အခန်း (651)

944 160 8
                                    

အခန်း  (၆၅၁)  :   လမ်းညွှန်ပေးသည့် စီနီယာ

“ဂျွတ် ….” လင်းလုနန်၏ စကားအဆုံးတွင် မိုဝူကျိ၏ အမှတ်အသားပြားမှ ဖြူဆွတ်နေသည့် ပုလဲသဖွယ် ပြောင်းလဲသွားပြီး  အစစ်အမှန် အင်မော်တယ် ဖွေရှာ အမှတ်အသားပြား ထွက်ပေါ်လာ၏။ မျှားတစ်စင်းက နေရာတစ်ခုကို ညွှန်ပြပေးနေသည်။

မိုဝူကျိက ပုလဲကို လက်ထဲ  ကိုင်ထားလိုက်ပြီး  ထိုပုလဲအတွင်း စိတ်စွမ်းအား ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

“ ကျုပ်တို့ သွားရမဲ့ နေရာ ပေါ်လာပြီ။ မြန်မြန် သွားရအောင် အင်မော်တယ် ပိတ်လှောင်ရေး အစီအရင်က အရမ်းကြီးမားတယ်…. ကျုပ်တို့တွေ အချိန်များများ ယူနေရလိမ့်မယ် ” လင်းလုနန်က  အင်မော်တယ်ဖွေရှာ အမှတ်အသားပြားပေါ်မျ မျှားကို မြင်သည့်အခါ ပျော်ရွင်မိသွားသည်။

ထိုသို့ပြောပြီးနောက် လင်းလုနန်က  မိုဝူကျိမှာ  ပုလဲကို စိုက်ကြည့်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၍ ထပ်ပြောလိုက်သည်

“  အဲဒါက သွေးမျိုးဆက် ဖွေရှာ ပုလဲလေ။ အဲဒီမျှားလေးက စီနီယာကျီလီရဲ့ တည်နေရာကို ပြနေတာ နေမှာ။ ဒါပေမဲ့  အတိအကျတော့ မဟုတ်ဘူး။ ပြီးတော့  သွေးမျိုးဆက် ဖွေရှာပုလဲရဲ့ အရောင်ပြောင်းသွားရင်  စီနီယာကျီဖေးချင်နဲ့ သွေးမျိုးဆက်တူတဲ့သူ အနီးအနား ရှိနေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ  …. ”

“ ခင်ဗျားမှာလည်း တစ်ခု ရှိတာလား ” မိုဝူကျိက မေးလိုက်သည်။

လင်းလုနန်က ခေါင်းခါကာ

“ မရှိပါဘူး ….. ဒါပေမဲ့လည်း  ဒီဒယ်စောက်က ကျုပ် ဘိုးဘေး  သန့်စင်ခဲ့တာဆိုတော့  ကျုပ် အနီးအနားရောက်သွားရင် ဒီဒယ်စောက်က အသံထွက်လာလိမ့်မယ်။ တကယ်လို့ ညီလေးမို စိတ်ထဲ မထားရင်  အင်မော်တယ်အရုပ်ကို  သိမ်းထားဖို့ အကြံပေးချင်တယ် ”

မိုဝူကျိက သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး တာ့ဟွမ်ကို သိမ်းထားလိုက်သည်။ ဤသို့မျိုး နေရာ၌ သူက အားပိုကောင်းနေလျှင်ပင် အစီအရင်ကို ချိုးဖျက်နိုင်မည် မဟုတ်ပေ။ သူတို့က အင်မော်တယ်ဖွေရှာ အမှတ်အသားပြားပေါ် တည်နေရာကို မှီခိုနေရပြီး  သူတို့ ပိတ်မိနေပါက  အင်မော်တယ်အရုပ် တစ်ရာရှိနေလျှင်ပင် သူတို့ကို ကူညီပေးနိုင်မည် မဟုတ်ပေ။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now