အခန်း (၅၀၅) : ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့
“ ဂျုနီယာညီမလေး နိုက်ဟော် ... အခြေအနေ အတိအကျ ပြန် ပြောပြနိုင်မလား ”
နောက်ကျောတွင် ဓားအိမ်မဲ့ ဓားတစ်ချောင်းကို လွယ်ထားပြီး ထက်ရှသည့် ဓားပမာ တည်ရှိနေသည့် အဝတ်နက်နှင့် အမျိုးသားက လက်နှစ်ဖက်ယှက်ကာ နိုက်ဟော်ကို ပြောလိုက်သည်။
အားလုံးက ဤအမျိုးသားကို သိကြပေသည်။ သူက လော့လင်အင်မော်တယ်နယ်မြေမှ မဟာဓားလမ်းစဉ်၏ ကြယ်ကိုးလုံး ပါရမီရှင် ဖန့်ရှီကျန်း ဖြစ်၏။ ပြောရမည်ဆိုလျှင် ဓားရေး တာအို၌ သူ့အောင်မြင်မှုမှာ အတော်လေး ပေါက်ရောက်နေပြီ ဖြစ်ရာ သူ့ဓားပေါ်လာသည်နှင့် လေထုတစ်ခုလုံး သူ့ဓားစွမ်းအားများဖြင့် အပြည့် ဖုံးလွှမ်းထားနိုင်သည်။ ထို့အပြင် ဤအမျိုးသားက သူ့ဘဝတစ်လျှောက်လံဒး ဓားရေး တာအို၌သာ မြှပ်နှံ့ရန် ဆုံးဖြတ်ထားလေ၏။ သူ့ဘဝတွင် ဓားမှ လွဲ၍ ကျန်အရာအားလုံးမျှ သာမည ဖြစ်ပေသည်။
အားလုံးက ဖန့်ရှီကျန်းကို ကြောက်ရွံ့ကြသည့် အချက်မှာ သူ ရွမ်ရှန်း နောက်ပိုင်းအဆင့်တွင် ရှိစဉ် မဟာယီရှန်းအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်ခဲ့သောကြောင့် ဖြစ်ပေ၏။
မဟာယီရှန်း အဆင့် ကျင့်ကြံသူအနေဖြင့် အားအနည်းဆုံး မဟာယီရှန်းအဆင့် ကျင့်ကြံသူကိုပင် ရွမ်ရှန်းအဆင့်ဖြင့် နှိုင်းယှဉ်ကြည့်၍ မရပေ။ အရည်အချင်းနှင့် အရေအတွက်ပါ ကွာခြားနေပေသည်။ မဟာယီရှန်းအဆင့် ရောက်သည်နှင့် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ပိုမို ကျယ်ပြန့်လာပြီး သူ့စွမ်းဆောင်ရည်မှာ အဆတစ်ရာလောက် တိုးပွားသွားလိမ့်မည်။ ပြောရမည်ဆိုလျှင် ရွမ်ရှန်းအဆင့် ကျင့်ကြံသူက မဟာယီရှန်းအဆင့်ကို သတ်နိုင်ဖို့ရာ မည်မျှ ခက်ခဲကြောင်း သေချာသိနိုင်ပေသည်။
သို့သော်လည်း ဖန့်ရှီကျန်းက လုပ်နိုင်ခဲ့၏။
ဖန့်ရှီကျန်းက ထိုမေးခွန်း မေးသောအခါ အားလုံးက နိုက်ဟော်ကို လှည့်ကြည့်လိုက်ကြသည်။ အားလုံးက ထိုစဉ်အချိန်အခါက အခြေအနေကို သိချင်နေကြသည်။