အခန်း (684)

896 143 1
                                    

စာစဉ္ ၅၀ က  prison Break (Mo wuji version)

အခန်း (၆၈၄)  :  မဟာဓားလမ်းစဉ်၏ ဓား အကျဉ်းထောင်

“ တာ့ဟွမ် ကိစ္စတစ်ခုခု ရှိလို့လား။ နေလို့ မကောင်းဘူးလား ” တိုက်တိုက်ဆိုင်ဆိုင် ယန်ယွဲ့ရုန်က  မိုဝူကျိဘက် လှည့်ကြည့်လိုက်စဉ် သူ့ဒေါသထွက်နေသည့် အမူအယာကို မြင်ပြီး ချက်ချင်း မေးလိုက်သည်။

မိုဝူကျိက အသက်ပြင်းပြင်းရှုကာ  ခေါင်းခါလိုက်ရင်း   “ မိုဝူကျိ အကြောင်းကို ကြားပြီး ဒေါသထွက်သွားမိလို့ပါ ”

ယန်ယွဲ့ရုန်က မြန်မြန် ပြောလိုက်၏  “ တာ့ဟွမ် …  ရှင်က သေမျိုးလေ၊ ဒီကိစ္စကို များများ တွေးမနေနဲ့။ ပြီးတော့ ကျမရဲ့ အဘိုးက ပြောတယ်လေ … အဲဒီ မိုဝူကျိက အပုတ်ချခံရတာတဲ့ …. ”

“ရုန်အာ  ….  ဒီလို ကိစ္စကို ပုံမှန်အတိုင်း မပြောသင့်ဘူးလေ။ မင်းတို့တွေ အခန်းပြန်ပြီးတော့ ငါ့ကို စောင့်နေ။ ငါ လုပ်စရာလေး ရှိသေးလို့  ” ယန်ထန်းက တစ်ခွန်းလွင်ပြင် တည်းခိုဆောင် အပြင်ဘက်၌ ရပ်နေရင်း ယန်ယွဲ့ရုန်နှင့် ရှောင်ရှောင်ယုတို့  ဝင်သည့်အထိ စောင့်ပေးလိုက်၏။ ထို့နောက် အလျှင်စလို ထွက်သွား၏။

ယန်ထန်း ထွက်သွားပြီးနောက် သုံးယောက်သား သူတို့အခန်းဆီ ပြန်လာကြသည်။

မိုဝူကျိက မေးလိုက်၏ 

“ ညီမလေး စောစောလေးက မဟာဓားလမ်းစဉ်ဂိုဏ်းက ကျင်းရှန်းအဆင့် မိန်းကလေးကို ဖမ်းထားတာဆိုတာ ဘာဖြစ်တာလဲ။ ကြားရတာနဲ့တင်  အဲဒီ မဟာဓားလမ်းစဉ်ဂိုဏ်းက ဂိုဏ်းကြီးကြီး ထင်တယ်။ ပြီးတော့  ကျုပ် ကြားသလောက်ဆိုရင် ကျင်းရှန်းအဆင့် အင်မော်တယ်တွေက  အင်မော်တယ်လောကထဲ ရောက်လာခါစ အင်မော်တယ်တွေ မလား။ အဲလို ဂိုဏ်းကြီးကြီးက  ဘာလို့ အင်မော်တယ်လောကထဲ ရောက်လာခါစ ကောင်မလေးကို ဖမ်းတာတုန်း ”

ယန်ယွဲ့ရုန်က  ပါးစပ်ကို အုပ်ကာ ရယ်မောကာ “ တာ့ဟွမ် … မမရှောင်ယုကို ဘာလို့  ညီမလေးလို့ ခေါ်တာလဲ ”

ရှောင်ရှောင်ယုက အခေါ်အဝေါ်ကို စိတ်ထဲ မထားပေ။ မိုဝူကျိက သူမအား  အင်မော်တယ် ဘုရင်ဆေးလုံး ပေးထားသည့်အတွက် ဤသေမျိုးအား  အစ်ကိုကြီးဟု ခေါ်ရလျှင်လည်း ကိစ္စမရှိပေ။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now