အခန်း (၅၃၂) : ယုံရင်အကျဉ်းထောင်၏ မူလဇစ်မြစ်
မိုဝူကျီ၏ အကူအညီကြောင့် ထိုကျင့်ကြံသူ၏ ကမ္ဘာဦး စိတ်ဝိညာဉ် ပြိုကွဲနေမှုမှာ ရပ်တန့်သွားပြီး သူ့အသက်ဓာတ် လျော့ပါးခြင်းလည်း ရပ်တန့်သွားပေသည်။ ထိုအခါမှ မိုဝူကျီက သူ့ကို ခန်းမထဲ ဆွဲသွင်းလိုက်သည်။
ခဏအကြာတွင် အပြင်ဘက်ရှိ မြူများက တစ်ဖန် ထူထပ်လာပြန်သည်။
“ ကျုပ် အသက်ဆက်ရှင်နေတာလား ” ကျင့်ကြံသူက ဘေးပတ်လည်ကို မယုံနိုင်ဖွယ် ကြည့်ကာ ရေရွတ်လိုက်သည်။ သိပ်မကြာခင် သူ့ခန္ဓာကိုယ်အခြေအနေ မည်မျှ ဆိုးရွားနေကြောင်း သတိပြုမိသွားသည်။
မိုဝူကျီက အဆင့် ၅ ဆေးလံးတချို့ ထုတ်ယူကာ ကျင့်ကြံသူအား တိုက်လိုက်သည်
“ ကျုပ်သာ မကယ်ရင် ခင်ဗျား သေနေလောက်ပြီ။ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ပြောပြနိုင်မလား ”
နောက်ဆုံးတွင် တည်ငြိမ်လာသည့် ကျင့်ကြံသူက မိုဝူကျီနှင့် သူ့ဘေးနားမှ တခြားကျင့်ကြံသူများကို ကြည့်ကာ အသက်ဝဝရှုကာ ပြောပြလိုက်သည်
“ ဒီနားလေးမှာ ရွှေရောင်အလင်းတွေ ထုတ်လွှင့်နေတဲ့ ရွေရောင် အိမ်ကြီး ရှိတယ်။ အဲဒီထဲမှ ထိပ်တန်းအဆင့် ဆေးလုံတွေ၊ မှော်ရတနာတွေ ၊ ကျင့်စဉ်တွေနဲ့ ပြည့်နေတာ .... ”
ဤနေရာအထိ ပြောပြပြီးနောက် ထိုကျင့်ကြံသူက ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ မိုဝူကျီက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိ၍ သူ ဘာမှ မလုပ်နိုင်ခင် ထိုကျင့်ကြံသူက မြေပြင်ပေါ် လဲကျသွားရင်း မျက်လုံးထောင့်မှ သွေးများ စီးကျလာကာ အမူအယာ ကင်းမဲ့သွားပြီး သေဆုံးသွားတော့သည်။
မိုဝူကျီက လက်ကို မြှောက်ကာ ထိုကျင့်ကြံသူကို ပြာအဖြစ် လောင်ကျွမ်းစေလိုက်သည်။ မိုဝူကျီက သူ မြင်လိုက်ရသည်မှာ ထိုသူ၏ ဆက်တိုက် ကုန်ခမ်းနေသော အသက်ဓာတ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်သာ ဖြစ်သည့်အတွက် ထိုတာအိုစွမ်းအားကို အတော်လေး အံ့အားသင့်မိသွားသည်။ သူ သတိမပြုမိလိုက်သည်မှာ ထိုလူမှာ အဆိပ်မိနေခြင်း ဖြစ်၏။ ထိုကျင့်ကြံသူကို ထိလိုက်စဉ် မိုဝူကျီက ထိုသူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကိုသာ တည်ငြိမ်လာအောင် လုပ်ခဲ့မိပေသည်။ သူ့အဆိပ်ဖြေလမ်းကြောင်းမှာ တုံ့ပြန်မှု မရှိသည့်အတွက် ထိုကျင့်ကြံသူက အဆိပ်မိနေလိမ့်မည်ဟု မထင်ခဲ့ခြင်း ဖြစ်သည်။