အခန်း (556)

1K 202 6
                                    

အခန်း (၅၅၆)

မိုဝူကျီနှင့် လင်းဂူတို့က လူအုပ်ကြီးနှင့်အတူ ယွင်ရှန့်တောင်ကြားဆီ ဦးတည်ထားသည့်  လမ်းကြောင်းဆီ လိုက်ဝင်လိုက်ကြသည်။  နှစ်ယောက်သား ဝင်လိုက်သည်နှင့် အပြင်ဘက်မှ အခြေအနေကို စိတ်စွမ်းအားဖြင့် အာရုံခံ၍ မရတော့ပေ။

သူတို့ပတ်လည်၌  သိပ်သည်းသော အင်မော်တယ်စွမ်းအားများကို ခံစားမိနေသော်လည်း မိုဝူကျီက အဆင့်မြင့် အင်မော်တယ်ဆေးပင် တစ်ပင်မှ အာရုံမခံမိပေ။ သူက လင်းဂူနှင့် တစ်လမ်းစီ လာလိုက်သည်။ အကြောင်းမှာ အင်မော်တယ်ဆေးပင်များ ရှာရာ၌ အကျိုးသက်ရောက်မှု ပိုမို ထိရောက်စေရန် ဖြစ်ကာ သူတို့အတူတူ ရှိနေပါက အဓိပ္ပါယ်မရှိပေ။

လင်းဂူက ရွမ်ရှန်း ပြီးပြည့်စုံခြင်းအဆင့်တွင် ဖြစ်သောကြောင့် မဟာယီရှန်းအဆင့် အချိန်မရွေး တက်လှမ်းနိုင်ရန် ပြင်ဆင်ထားသောကြောင့် သူမကို မည်သူကမှ ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။ မိုဝူကျီက ရွမ်ရှန်း အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း ရွမ်ရှန်း အလယ်အလတ်အဆင့်လောက် အားကောင်းနေပြီ ဖြစ်ရာ စိုးရိမ်စရာ မရှိပေ။

ယွင်ရှန့်တောင်ကြား၌ လူများစွာ ဝင်ခွင့် မပေးသည့် အကြောင်းအရင်းမှာ ဤနေရာရှိ အင်မော်တယ်ဆေးပင်များအတွက် တိုက်ခိုက်မည်ကို စိုးရိမ်၍ ဖြစ်၏။

ယွင်ရှန့်တောင်ကြားက ကျယ်ပြောပြီး အဆုံးအစမဲ့သော်လည်း  လူတစ်ရာနီးပါးသာ ဝင်ခွင့်ပြုထားသောကြောင့် ဆေးပင်အတွက် တိုက်ခိုက်နေစရာ မလိုအပ်ပေ။ ဤကျယ်ပြောလှသည့် တောင်ကြား၌ တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံဖို့ရာပင် မလွယ်ကူပေ။

တစ်ချိန်တည်းတွင် ယွင်ရှန့်တောင်ကြား၌ အန္တရာယ်သိပ်မများပေ။ ပြောရမည်ဆိုလျှင် လျို့ဝှက်နယ်မြေများအနက် ယွင်ရှန့်တောင်ကြားမှာ အားလုံး ဝင်ချင်ကြသည့် နေရာ ဖြစ်၏။

မိုဝူကျီက စိတ်စွမ်းအား ဆက်တိုက် ဖြန့်ကျက်ထားရင်း ပြေးလွှားနေသည်။

ရက်အနည်းငယ်ကြာပြီးနောက် မိုဝူကျီက စတင် မျက်မှောင်ကျုတ်လိုက်မိသည်။ ဤရက်ပိုင်းလေးအတွင်း သူ ဤနေရာသို့ ဝင်လာစဉ်မှ စ၍  လူတစ်ယောက် မှ မတွေ့သလို အဆင့်မြင့် အင်မော်တယ်ဆေးပင် တပင်မှလည်း မတွေ့သေးချေ။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now