အခန်း (662)

912 158 18
                                    

အခန်း  (၆၆၂)  :  အာကာပြင်ထဲ၌ အဝိုင်းခံရခြင်း

မိုဝူကျိ စိတ်ထဲ လေးလံမိသွားသည်။  သူက  အသက်တစ်ရှိုက်စာမှာ မည်မျှ အဖိုးတန်ကြောင်း အားလုံးထက် ပိုသိပေသည်။ သို့သော် ဤအခိုက်အတန့်၌ မဟာခွန်ဗုဒ္ဓဂိုဏ်း ကွမ်းနဉ်၏ တားဆီးမှုကို ခံလိုက်ရသည်။

“ ကွမ်းနဉ် …  ကျုပ် ဒီနေ့ မသေခဲ့ဘူးဆိုရင်  ခင်ဗျားရဲ့  မဟာခွန်ဗုဒ္ဓဂိုဏ်းနဲ့ ကျုပ်က  ကမ္ဘာ့ရန် ဖြစ်သွားလိမ့်မယ် …” မိုဝူကျိ လေသံမှာ အနည်းငယ် အေးစက်နေလေ၏။

“ မဟာခွန်ဗုဒ္ဓ မီးအိမ်ကိုသာ ထုတ်လိုက်ပါ …. ဒီကိုယ်တော်က ဒကာလေးကို လွတ်ပေးပါ့မယ် ” ကွမ်းနဉ်က  မိုဝူကျိ၏ ခြိမ်းခြောက်မှုကို မျက်လုံးထဲ မထည့်ဘဲ ပြောလိုက်သည်။

တာ့ဟွမ်က သဘာဝစွမ်းအားများကို စုစည်းလိုက်ပြီး  တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော်လည်း မိုဝူကျိက  တာ့ဟွမ်အား တားလိုက်သည်  “ တာ့ဟွမ် မလိုသေးဘူး .. ”

အကယ်၍ တာ့ဟွမ်၏ တိုက်ခိုက်မှုမှာ အသုံးဝင်နေလျှင် ယခု ဘာမှမပြောဘဲ တိုက်ခိုင်းလိုက်မည် ဖြစ်သော်လည်း ကွမ်းနဉ်က  ကျိုးကြေသွားလျှင်ပင် သူနှင့် တာ့ဟွမ်အား အချိန်ဆွဲထားဦးမည် ဖြစ်၏။

မိုဝူကျိ စကားအဆုံးတွင် သဘာဝစွမ်းအား သုံးခု ကျရောက်လာပြီး ကွမ်းနဉ် ဘေးတွင်  ပုံရိပ်သုံးရိပ် ပေါ်လာကာ မိုဝူကျိအား ဝိုင်းထားလိုက်၏။

မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ မဟာလော့ရှန်း အစောပိုင်းအဆင့်မျှသာ ဖြစ်သော်လည်း သူ့အတွေ့အကြုံနှင့် အသိဉာဏ်တို့မှာ မနိမ့်ကျပေ။ သူက ကျော့ဖျင်အန်းနှင့် အတူတူ တွဲလုပ်ဖူးသည့်အတွက် မဟာဧကရာဇ်၏ အရှိန်အဝါအား ကောင်းကောင်း သိပေသည်။

ထိုသုံးယောက် ရောက်လာသည့်အခါ  ထိုသုံးယောက်လုံးမှာ ဘုန်းကြီး ကွမ်းနဉ်ထက် ပိုအားကောင်းကြောင်း သိလိုက်သည်။ သူတို့အားလုံးမှာ မဟာဧကရာဇ်အဆင့်များ ဖြစ်ကြ၏။

“ မိုဝူကျိ ... ဒီနေ့ မင်းကို လွတ်ပေးလိုက်မိရင် ငါ ယီမင်ရှုက မဟာဓားလမ်းစဉ်ရဲ့ ဂိုဏ်းချုပ် ဖြစ်ဖို့ မသင့်တော်တော့ဘူး ” အင်မတန် ကျက်သရေရှိကာ ခန့်ညားသော အမျိုးသားက  မိုဝူကျိကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Kde žijí příběhy. Začni objevovat