အခန်း (514) Book 37 End

1K 192 9
                                    

လူသားသစ္စာ ၃၇ ပြီးပါပြီနော်
အခန်း(၅၁၄) : သူက ရူးနေတာလား

"အစ်ကိုယန်း ... ရှင် ..."ရှန်းမူချင်က မိုဝူကျီ ထွက်လာသည်ကို မြင်သောအခါ တအံ့တဩ ရေရွတ်လိုက်သည်။

ယန်းလဲ့က တံခါးပိတ် ကျင့်ကြံနေတာ မဟုတ်ဘူးလား ... သူက ဆံပင်ဘုတ်သိုက်နှင့် အဘယ်ကြောင့် စုတ်ပြတ် နေရတာလဲ ...

သူ့ မျက်နှာတွင် ဖုန်မှုန့်များ အပြည့်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ပေါ်၌ ဆေးအညစ်အကြေး တချို့ ရှိနေသေး၏။

တုံ့ဟွားလုံက မြန်မြန် ရှင်းပြလိုက်သည်

"အစ်ကိုကြီး ... မိန်းကလေးရှန်းရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ကျုပ်တော့ အသတ်ခံ နေရလောက်ပြီ"

မိုဝူကျီက ခေါင်းညိတ်ကာ သူ့ကိုသူ တည်ငြိမ်အောင် နေလိုက်ပြီးနောက် လက်နှစ်ဖက် ယှက်ကာ ရှန်းမူချင်ကို ကျေးဇူးတင်လိုက်သည်

"မိန်းကလေးရှန်းကို သူ့အသက် ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ် မိုဝူကျီက ဒီကျေးဇူးကြွေးကို အမြဲမှတ်ထားပါ့မယ်"

"မိုဝူကျီလား"ရှန်းမူချင်က မိုဝူကျီကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

သူက ယန်းယဲ့ မဟုတ်ဘူးလား ...

မိုဝူကျီက ရှန်းမူချင်၏ ကျေးဇူးတရားကို လက်ခံမည် ဆုံးဖြတ်ထားသောကြောင့် သူ့ပုံစံအမှန်ကို ဖုံးကွယ် မနေတော့ပေ

"ကျုပ်နာမည်က မိုဝူကျီပါ။ ကျုပ် အခု ယန်းယဲ့ ဖြစ်နေတာက ယန်းယဲ့က သူ မသေခင် အကူအညီ တောင်းခဲ့လို့ပဲ။ အခု ကျုပ်က သူတောင်းဆိုတာ လုပ်ပေး ပြီးသွားပြီဆိုတော့ ကိုယ်ပိုင်နာမည်နဲ့ နဂိုအခြေအနေ ပြန်သွားရမယ်လေ "

မိုဝူကျီ မပြောလိုက်သည့် နောက်တစ်ချက်မှာ သူ့လက်ရှိ အနေအထားနှင့် အဆင့်အတန်းကို ဖြစ်၏။ သာမန်လူများက သူ့အား ထိရဲမည် မဟုတ်သောကြောင့် သူ့ဇာစ်မြစ်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ပေ။

ရှင်းမူချန် အနေဖြင့် မိုဝူကျီက မုရုန်ရှန်းယွီနှင့် ဂူကျိကျန်းတို့ ရင်းနှီးနေသည့် ဆက်ဆံရေးကို သိရက်နှင့် အေးဆေးနေသည့် အချက်ကို နားလည် သွားပေသည်။ သူက အကြံပင် ပေးလိုက်သေး၏။ သူတို့နှစ်ယောက်မှာ ဘယ်တုန်းကမှ မပတ်သက်ဖူးသောကြောင့် ဖြစ်သည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Hikayelerin yaşadığı yer. Şimdi keşfedin