အခန်း (697)

848 132 0
                                    


လူသားသစ္စာ 51

အခန်း   (၆၉၇)  :  ဓားစွမ်းအင်မြစ်မှ ရေသယ်ခြင်း

“ တကယ်ကြီး သစ်သားပုံးနဲ့ ခပ်ကြတာလား  ” မိုဝူကျိက ဝေကျီတောက်အား  ရယ်မောရင်း ပြောလိုက်သည်။

ဝေကျီတောက်က ပြန်ဖြေလိုက်လေ၏  “ ဓားစွမ်းအင် မြစ်ရေကို သစ်သားပုံးနဲ့ပဲ ခပ်လို့ ရတာလေ။ မှော်ရတနာ ပစ္စည်းတွေဆိုရင် ဓားစွမ်းအင်ကြောင့် ချက်ချင်း ပျက်စီးသွားလိမ့်မယ် …. ”

သူ့အယူအဆကား မှန်ကန်ပေ၏။ ဖန်းဟုန်နှင့် ရှန့်ဟဲကောင်းတို့က ဓားစွမ်းအင်မြစ်မှ ရေကို ခပ်ဖို့ရာ အချိန်အတော်ကြာ ကြိုးစားပြီးနောက် နောက်ဆုံးတွင် လှည့်ကွက်မှာ သစ်သားပုံးကို သုံးဖို့ရာ ဖြစ်ကြောင်း တွေ့ရှိလိုက်ကြသည်။

ဝေကျီတောက်က ပျက်စီးယိုယွင်းမှုကို  တိုးလာစေသော ဓားစွမ်းအင်များကြောင့်  ခြေလှမ်းမြန်မြန် လျှောက်လှမ်းလိုက်တော့သည်။

လက်ရှိ ဓားစွမ်းအင်မှာ မိုဝူကျိအတွက် ခြိမ်းခြောက်မှု မဖြစ်သော်လည်း  ပုံမှန်ထက် အဆများစွာ အားကောင်းနေပေသည်။ သူ့အသိစိတ်ပင်လယ်အပေါ် သက်ရောက်မှု မရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ ဖြစ်စေသည်။

သူ့အသိစိတ်ပင်လယ်ကို မထိခိုက်မချင်း သူ့ဝိညာဉ်မှာ  အန္တရာယ် ကင်းကင်း ကျန်ရှိနေမည် ဖြစ်၏။ ဓားစွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော  ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတို့မှာ ရုပ်ခန္ဓာလေ့ကျင့်ထားသူ တစ်ယောက်အနေနှင့်  သက်ရောက်မှု မဖြစ်စေပေ။

မိုဝူကျိနှင့် ဝေကျီတောက်တို့က ရှန့်ဟဲကောင်းနှင့် ဖန်းဟုန်တို့နား ရောက်သွားသည့်အခါ ရှန့်ဟဲကောင်းနှင့် ဖန်းဟုန်တို့ဆီမှ သွေးများ စီးကျလာသည်။  ထို့နောက်  သူတို့နှစ်ယောက်လုံး မြစ်နားမှ အလျှင်အမြန် ထွက်လာကြသည်။

ဒဏ်ရာများမှာ အပေါ်ယံမျှ မဟုတ်ပေ။ အသားထဲအထိ စူးဝင်နေပြီး အရိုးများပင် ပေါ်နေစေ၏။ မိုဝူကျိက သူတို့၏ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကို မမြင်ရသော်လည်း ဒဏ်ရာအပြင်းအထန် ရသွားကြောင်း မှန်းဆမိလိုက်သည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now