အခန်း (၅၄၁) : ဝမ်လျန်ရှီး
ယုံရင်အင်မော်တယ်နယ်မြေ၏ ကူးသန်းရေး အစီအရင်အများစုကို ယုံရင်အင်မော်တယ်မြို့အပြင်ဘက်၌ တည်ဆောက်ထားပေသည်။ မိုဝူကျီနှင့်လင်းဂူတို့ ကူးသန်းရေး အစီအရင်မှ ထွက်လာသည်နှင့် ယုံရင်အင်မော်တယ်နယ်မြေ အပြင်ဘက်၌ လူများစည်ကားနေကြောင်း တွေ့လိုက်ရသည်။
သူ ပထမဆုံး စူးခရာအင်မော်တယ်မြို့ဟောင်း ရောက်ရှိလာစဉ် မိုဝူကျီက စူးခရာအင်မော်တယ်မြို့ဟောင်းမှာ သူ မြင်ဖူးသမျှထဲ လူအရှုပ်ဆုံး ကျင့်ကြံခြင်းမြို့ဟု ထင်မှတ်မိခဲ့သည်။ ယခုအခါ ယုံရင်အင်မော်တယ်မြို့ အပြင်ဘက်ရှိ လူအုပ်မှာလည်း စူးခရာအင်မော်တယ်မြို့ဟောင်းထက် မလျာ့ပါးပေ။ မိုဝူကျီက ထိုအရာမှာ ဆေးပညာပြိုင်ပွဲကြောင့် ဖြစ်မည်မှန်း ကောင်းကောင်း သိထား၏။ ပြိုင်ပွဲအဆုံးသတ်သွားသည့်အခါ ယုံရင်အင်မော်တယ်မြို့ရှိ လူအရေအတွက်မှာ လျော့နည်းသွားလိမ့်မည်။ ယုံရင်အင်မော်တယ်မြို့နှင့် စူးခရာအင်မော်တယ်မြို့ဟောင်းကြားရှိ ကွာခြားချက်မှာ စူးခရာအင်မော်တယ်မြို့ဟောင်းမှာ အမြဲတမ်း လူရှုပ်နေလေ၏။
နောက်ထပ် ခြားနားချက်တစ်ခုမှာ မိုဝူကျီက ယုံရင်အင်မော်တယ်မြို့ အပြင်ဘက်၌သာ ရှိနေသေးသော်လည်း ဤမြို့မှ အင်ပါယာအငွေ့အသက်များ ခံစားမိနေပြီ ဖြစ်၏။ ယုံရင်အင်မော်တယ်မြို့မှာ စူးခရာအင်မော်တယ်မြို့ဟောင်းထက် ပို၍ ကြီးကျယ်ခမ်းနားပေသည်။
နေရာ၌ ပြင်းထန်သော စွမ်းအားလှိုင်းများ ထုတ်လွှတ်နေပြီး မီးရောင်များအောက်တွင် မိုးထိမတတ် ရှိနေသော ကျောက်စိမ်းတိုင်များက ကြီးကျယ်လွန်းပေသည်။ ပုံမှန်အားဖြင့် သာမာန် ကျင့်ကြံခြင်းမြို့တွင်ပင် အဝင်ဝ၌ အများဆုံး အစောင့်နှစ်ယောက်လောက် ရှိတတ်ကြသော်လည်း ယုံရင်အင်မော်တယ်မြို့၏ အဝင်ဝ၌မူ အင်မော်တယ်အစောင့် နှစ်တန်း ရှိနေသည်။ သူတို့အားလုံးမှာ တူညီသည့် အဝတ်အစား၊ လက်နက်တူများ ကိုင်ဆောင်ထားကြပြီး ဟိတ်ဟန်ကြီးသည့်ပုံ ပေါက်နေသည်။
မိုဝူကျီနှင့် လင်းဂူတို့ အင်မော်တယ်မြို့ထဲ ဝင်လာသည့်အခါ အပြင်ဘက်ထက်စာလျှင် အထဲ၌ လူပိုများနေသေ၏။ ဤသို့မျိုး ရှုပ်ယှက်ခတ်နေသော နေရာမျိုး၌ နေထိုင်ရန် ကိစ္စမှာ ရှာဖွေဖိုရာ အလွန်ခက်ခဲလှပေ၏။