အခန်း (521)

1K 186 7
                                    

အခန်း  (၅၂၁)  :   ကျုပ် သဘောမတူဘူး

မိုဝူကျီ လက်ထဲရှိ  နံပါတ်မှာ ၃ ဖြစ်သည့်အတွက် ကူးသန်းရေး အစီအရင်ထဲ၌ တတိယမြောက် ဖြစ်ပေသည်။

ကူးသန်းရေး အစီအရင်၌ လူအပြည့် ဖြစ်လာသည့်အခါ  ရွှေရောင်မှိန်ဖျဖျ အလင်းရောင်က လှည့်ပတ်ထွက်လာကာ သူတို့ဘေးပတ်လည်မှ မြင်ကွင်းများမှာလည်း ဝေဝါးလာတော့သည်။

ခန့်မှန်းမရလောက်တော့သည့်အချိန်ကြာမြင့်ပြီးနောက် မိုဝူကျီက  သူ့ခြေထောက်အောက်ရှိ မြေကြီးကို သတိပြုမိပြီး  သူတို့ရောက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။

မိုဝူကျီက စိတ်စွမ်းအား ဖြန့်ကျက်ထားလိုက်ပြီးနောက် မကြာခင် သူတို့က မြက်တောထဲ ရောက်နေသည်ကို တွေ့လိုက်ရပြီး  ဤနေရာရှိ ဝိညာဉ်စွမ်းအားများမှာ အတော်လေး သိပ်သည်းလွန်းလှသည်။

သူ့ရှေ့ရှိ မြောင်းနေရာကို မိုဝူကျီက စိတ်စွမ်းအားဖြင့် ထိုးဖောက်ဖို့ရာ ကြိုးစားလိုက်သော်လည်း တားဆီးခံလိုက်ရသည်။ အမြင်နှင့်တင် ကျိုးပျက်ကမ္ဘာ၏ တတိယအလွှာမှာ ဤမြောင်းနေရာနောက်တွင် ရှိပေလိမ့်မည်။  တတိယအလွှာ မဖွင့်သေးသည်သာ ဖြစ်ပေလိမ့်မည်။

မကြာခင် မိုဝူကျီက တခြားသော ကျင့်ကြံသူများလည်း သူနှင့်အတူတူ နေရာတစ်ခုသို့ ရွေ့ပြောင်းခံလိုက်ရကြောင်း သိလိုက်သည်။ သူက လက်ယာဘက်   ရှေ့ဆုံးတွင် ဖြစ်၏။

ကုန်းယီ ပြောနေသည့် နေရာကောင်း ဖြစ်ပေလိမ့်မည်။ သို့သော် မိုဝူကျီက ဤသို့သော အကျိုးမြတ်မှာ မလိုအပ်ကြောင်း ခံစားမိလိုက်သည်။ ရှေ့ လက်ယာဘက်တွင် ရပ်နေခြင်းက အများဆုံး သူ့ကို ရှေ့ဆုံးမှ ဝင်ခွင့်ရနိုင်ခြင်းသာ ဖြစ်၏။ သို့သော်ငြား  သူက ဤနေရာသို့ ရောက်နေပြီ ဖြစ်သည့်အတွက်  မိုဝူကျီ အမြင်အရ  စောစီးစွာ  ဝင်ဝင်၊ နောက်ကျ ဝင်ဝင် မကွာခြားလှပေ။

ရက်များစွာ ကုန်လွန်သွားပြီးနောက် မိုဝူကျီက စတင် ပျင်းရိလာသည်။ ထိုစဉ် သူ့ရှေ့မှ တည်နေရာတစ်ခုလုံး အပြင်းအထန် တုန်လှုပ်သွားလေ၏။

အဆက်မပြတ် တုန်ခါသံများ ထွက်ပေါ်လာပြီးနောက် မြောင်းနေရာအတွင်း၌  အက်ကွဲကြောင်းများ ရုတ်ချည်း ပေါ်လာသည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now