အခန်း (၅၆၁ )
ရှီဂူလန်က အနည်းငယ် တုန်လှုပ်သွားမိသည်။
အောင်းစုန့်က မည်သို့ လူစားမျိုးလဲ ....
ရှီဂူလန်က မိုဝူကျီ မေးခွန်း၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်ပေ၏။ မိုဝူကျီက သူမ တပည့် အောင်းစုန့်ကို သံသယ ဝင်နေခြင်း ဖြစ်ရာ သူမက ချက်ချင်း ခေါင်းခါမိလိုက်သည်။
သူမ စိတ်ထဲ၌ အောင်းစုန့်မှာ သူမ သမီး လင်းဂူကဲ့သို ဖြစ်၏။ သူမ သမီးက သူမ၏ ရောဂါကို ကုသဖို့ရာအတွက် အပြင်ဘက်၌ အင်မော်တယ်ဆေးပင်များနှင့် ကုသပေးမည့် အင်မော်တယ် သမားတော် ရှာဖွေရင်း အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။ ထိုစဉ် အောင်းစုန့်က သူမ ဘေးနား နေကာ စောင့်ရှောက်ပေးခဲ့သည်။
ရှီဂူလန်က ပြန်ပြောတော့မည့်ဆဲဆဲတွင် မိုဝူကျိ ထားထားသော သင်္ကေတများက အသက်ဝင်လာသည်။
အောင်းစုန့်၏ အသံကို ကြားလိုက်ရပြီး “ ဆရာမို ... ကျမ ဝင်လာလို့ ရမလား ”
မိုဝူကျီက မျက်မှောင်ကျုတ်လိုက်သော်လည်း တစ်ခွန်းမှ ပြန်မပြောပေ။
ရှီဂူလန်လည်း သက်ပြင်းချလိုက်သည်။ တစ်အောင့်လောက်နေတုန်းက သူမက အောင်းစုန့်၌ တစ်ခုခု မှားယွင်းနေကြောင်း မယုံကြည်သော်လည်း ယခုအခါ သူမ အတွေးများကို ခါထုတ်လိုက်လေပြီ။
အောင်းစုန့် ကျင့်ကြံလာသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ အင်မော်တယ် သမားတော်များက နှောင့်ယှက်ခံရသည်ကို အလွန်မုန်းတီးကြောင်း မသိပေဘူးလား။
“ ဆေးလုံးဆရာမို .... အတားအဆီး ဖွင့်ပြီးတော့ အောင်းစုန့်ကို ဝင်ခွင့် ပေးလိုက်ပါ ” ရှီဂူလန်၏ အသံမှာ တိုးနေပြီး ပူဆွေးသောက ရနေဟန် ပေါ်သည်။
မိုဝူကျီက အတားအဆီး ဖြေလျော့လိုက်သည့်အခါ အောင်းစုန့်က ချက်ချင်း အခန်းထဲ ဝင်လာသည်။ သူမက စိုးရိမ်တကြီး မေးလိုက်၏
“ ဆရာမို ... ကျမ ဆရာရဲ့ကျန်းမာရေးက ဘယ်လိုလဲ။ ကယ်လို့ ရသေးလား ”
သူမ အသံမှာ နွေးထွေးနေဆဲ ဖြစ်ကာ ဂရုစိုက်မှုနှင့် စိုးရိမ်မှုများပင် ပါဝင်နေသေး၏။ မိုဝူကျီက သူမကို မေးချင်သည့် စကားတစ်ခွန်းမှာ