အခန်း (647)

946 169 3
                                    

အခန်း  (၆၄၇)   :   လောကထိပ်သီး အမှတ်အသားပြား၏ လျို့ဝှက်ချက်

မိုဝူကျိက  မည်သည့်နေရာသို့ သွားရမည်မှန်း တွေးတောနေစဉ်  သူ့လက်ထဲရှိ  လောကထိပ်သီး အမှတ်အသားပြားမှ မျက်စိစူးမတတ်  အလင်းရောင် ထွက်ပေါ်လာသည်။ လောကထိပ်သီး အမှတ်အသားပြား အပေါ်ယံမျက်နှာပြင်၌ မီးတောက် လောင်ကျွမ်းနေသည့်အလား  လျှပ်တစ်ပြက် အလင်းလိုမျိုး ပေါ်လာလေသည်။ တစ်ခဏအကြာတွင်  မှိန်ဖျော့ဖျော့ အစိမ်းရောင်မျက်နှာပြင်မှာ  ပျောက်ကွယ်သွားပြီး  စကြဝဠာကြီး၏ တောက်ပနေသည့် မြင်ကွင်းကဲ့သို့ ပြောင်းလဲသွား၏။

မိုဝူကျိက သူ့လက်ထဲမှ နဂို ခံစားနေကျ  ပူနွေးနွေး ခံစားချက်အစား  အဆုံးမဲ့လှသော  စကြဝဠာကြီး၏ စွမ်းအားများကို ခံစားမိလိုက်သည်။

ထိုစဉ် မိုဝူကျိက   သူ့လက်ထဲတွင် စကြဝဠာတစ်ခုလုံး ရှိနေသကဲ့သို့ ခံစားနေမိ၏။

မိုဝူကျိ၏ စိတ်စွမ်းအားက လောကထိပ်သီး အမှတ်အသားပြားဆီ ကျရောက်လာသည့်အခါ  ကျယ်ပြောမှုကို ခံစားမိလိုက်သည်။ လောက ထိပ်သီးအမှတ်အသားဟု ရေးထွင်းထားသော  စာတန်းလေး နှစ်တန်းလေးက  သူ့ရှေ့ရှိ ကျယ်ပြောလှသော စကြဝဠာကြီး၌  မျှောလွှင့်နေဟန် ပေါ်၏။

“ နတ်ဘုရားများ၏ တိုက်ပွဲ၊ ကြေကွဲ စကြဝဠာ”

ထို့နောက်  မိုဝူကျိက လောကထိပ်သီး အမှတ်အသားပြားမှ  နတ်ဘုရားမျှော်စင်၏ အနေအထားကို အာရုခံမိသွားသည်။ သူက နတ်ဘုရားမျှော်စင်တွင် အထပ်ပေါင်း  ၃၆ ထပ် ရှိပြီး လက်ရှိ သူက  ၃၅ ထပ်မြောက်တွင် ဖြစ်၏။

သူ့ခန့်မှန်းချက်မှာ  မှန်ကန်ပေ၏။  သူက နတ်ဘုရားမျှော်စင်၏ ထိပ်ဆုံးအထပ်သို့ ဦးဆုံး ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။

မိုဝူကျိက  ၃၅ ထပ်မြောက်ရှိ လှေကားမှာလည်း အောက်ဘက်သို့ ဦးတည်သွားမည် ဖြစ်ကြောင်းနှင့်  စွမ်းအင် စုစည်းရေး အစီအရင်မှာလည်း  လှေကားအဝင်ဝ အနားတွင် ရှိလိမ့်မည်မှန်း  မှန်းဆမိလိုက်သည်။

“ တာ့ဟွမ်  ….  စွမ်းအင် စုစည်းရေး အစီအရင်အပြင်ဘက်ကနေ လှေကားကို ကြည့်နေ … လှေကားအလင်းက မှိန်လာပြီဆိုရင်  ငါ့ကို လာအကြောင်းကြားပေးနော် ” မိုဝူကျိက  ပြောပြီးပြီးချင်း စွမ်းအင် စုစည်းရေး အစီအရင်ထဲ ဝင်ကာ စတင် ကျင့်ကြံလိုက်တော့သည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Onde histórias criam vida. Descubra agora