လူသားသစ္စာ ၃၈
အခန်း (၅၁၆) : ပွင့်ချပ် သုံးလွှာ မီးတောက်နှလုံးသား ကျောက်တုံး
မိုဝူကျီက တူကျူဘက်မှ သူ့အမှတ်အသားပြား ပြန်ပေးဖို့ရာ မစောင့်တော့ဘဲ လက်ကို ဖြန့်လိုက်သည်နှင့် ကျောက်စိမ်းပြားက သူ့လက်ထဲ ပြန်ရောက်ရှိလာသည်။
သူက အကြွေးလာသိမ်းသည့်အတွက် သူက ပို၍ အထက်စီးဆန်ဆန် ပြုမူနိုင်လေလေ ပိုကောင်းလေလေ ဖြစ်၏။ အကယ်၍ မြေခွေးနှင့်တူသော တူကျူလို ကြံစည်တတ်သူအတွက် မျက်နှာသာပေးမိလျှင် သူ့အကြွေးမှာ အတော်လေး လျော့ပေးသလို ဖြစ်သွားပေလိမ့်မည်။
ထို့အပြင် သူက အာကာပြင် စူးစိုက် ရတနာစံအိမ်ကို မဖျက်စီးနိုင်ကြောင်း သိထားသည်။ မိုဝူကျီ ကောင်းကောင်း သိသည့်အချက်မှာ သူ့အဆင့်အတန်းက နိမ့်နေ၍ မဟုတ်ဘဲ လွယ်လွယ်ဖျက်စီးပစ်၍ မရသောကြောင့် ဖြစ်သည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့အနေဖြင့် ရတနာစံအိမ်ကို ဖျက်စီးနိုင်စွမ်း ရှိသည်က မှန်ကန်သော်လည်း စွမ်းဆောင်ရည် ရြှိခင်းနှင့် အမှန်တကယ် လုပ်ကိုင်ခြင်းက မတူညီပေ။
အကယ်၍ သူက စူးခရာအင်မော်တယ် မြို့ဟောင်းမှ အာကာပြင်စူးစိုက် ရတနာစံအိမ်ကို ဖယ်ရှားလိုက်လျှင် ဆေးလုံးတာအို အင်မော်တယ်မဟာမိတ်အဖွဲ့အတွက် ရန်သူ ဖန်တီးပေးလိုက်ရုံသာမက သူ့ကိုယ်သူလည်း နာမည်ဆိုး ကျန်ရှိသွားလိမ့်မည်။ နောင်အနာဂတ်ကျ သူ ဆောက်တည်ရမည့် ဆက်ဆံရေးတို့အပေါ်၌ သက်ရောက်မှု ရှိလာနိုင်သည်။
တူကျူကို သူက ဆေးလုံတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ခွဲ၏ အကြီးအကဲအနေဖြင့် သူ့ကိုယ်ကျိုးမှ လွဲ၍ ကျန်တာ ဂရုမစိုက်တတ်ကြောင်း ထင်မြင်သွားစေလိုခြင်း ဖြစ်သည်။
ထိုသို့လုပ်ခြင်းဖြင့် သူ့အတွက် အကျိုးမြတ်များများ ပိုရရှိနိုင်လိမ့်မည်။ မိုဝူကျီက နှစ်ဘဝ နေခဲ့ရသူ ဖြစ်ကာ ထိုသို့ ရိုးရှင်းသော သဘောတရားအကြောင်း မည်သို့ မသိဘဲ နေမည်နည်း။
“အကြီးအကဲမို .... ဒီကိစ္စက ကျုပ်တို့ ရတနာစံအိမ်ဘက်က အမှားပါ ” မိုဝူကျီက အကြီးအကဲ အမှတ်အသားပြား ပြန်သိမ်းသွားသည်ကို မြင်၍ တူကျူ၏ ဒေါသမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်၏။ သူက မြန်မြန် လက်နှစ်ဖက် ယှက်ကာ တောင်းပန်မှုကို ဖော်ပြလိုက်သည်။
KAMU SEDANG MEMBACA
လူသားသစ္စာ [BOOK 5 ( 501-700) ]
Pertualangansequel of Book 4 Author - Goosefive