အခန်း (၅၀၄) : ထိပ်ဆုံး ပါရမီရှင်
တုံ့ဟွားလုံက မြစ်ပြင် အင်မော်တယ် တည်းခိုဆောင်၌ အခန်းလွတ်တစ်ခန်းသာ ကျန်တော့ကြောင်း လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူက မိုဝူကျီကို အခန်းတစ်ခန်း ရနိုင်ရန် စီစဉ်ပေးထားခဲ့သည်။
မိုဝူကျီက သူ့အခန်းကို အတော်လေး ကျေနပ်မိနေသည်။ ဧည့်ခန်းကျယ် တစ်ခု ပါရှိပြီး အခန်းပို တစ်ခန်းနှင့်အတူ ကျင့်ကြံခန်း တစ်ခန်းလည်း ပါရှိ၏။ ဈေးနှုန်းမှာ အတော်လေး မြင့်မားသော်လည်း အခန်းက အတော်လေး ကျယ်ပေသည်။
ထိုစဉ် မိုဝူကျီက တုံ့ဟွားလုံကို ဝန်ဆောင်ခအဖြစ် အဆင့်မြင့် အင်မော်တယ်ကျောက် ငါးရာ ပေးဖို့သာ လိုအပ်ပြီး ထိုအခါ သူတို့ အပေးအယူမှာ အဆုံးသတ်သွားလိမ့်မည်။
သို့သော်လည်း မိုဝူကျီက တုံ့ဟွားလုံကို အင်မော်တယ်ကျောက် ချက်ချင်း မပေးသေးဘဲ မေးလိုက်သည်
“ တာအိုရောင်းရင်းတုံ့ .... အဆင့်နိမ့် အင်မော်တယ်ကျောက် လိုချင်လား ဒါမှမဟုတ် အဆင့်မြင့် အင်မော်တယ်ကျောက် လိုချင်လား ”
တုံ့ဟွားလုံက မိုဝူကျီ စကားများ ကြားသောအခါ သူ့စိတ်ထဲ၌ အနည်းငယ် စိတ်ပျက်မိသွားသည်။ မည်သူမဆို အဆင့်မြင့် အင်မော်တယ်ကျောက်များ အလိုရှိကြမည် ဖြစ်သော်လည်း မိုဝူကျီက မေးလိုက်သောကြောင့် မိုဝူကျီက သူ့အား အဆင့်နိမ့် အင်မော်တယ်ကျောက် ပေးလိုကြောင်း သိလိုက်သည်။
သို့သော် သူက ဝါးစိမ်း အင်မော်တယ်သေရည်အကြောင်း တွေးမိလိုက်သောအခါ တုံ့ဟွားလုံက မြန်မြန် ပြောလိုက်သည်
“ အဆင့်နိမ့် အင်မော်တယ်ကျောက်ဆို ရပါပြီဗျ ”
ဤလူတွင် ပေါင်းသင်းဆက်ဆံရေး အရည်အချင်းတချို့ ရှိပေရာ မိုဝူကျီက သိုလှောင်လက်စွပ်တစ်ကွင်း တုံ့ဟွားလုံဆီ ပေးလိုက်ရင်း
“ ဒါက မင်းအတွက် ”
သိုလှောင်လက်စွပ်လား .....
သူက ဝမ်းသာအားရ လက်ခံလိုက်လေသည်။ အနည်းဆုံးတော့ ဤလက်စွပ်မှာ အဆင့်မြင့် အင်မော်တယ်ကျောက်တချို့ တန်ပေသည်။