အခန်း (၅၈၃) : ဂြိုလ်ကို ကာကွယ်ပေးနေသူ
မိုဝူကျီက ဟုန်ကွမ်း၏ သိုလှောင်လက်စွပ်ကိုပင် မစစ်ဆေးရသေးပေ။ လျှမ်းလျှမ်းတောက် အပူစွမ်းအင်ကို ခံစားမိ၍ မကြာခင် ဧရာမ မီးတောက် ဂြိုလ်တစ်လုံးကို ရှာတွေ့တော့မည် ဖြစ်ကြောင်း သိ၏။
ကမ္ဘာမြေတွင် ရှိနေစဉ် မီးတောက် (မားစ်) ဂြိုလ်နှင့် နှိုင်းယှဉ်လျှင် ဤဂြိုလ်မှာ အစစ်အမှန် မီးလုံးကြီး ဖြစ်၏။ မီးတောက်များနှင့် ဖုံးလွှမ်းနေရုံသာမက အင်မတန်လည်း ကြီးမားပေသည်။ မိုဝူကျီ၏ စွမ်းအားနှင့်ပင် အလွယ်တကူ ချည်းကပ် မသွားနိုင်ပေ။
သူက မီဟုန်ကွမ်းကို စောစောစီးစိး သတ်လိုက်မိ၏။ သူက ကောင်းကင်ကျီးဂြိုလ်ကို မွမ်းမံလျှင်ပင် ဤသို့ ကြောက်မက်ဖွယ် မီးလုံးကြီးထဲ ဝင်ရန် လုံလောက်မည် မဟုတ်ပေ။
သူ့ကျင့်ကြံဆင့် ပြန်ရလာပြီး ပညာရှင်နှလုံးသားနှင့် လွှမ်းခြုံထားလျှင်ပင် သူ့အတွက် ဤဂြိုလ်သို့ ဝင်ရန် အနည်းငယ် ခက်ခဲနေပေဦးမည်။ လော့ကျမ်းစာရွက်ကို ထုတ်မသုံးသရွေ့ ဤဂြိုလ်သို့ ဝင်ကာ မီးဓာတ် သဘာဝ အမြုတေကို ရရှိဖို့ရာ မဖြစ်နိုင်ချေ။
လော့ကျမ်းစာရွက်ကို မွမ်းမံလိုက်ပြီး သူ့ကျင့်ကြံဆင့်ကို ပြန်လည် ရရှိလာရန်က မိုဝူကျီအတွက် မခက်ခဲပေ။ သူ့အဓိကပြဿနာမှာ သူက ဤဂြိုလ်ကို ပိုကြည့်လေလ ပို၍ ထူးဆန်းလာလေလေ ဖြစ်၏။ သူက ရင်းနှီးမှု အရိပ်အယောင်ကို ခံစားမိနေသည်။
ဤမီးလုံး ဂြိုလ်က အဘယ်ကြောင့် ရင်းနှီးသည့် ခံစားချက် ပေးစွမ်းနေသနည်း။ တစ်ခုတည်းသော အဖြေမှာ နေလုံးသာ ဖြစ်၏။
သူက ကမ္ဘာမြေတွင် နှစ်များစွာ နေထိုင်လာသည့်အတွက် ကမ္ဘာမြေ၌ အသက်ဘဝများ ရှင်သန်ကြီးထွားလာရသည့် အကြောင်းအရင်းမှာ နေနှင့်လည်း တစိတ်တပိုင်း ဆက်နွယ်မှု ရှိနေသည်။
မိုဝူကျီ၏ စိတ်ထဲ လေးလံမိသွားသည်။ တိုက်ဆိုင်မှု တစ်ခုတော့ မဖြစ်နိုင်လောက်ချေ။ သူက နဂါးငွေ့တန်းထဲ ရောက်ရှိနေသည်ဆိုလျှင်ပင် တိုက်ဆိုင်လွန်းနေပြီ ဖြစ်၏။ နေနှင့် တွေ့ဆုံခြင်းမှာ တိုက်ဆိုင်ခြင်းတစ်ခုမှ တိုက်ဆိုင်ခြင်းတစ်ခုမျှသာ ဖြစ်လိမ့်မည်။ နဂါးငွေ့တန်းထဲ၌ နေကဲ့သို့ ကြယ်တာရာများစွာ ရှိနေသည့်အတွက် ရေတွက်ကြည့်လို့ပင် မရပေ။
KAMU SEDANG MEMBACA
လူသားသစ္စာ [BOOK 5 ( 501-700) ]
Pertualangansequel of Book 4 Author - Goosefive