အခန်း (558)

985 190 4
                                    

အခန်း (၅၅၈)

ယွင်ရှန့်တောင်ကြားကို ဝင်နိုင်သည့် ကျောက်စိမ်းပြားမှ အလင်းမှ ဖြာမထွက်လာခင် မိုဝူကျီက သဘာဝ အတားအဆီးထဲမှ ပစ္စည်းကောင်းများအားလုံးကို အရ ယူနိုင်ခဲ့သည်။ မိုဝူကျီက အဆင့် ၇ နှင့် အဆင့် ၈ ဆေးပင်တချို့ကို ထုတ်ကာ သူ့သိုလှောင်လက်စွပ်ထဲ ပြောင်းထည့်လိုက်ပြီး ကျန်သည့်အရာအားလုံးကို ထာဝရ ကမ္ဘာထဲ ထားထားလိုက်သည်။

ကူးပြောင်းရေး အစီအရင် အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် မိုဝူကျီကို အလင်းများ လွှမ်းခြုံသွားပြီး ယွင်ရှန့်တောင်ကြားမှ ထွက်သွားရလေ၏။

မိုဝူကျီ ခြေထောက်က  မြေပြင်နှင့် ထိလိုက်သည့်အခါ  ဝင်လာသည့်နေရာကို ပြန်ရောက်နေမှန်း သတိပြုမိလိုက်သည်။ စီးပွားရေး သမားများက ထွက်လာမည့် ကျင့်ကြံသူများကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။  အများစုက ယွင်ရှန့်တောင်ကြားမှ ထွက်လာသော ကျင့်ကြံသူများ ရရှိလာသည့် အရာများမှာ သူတို့တစ်ဦးတည်းအပိုင် မဟုတ်ကြောင်း သိထားကြသော်လည်း စီးပွားရေးသမားများက အကောင်းဆုံးကို တွေး၍ မျှော်လင့်နေကြသေး၏။

အင်မော်တယ်လောကရှိ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ သူတို့ ရှင်သန်ကြီးထွားသည်ထက် သုံးစွဲခြင်းက ပိုမို မြန်ဆန်နေသောကြောင့် ကျင့်ကြံသူများက အဆင့်မြင့် ဆေးပင်များကို မြင်တွေ့ခြင်းမှာ  ယခင်ကထက် ပိုမို နည်းလာလေ၏။ သူတို့အနေနှင့် အဆင့် ၇ အင်မော်တယ်ဆေးပင်နှင့်အထက် ရှာတွေ့နိုင်လျှင် ထိုအရာများက လူများစိုက်ပျိုးထားခြင်းသာ ဖြစ်လိမ့်မည်။ ယွင်ရှန့်တောင်ကြားကဲ့သို့ သဘာဝ နေရာကဲ့သို့  နေရာမှာ  နှစ်ထောင်ချီမှ တစ်ခါဖွင့်ခြင်း ဖြစ်၏။

တချို့သော ကျင့်ကြံသူများက သူတို့အင်မော်တယ်ဆေးပင်များကို ထုတ်ကာ ရောင်းချကြသော်လည်း မိုဝူကျီက ထိုသို့လုပ်ရန် ဆန္ဒမရှိပေ။ မိုဝူကျီက တစ်ချက်တည်း ကြည့်လိုက်ရုံဖြင့်  လင်းဂူကို မြင်တွေ့လိုက်ရသည်။

လက်ရှိတွင် လင်းဂူလည်း မိုဝူကျီကို တွေ့၍ အမြန် ရောက်ရှိလာသည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now