အခန်း (528)

1K 195 0
                                    

လူသားသစ္စာ ၃၈
အခန်း   (၅၂၈) :   ဖယ်စမ်း

ချန်းကျူရှန် စကားကို ကြားသောအခါ ကွေ့ယီက မြန်မြန် ဝင်ပြောလိုက်သည်

“ အင်မော်တယ်ရောင်းရင်းချန်း  ... ယုံရင်အင်မော်တယ်နယ်မြေရဲ့ ဝေစုက ကျုပ်ဆီ ပေးမှာဆို ... ”

သို့သော်လည်း ချန်းကျူရှန်က ကွေ့ယီ စကားကို ဖြတ်ပြောလိုက်သည်

“  ငါပြောတာက အင်မော်တယ်နယ်မြေ တစ်ခုစီတိုင်းရဲ့ အားအကောင်းဆုံး သူကို ပေးမယ်လို့ ပြောတာလေ။ မင်းက အင်မော်တယ်ရောင်းရင်းမိုထက် အားကောင်းတယ် ထင်နေတာလား ”

နောက်ဆုံးစကားက ကွေ့ယီ၏ အမူအယာကို ပို၍ ဆိုးရွားသွားစေသည်။ သူက မိုဝူကျီ မည်သူမှန်း မသိထားသော်လည်း ဟွမ်းရှုရန်နှင့် ချန်းကျူရှန်တို့ နှစ်ယောက်လုံး ဤလူကို ကြောက်ကြသည့်အတွက် သူက အဘယ်ကြောင့်  ရင်ဆိုင်တွေ့ရမည်နည်း။

“ လော့ကျမ်းစာရွက် ခုနှစ်ရွက်က ဘာတွေလဲ ”

မိုဝူကျီက မနားလည်စွာ မေးလိုက်သည်။ သူက  မုရုန်ရှန်းယွီကို လူအုပ်ကြီးလိုက် ဝိုင်းတိုက်နေသည့်အချိန်မှ ရောက်လာခြင်း ဖြစ်ရာ  မူရုန်ရှန်းယွီကို လိုက်ရန် ကြိုးစားနေသော ဂူကျိကျန်းပင် ပါနေသေး၏။ မုရုန်ရှန်းယွီအတွက်   ဤသို့မျိုး အဘယ်ကြောင့်  ဒေါသထွက်နေသည်ကို သူက ကောင်းကောင်း  မသိပေ။

မိုဝူကျီ၏ မုရုန်ရှန်းယွီအပေါ် နားလည်မှုအရ ဤအမျိုးသမီးမှာ သူမ  ကျင့်ကြံခြင်းတာအိုနှင့် ပတ်သတ်လာလျှင် ကျန်သည့် ကိစ္စများကို အရေးမစိုက်ပေ။ သို့သော်  အကြောင်းတရားမရှိဘဲ သူမအနေဖြင့် ထိုမျှ လူအများကြီးကို တစ်ကြိမ်တည်း  ရန်စမိမည် မဟုတ်ပေ။

မိုဝူကျီက လော့ကျမ်းစာရွက်အကြောင်း မသိသည်ကို မြင်၍  ချန်းကျူရှန်က  ရယ်မောနေသော်လည်း  သူ့စိတ်ထဲ၌   မကျေမနပ် ဖြစ်နေမိသည်။ တစ်ချိန်တည်းတွင် သူက မိုဝူကျီ အဘယ်ကြောင့် တည်ငြိမ်နေကြောင်း နားလည်သွားပေ၏။ သူက ရှင်းပြတော့မည့်ဆဲဆဲတွင် ခပ်ကြမ်းကြမ်း အသံတစ်သံ ထွက်ပေါ်လာကာ 

“ မင်းက မိုဝူကျီလား  .... ငါရဲ့  ဆရာတူ ညီလေး ပိုင်ချီထျန်းနဲ့ သဘာဝ ချိတ်ပိတ်ဂူ တစ်ခုကို တွေ့ပြီး အားလုံး တစ်ယောက်တည်း ယူသွားတဲ့ သူ လား ”

လူသားသစ္စာ [BOOK 5 ( 501-700) ]حيث تعيش القصص. اكتشف الآن