အခန်း (၅၈၁) : ကျင့်ကြံသူ နောက်တစ်ယောက်
“အစ်ကိုကြီးချန် ကျုပ်တို့ရှေ့မှာ အနောက်ပိုင်း ဘုရားကျောင်းရဲ့ မြို့တော် မီချီမြို့ ရှိတယ် ။ ကျုပ်ကြားတာတော့ အဲမြို့က နန်းတော်ပဲတဲ့ .... အနောက်ပိုင်းဘုရားကျောင်းရဲ့ ဂိုဏ်းချုပ် ဘုန်းတော်ကြီး ပင်းလန်ရှီး အဲနန်းတော်မှာ နေနေတာတဲ့ .... ကျုပ်တို့သာ မီချီမြို့ကို ရှင်းနိုင်ရင် အနောက်ပိုင်း ဘုရားကျောင်းကို ရှင်းလိုက်တာနဲ့ အတူတူ ဖြစ်သွားလိမ့်မယ် ” မင်းမျိုးနွယ် တစ်ဦးက ချန်ကျစ်ချန်းအား ခပ်ဩဩ လေသံဖြင့် ပြောလိုက်သည်။
ချန်ကျစ်ချန်းက ပြန်မဖြေခင် တစ်ယောက် အလန့်တကြား ထအော်လိုက်သည် “ တစ်ယောက်က လေထဲမှာ လျှောက်လာနေတယ် ”
လက်ထဲတွင် ဗုဒ္ဓပုတီးကုန်း ကိုင်ဆောင်ထားသည့် မှုန်မှိုင်းမှိုင်းမျက်နှာနှင့် အမျိုးသားက လေထဲမှ ဆင်းသက်လာသည်။ သူက စစ်တပ်တစ်ခုလုံးကို အထင်သေးစွာ ဝေ့ကြည့်လိုက်သည်။
သူ့မျက်လုံး၌ ထိုသူများမှာ စစ်သားများ မဟုတ်ဘဲ ပုရွက်ဆိတ်မျှသာ ဖြစ်ကြ၏။
သို့သော်လည်း သူက ချန်ကျစ်ချန်း လက်ထဲမှ ဓားဆီ အကြည့်ရောက်သွားသည့်အခါ မျက်မှောင်ကြုတ်သွားလေ၏။ သူက ဓားကို ယူရန် ချန်ကျစ်ချန်းဆီ ချက်ချင်း ရောက်ရှိလာသည်။
အကယ်၍ ချန်ကျစ်ချန်းသာ အရင်လအနည်းငယ်ခန့်က စစ်ပွဲမကြုံတွေ့ရသေးသည့် ဝါရင့်တစ်ယောက် မဟုတ်သေးလျှင် ထိုအပြုအမူကြောင့် ကြောင်အသွားလောက်သည်။ သို့သော် စစ်ပွဲကို ဖြတ်သန်းပြီးနောက် ချန်ကျစ်ချန်းတွင် ယုံကြည်ချက် ရှိနေပြီ ဖြစ်၏။ ထိုလူက သူ့ဆီ လာနေသည်ကို မြင်၍ ဓားကို ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။
ထိုသို့ဆိုလျှင်ပင် သူ့အမြန်နှုန်းမှာ အလွန်နှေးကွေးနေသေး၏။ ထိုလူ ရောက်လာသည့်အခါ သူ့ဓားရှည်က ခုတ်ပိုင်းပြီးခါစမျှ ဖြစ်၏။
ဓားရှည်ကို အလင်းတန်း ထွက်ပေါ်လာကာ မှုန်မှိုင်းမှိုင်း အမျိုးသားဆီ နှစ်ပိုင်း ပိုင်းရန် ရောက်ရှိလာသည်။