အခန်း (632)

1K 171 7
                                    

46.6

အခန်း  (၆၃၂)  :  လျှပ်စီးဂိုဏ်းမှ လူများနှင့် ကတောက်ကဆ

ယွမ်ယီ သေဆုံးသွားသည့်အခါ စုရှီက စတင်၍ ကုန်းအော်ကာ ငိုကြွေးတော့သည်။ သူမ မှတ်မိစဉ်ကတည်းမှ အမြဲတမ်း ဆရာနှင့်အတူတူ ရှိခဲ့ခြင်း ဖြစ်ရာ  သူတို့ လုပ်သည့်အရာမှာလည်း ကျင့်ကြံခြင်းသာ ဖြစ်၏။ အကယ်၍ သူမဆရာသာ တရားသူတော်စင်ကျောင်း၏ အမွေအနှစ်ရတနာ ပေါ်လာမည် ဖြစ်ကြောင်း ကောက်ချက်မချမိခဲ့လျှင် တရားသူတော်စင်ကျောင်းမှ ထွက်လာကြမည် မဟုတ်ပေ။

သူမဆရာနှင့် ရှိနေစဉ် ဘဝက မည်မျှ သာယာဖွယ် ကောင်းကြောင်း သတိပြုမိလိုက်၏။ သူမတွင် စိုးရိမ်စရာ ဘာမှ မရှိဘဲ  သူမအနေနှင့် လုပ်ဖို့ လိုအပ်သည်မှာ ကြိုးကြိုးစားစားဖြင့် ကျင့်ကြံရုံသာ ဖြစ်၏။ သို့သော် သူမ ဆရာ သေဆုံးသွားပြီ ဖြစ်ရာ အင်မော်တယ်လောကကြီးမှာ ကျယ်ပြောသော်လည်း သူမအနေဖြင့်  ဘယ်ဆက်သွားရမှန်း မသိတော့ချေ။

မိုဝူကျိက  အော်ကာ ငိုကြွေးနေသော စုရှီကို ဂရုမစိုက်ဘဲ ချီကျွင်းယီကိုသာ စိုက်ကြည့်လိုက်သည်။

ချီကျွင်းယီက ဒဏ်ရာအပြင်းအထန် ရနေဟန် ပေါ်သော်လည်း ယွမ်ယီထက် အခြေအနေ ကောင်းပေသည်။ သို့သော် မိုဝူကျိ၏ စိတ်စွမ်းအားက ချီကျွင်းယီ ခန္ဓာပေါ် ကျရောက်သွားသည့်အခါ သူ့အနေဖြင့် ယွမ်ယီ၏ စွမ်းဆောင်ရည်ကို အထင်သေးမိသွားကြောင်း  ချက်ချင်း  သတိပြုမိလိုက်၏။

ချီကျွင်းယီမှာ ယွမ်ယီထက် မနည်းပါးပေ။ သူ့ဒဏ်ရာများကို ဖိနှိပ်ထားရန် ထိပ်တန်း ကုသဆေးလုံးများကို သောက်သုံးထား၍ ဖြစ်၏။

မိုဝူကျိ၏ စိတ်စွမ်းအားက ယွမ်ယီ အလောင်းဆီ ရောက်ရှိသွား၏။ ယွမ်ယီခန္ဓာပေါ်မှ သေစေလောက်သည့် စွမ်းအားကို မြင်လိုက်ရသည့်အခါ နားလည်သွားတော့သည်။

ယွမ်ယီနှင့် ချီကျွင်းယီတို့ တိုက်ပွဲဖြစ်သည့်အချိန် ချီကျွင်းယီမှာ ယွမ်ယီအတွက် ပြိုင်ဖက် မဟုတ်ပေ။ နှစ်ဖက်လုံးက တစ်ယောက်နှင့် တစ်ယောက် ဒဏ်ရာရစေခဲ့ရာ  ချီကျွင်းယီ၏ ဒဏ်ရာများက ပို၍ ပြင်းထန်ပေ၏။ မမျှော်လင့်ထားသည့်အရာသာ မဖြစ်ခဲ့လျှင် ယွမ်ယီက ချီကျွင်းယီကို အနိုင်ယူကာ  ချီကျွင်းယီ၏ မီးစာကို ယူသွားနိုင်လိမ့်မည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]حيث تعيش القصص. اكتشف الآن