အခန်း (681)

890 152 6
                                    

လူသားသစ္စာ ၄၉

အခန်း (၆၈၁)  : အတိတ်မှ လူတစ်ယောက်နှင့် ပြန်တွေ့ဆုံခြင်း

ယန်ယွဲ့ရုန်က  သူမ အလိုက်ခံခဲ့ရသည့် အကြိမ်များကို ပြန်တွေးမိလိုက်ရင်း ငြိမ်ကျသွားသည်။ ဖြောင့်မတ်သော သဘောထားရှိသည့် အင်မော်တယ်များအပေါ် ယုံကြည်မှုမှာ ဖြည်းဖြည်းချင်း လျော့ကျလာမိ၏။

ယန်ယွဲ့ရုန်၏ မပျော်ရွင်မှုကို ခံစားမိသည့်  ရှောင်ရှောင်ယုက ကျောက်စိမ်းပုလင်းကို လူလတ်အရွယ် အမျိုးသားဆီ ပေးလိုက်၏  “ ခေါင်းဆောင် … ဒီဟာက တာ့ဟွမ် ရလာတဲ့ အင်မော်တယ်ဘုရင်ဆေးလုံးပါ ။ မမလေးကို ပေးဖို့  ပြင်ထားတာပါ ”

မိုဝူကျိ ကိုယ်တိုင်ပင် အံ့ဩမိသွားသည်။ ရှောင်ရှောင်ယုက သူမ ကိုယ်တိုင် ဤဆေးလုံးကို အလောတကြီး လိုအပ်နေသော်လည်း  ယန်ယွဲ့ရုန်ဆီ ပေးချင်နေသေး၏။ အကယ်၍ မဟာလော့ရှန်း ထိပ်ဆုံးအဆင့် ရောက်နေသော တခြားသူသာ ဖြစ်နေလျှင် ဤသို့ ဆုံးဖြတ်ချက် ချရန် အလွန်ခက်ခဲပေလိမ့်မည်။

“ အင်မော်တယ် ဘုရင်ဆေးလုံးလား ” လူလတ်အရွယ် အမျိုးသားက ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်ပြီးနောက် တအံ့တဩ ရေရွတ်လိုက်သည်  “ တကယ်ကို ပြိုင်ဖက်ကင်းအဆင့် အင်မော်တယ်ဘုရင်ဆေးလုံးပဲ ။ ရှောင်ယု ဒီလို အဖိုးတန်တာကို ဘယ်လိုလုပ် ရလာတာလဲ ”

အင်မော်တယ်လောကရှိ အင်မော်တယ် ဘုရင်အသီးများ  ညိုးနွမ်းသွားမှုကြောင့် အင်မော်တယ် ဘုရင်ဆေးလုံး တန်ဖိုးမှာ  ပို၍ ဈေးကြီးလာပေ၏။ ထို့အပြင် ပြိုင်ဖက်ကင်းအဆင့် အင်မော်တယ် ဘုရင်ဆေးလုံးမှာ အဆင့် ၈ ဆေးလုံးဧကရာဇ်များသာ ဖော်စပ်နိုင်ကြခြင်း ဖြစ်ပေသည်။

ရှောင်ရှောင်ယုက မိုဝူကျိအား ညွှန်ပြကာ  “ တာ့ဟွမ်က အဲဒီဆေးလုံးကို တွေ့လာတာပါ ”

ထို့နောက် မိုဝူကျိ ပြောပြထားသော ဇာတ်ကြောင်းကို ပြန်ပြောပြလိုက်သည်။

ကောက်ယူခဲ့တာလား ….

လူလတ်အရွယ် အမျိုးသား၏ စိတ်စွမ်းအားမှာ ချက်ချင်းဆိုသလို မိုဝူကျိကို လွှမ်းခြုံသွားလေ၏။ အင်မော်တယ်ဘုရင်ဆေးလုံးမှာ ကြုံရာကျပန်း တွေ့ကာ ကောက်ယူလို့ ရသည့် ဆေးလုံး ဖြစ်ကြောင်း မယုံနိုင်ပေ။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now