အခန်း (685)

940 149 3
                                    

အခန်း (၆၈၅)  :  အသက်ကြိုးမျှင် တစ်ခုပဲ

မဟာဓားလမ်းစဉ်ဂိုဏ်း

လော့လင်အင်မော်တယ်နယ်မြေ၏ ထိပ်သီးဂိုဏ်း တစ်ခု ဖြစ်ပေသည်။ ထိပ်သီးဂိုဏ်းများကြား မဟာဓားလမ်းစဉ်ဂိုဏ်းမှာ အင်မော်တယ် ဧကရာဇ်အဆင့် အဆင့်မြင့် ကျင့်ကြံသူ အများဆုံး  မရှိကောင်း မရှိနိုင်ပေမဲ့  တိုက်ခိုက်စွမ်းနှင့် ယှဉ်လာလျှင် လော့လင်အင်မော်တယ်နယ်မြေတွင် ထိပ်ဆုံး၌ ရပ်တည်နေပေသည်။ မဟာဓားလမ်းစဉ်ဂိုဏ်း၏ ဓားကျင့်စဉ်မှာ သူတို့တပည့်များကို တခြားသော ကျင့်ကြံဆင့်တူ ကျင့်ကြံသူများကြား၌ ပိုသာစေလေ၏။

လော့လင် အင်မော်တယ်နယ်မြေတင် မကပေ။ အင်မော်တယ်လောက၌ မဟာဓားလမ်းစဉ် အမည်နာမကို မသိသူမှာ ခပ်ရှားရှား ဖြစ်၏။ ဓားတာအိုနှင့် ပတ်သတ်လာလျှင် အင်မော်တယ်များအတွက် ဓားတာအိုကို လေ့လာလိုက်စားရန် အကောင်းဆုံး တော်ဝင်နယ်မြေတစ်ခုလို ဖြစ်ကာ ပြိုင်ဖက်ကင်း ပေသည်။

မဟာဓားလမ်းစဉ်ဂိုဏ်း၌ နာမည်ကျော် နေရာ သုံးခု ရှိ၏။ ပထမဆုံး နေရာမှာ မဟာဓားတောင် ဖြစ်၏။

မဟာဓားတောင်မှာ ရိုးရိုး တောင်တစ်ခုလုံးမျှ မဟုတ်ပေ။ ပြောရလျှင် မဟာဓားလမ်းစဉ်ဂိုဏ်း၏ သင်္ကေတ ပြယုတ် တစ်ခု ဖြစ်ပေသည်။ ထိုအမည်နာမ ရရှိလာခြင်းမှာ  ထိုတောင်က  ဓားတစ်ချောင်းကဲ့သို့  ကောင်းကင်မှ ကျရောက်လာကာ  မြေပြင်သို့  စိုက်ဝင်သွားသောကြောင့် ဖြစ်၏။

ထိုဧရာမ ဓားတောင်တွင် အဆုံးမဲ့သော ဓားအငွေ့အသက်များ ပါဝင်နေသည်။ ထိုဓားအငွေ့အသက်များက ပြင်းအားနှင့် ဩဇာလွှမ်းမိုးမှုမှာ ပို၍ ပို၍ ဆက်တိုက် တိုးလာသည်။ တောင်အမြင့် ရောက်လေလေ ဓားအငွေ့အသက်က ပို၍ နက်နဲလာလေလေ ဖြစ်၏။ မဟာဓားလမ်းစဉ်ဂိုဏ်းမှ တပည့်တိုင်းက ဤနေရာသို့ လာကာ ဓားအငွေ့အသက်များမှ ဉာဏ်အလင်းပွင့်မှုကို ရှာဖွေလေ့ ရှိကြသည်။ မဟာဓားလမ်းစဉ်ဂိုဏ်းထဲကို ဝင်ပြီးနောက် အကြီးမားဆုံး လမ်းညွှန်ပေးမှုမှာ  ဤမဟာဓားတောင်၌ အသိဉာဏ်ပွင့်ရန် တက်လှမ်းခြင်း ဖြစ်၏။

ဒုတိယနေရာမှာ ဓားအကျဉ်းထောင် ဖြစ်ပေသည်။ ဓားအကျဉ်းထောင်မှာ လူလုပ် အကျဉ်းထောင် တစ်ခု မဟုတ်ပေ။ တခြာ‌းသော လူလုပ် အကျဉ်းထောင်များထက်  ပို၍ ကြောက်စရာ ကောင်းလှသည်။ အကြောင်းမှာ  တခြားအကျဉ်းထောင်များ၌ အသက်ရှင်နိုင်ရန် မျှော်လင့်ချက်လေး ရှိသေးသော်လည်း  ဓားအကျဉ်းထောင်သို့ ဝင်သွားပြီးနောက် သေခြင်းတရားက တစ်ခုတည်းသော ရလဒ် ဖြစ်ပေသည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Tempat cerita menjadi hidup. Temukan sekarang