အခန်း (593)

945 182 6
                                    

လူသားသစ္စာ ၄၃

အခန်း  (၅၉၃)  :  ရွေရောင်ဦးချို ခရမ်းနဂါး

“ ဘာကိစ္စလဲ ” မိုဝူကျီက လို့ယန်ကို ကြည့်ကာ မရေမရာ ဖြစ်သွားသည်။  အကယ်၍ အရေးကြီးကိစ္စ ဖြစ်ပါက ဤနေရာတွင် ပြော၍ မဖြစ်ပေ။  သူက ဤနေရာရှိ အားလုံးကို သတ်ပစ်ရန် မရည်ရွယ်ထားပေ။ လို့ယန်က ငယ်ရွယ်သေးသော်လည်း  အခြေခံအရာများကို နားလည်သင့်ပေသည်။

“ ပုံရိပ်ယောင်တောင်က ရွေရောင်ဦးချို ခရမ်းနဂါး တစ်ကောင်ကို ဖမ်းမိထားပြီးတော့  ပုံရိပ်ယောင်တောင်ရဲ့ စိတ်ဝိညာဉ်အနှစ်သာရ ရေကန်ထဲမှာ ပိတ်ထားတယ် ” သူ့စကားအဆုံးတွင် လို့ယန်က စိုးရိမ်တကြီး ဒူးထောက်ကာ  “ အဲဒီရွှေရောင်ဦးချို ခရမ်းနဂါးက ကျတော်ရဲ့ ကျေးဇူးရှင်ပါ။ စီနီယာ ကျေးဇူးပြုပြီး ကူညီပေးပါဦး  ”

ရွှေရောင်ဦးချို ခရမ်းနဂါး တကယ်ရှိနေတာလား …..

မိုဝူကျီက အသက်ပြင်းပြင်း ရှုထုတ်လိုက်မိသည်။  သူက လို့ယန်၌  ရွေရောင်ဦးချို ခရမ်းနဂါး သွေး ပိုင်ဆိုင်သည့် အချက်ကို များများစားစား မတွေးမိခဲ့ပေ။  တစ်ခါတစ်ရံ၌ မျိုးရိုးဆက်ခံခြင်းမှာ  အလွန်ရှုပ်ထွေးတတ်ပေသည်။ လို့ယန်၏ ဘိုးဘေးများက  ရွှေရောင်ဦးချို  ခရမ်းနဂါး ဖြစ်ကာ သွေးဆက်က  မျိုးဆက်ကို ကျော်လွန်ပြီး အမွေဆက်ဆံရသည့် ကိစ္စမျိုး ရှိတတ်သည် မဟုတ်ပါလော။ မဟုတ်လျှင်  ကံကောင်းမှုကြောင့် ရွေရောင်ဦးချို ခရမ်းနဂါသွေးတချို့ကို ရရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ရွှေရောင်ဦးချို ခရမ်းနဂါးမှာ ရှေးဟောင်းနဂါးမျိုးဆက် ဖြစ်ပြီး အဖိုးမဖြတ်နိုင်ပေ။ သွေးတစ်စက်ကပင်  အင်မော်တယ် အုပ်စိုးသူများ အလိုရှိကြသည့် အဖိုးမဖြတ်နိုင်သည့် ရတနာ ဖြစ်နေသည် မဟုတ်ပါလော။

ရွှေရောင်ဦးချို ခရမ်းနဂါးနှင့် ရွှေရောင်ဦးချို ခရမ်းနဂါး သွေးဆက်ရှိနေခြင်း ကိစ္စများ လုံးဝ ကွဲပြားပေသည်။

“ အဲဒီရွေရောင်ဦးချို ခရမ်းနဂါးက ကျတော်ကို  နဂါးသရေ တစ်ပုလင်း ပေးထားတာ။ အဲဒါကို သုံးပြီး ကျင့်ကြံတာဆိုတော့  ကျတော်လည်း ရွေရောင်ဦးချို ခရမ်းနဂါးရဲ့ သွေးမျိုးဆက်ကို  ဆက်ခံသလို ဖြစ်သွားတာ … အဲဒါကြောင့် ကျတော်ကို ဖမ်းသွားကြတာ။ ကျတော်ကို ဖမ်းပြီးသွားတော့  အဲဒီနဂါးလေး နေရာကို အတင်းကျပ်မေးတယ်။  အဲဒီနောက်ကျ နဂါးလေးကို ဖမ်းလိုက်ကြတာ  …. ကျတော်ကြောင့် သူ့ကို ဖမ်းမိသွားကြတာပါ ” လို့ယန်က  တစ်ခါတည်း အကုန်ပြောလိုက်သည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Nơi câu chuyện tồn tại. Hãy khám phá bây giờ