းမှာ မိုဝူကျီက တပည့် လက်မခံလိုသည့်အချက်ကြောင့်သာ မဟုတ်လျှင် သူမလည်း ဆရာဟု ခေါ်မိလောက်သည်။
မိုဝူကျီက နေရခက်စွာ ပြောလိုက်သည် “ မင်းတို့အားလုံးကို ခေါ်မသွားချင်တာ မဟုတ်ပေမဲ့ တကယ်တော့ ငါက ထွက်သွားတော့မလို့ ... ဒါပေမဲ့ ပြဿနာက ဘယ်ကို ဆက်သွားရမှန်း မသိသေးဘူး။ အဲကြောင့် အာကာသထဲ ဆင်းသက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ”
ထိုသို့ပြောပြီးနောက် မိုဝူကျီက တစ်ခု စဉ်းစားမိကာ
“ ဒီလိုဆိုရင်ရော ... မင်းတို့သုံးယောက်လုံးကို သိုလှောင်လက်စွပ် တစ်ကွင်းဆီ ပေးမယ်။ ပြီးရင် မင်းတို့ကို ဘယ်လို ကျင့်ကြံရမယ်ဆိုတာကို သုံးလလောက် သင်ပေးမယ်။ အဲဒီသိုလှောင်လက်စွပ်ထဲက အရင်းအမြစ်တွေက မင်းတို့တွေ မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်ဖို့ လုံလောက်တယ်။ မင်းတို့တွေ အဲကနေ ထပ်အဆင့်တက်၊ မတက်က မင်းတို့ရဲ့ ပတ်ဝန်းကျင်ပေါ် မူတည်သွားပြီ ”မိုဝူကျီက သူ့ထာဝရ ကမ္ဘာ၌ အင်မော်တယ်ကျောက်များစွာနှင့် ဝိညာဉ်စွမ်းအား ကျောက်တုံးများစွာ ရှိပေသည်။ သုံးယောက်လုံးကို မြေကမ္ဘာ အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်အထိ ရောက်စေဖို့ရာ လုံလောက်သည်ထက် ပိုပေသည်။
တစ်ခုတည်းသော စိုးရိမ်စရာက ဖန်မောင်နှမနှင့် လို့ယွဲ့ရွမ်းတို့က မြေကမ္ဘာ အင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးနောက် အင်မော်တယ်လောကဆီ တက်ရောက်လာနိုင်မလား မသေချာသည့် ကိစ္စ ဖြစ်၏။ အကြောင်းမှာ သူက မြေကမ္ဘာ အင်မော်တယ်အဆင့်ထိ ပြန်ရရှိပြီးနောက် မိုးမြေ၏ စည်းမျည်းဥပဒေကို မခံစားမိသေးသလို အထက်ဘုံမှ ခေါ်ဆောင်မှုလည်း မခံစားမိချေ။