အခန်း (655)

923 153 4
                                    

လူသားသစ္စာ စာစဉ် (48) အမြည်း

အခန်း  (၆၅၅)  :  အင်မော်တယ်ဝင်ရိုးကျောက်တုံး အသုံးဝင်မှု

ကျီလီက  ထိုကိစ္စကို  စိတ်ထဲ မထားဘဲ  ပြောလိုက်သည်  “မေးပါ …”

“ပထမ မေးခွန်းက  ကျုပ် ရလာတဲ့  ဒီကျောက်တုံးကို သိလား ပြီးတော့ အသုံးဝင်ပုံကိုရောပေါ့ … ဒုတိယမေးခွန်းက   နတ်ဘုရားစစ်ပွဲ ဘာကြောင့် ဖြစ်လာတာလဲ  ပြီးတော့ နတ်ဘုရားတိုက်ပွဲအကြောင်းကိုရော ပြောပြပေးပါ ”  မိုဝူကျိက  ကျီလီထံ   အင်မော်တယ်ဝင်ရိုးကျောက် ပစ်ပေးကာ သိလိုသည့်  အရာများအား မေးလိုက်သည်။

ယူမင်ကျန်းအနေဖြင့်   ဤမျှအထိ ကာကွယ်ကာ အာရုံစိုက်ထားနေသောကြောင့်  အင်မော်တယ်ဝင်ရိုးကျောက်များမှာ ထိပ်တန်း ရတနာ သေချာပေါက်  ဖြစ်ပေလိမ့်မည်။  မိုဝူကျိက ယူမင်ကျန်းအား  အသုံးဝင်ပုံနှင့် ရည်ရွယ်ချက်အကြောင်း မမေးခဲ့သည်မှာ ယူမင်ကျန်းက အမှန်အတိုင်း မပြောမည်ကို သိနေ၍   ဖြစ်သည်။ ယခု သူက ကျီလီနှင့် တွေ့၍  မေးလိုက်ခြင်း ဖြစ်၏။

“ အသိစိတ်ကျောက် ….” ကျီလီက  အင်မော်တယ်ဝင်ရိုးကျောက်ကို ကိုင်ထားရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။

မိုဝူကျိက တိတ်ဆိတ်နေဆဲ ဖြစ်ကာ  ကျီလီက သူ့ကို ရှင်းပြမည်မှန်း သိနေ၏။

ကျီလီက  ခံစားချက်များကို ချုပ်တည်းကာ  အသက်ပြင်းပြင်းရှုလိုက်ပြီး

“  နတ်ဘုရားစစ်ပွဲ ဘယ်လို ဖြစ်လာတာလဲဆိုတာနဲ့  တိုက်ပွဲနယ်မြေတွေကို ဘယ်လိုခွဲထားလဲဆိုတာကိုတော့ မသိဘူး။ အဲကြောင့် ဒုတိယမေးခွန်းကို မဖြေနိုင်ဘူး …

နတ်ဘုရားစစ်ပွဲက တစ်ခါ၊ နှစ်ခါ ဖြစ်လာတဲ့ကိစ္စ  မဟုတ်ဘူးလေ ။ ငါ ကြားဖူးတာတော့  နတ်ဘုရားစစ်ပွဲက ဟိုးရှေးတုန်းကလည်း ခဏတိုင်း ဖြစ်ခဲ့ကြတယ်တဲ့။ နတ်ဘုရားစစ်ပွဲတိုင်းမှာ ပျောက်ကွယ်သွားရတဲ့ အဆင့်မြင့်  ကျင့်ကြံသူတွေလည်း မရေမတွက်နိုင်လောက်အောင်ပဲ …..

အဲဒီပါရမီရှင်တွေရဲ့ တာအိုက ကျယ်ပြန့်လွန်းလို့ သူတို့ခန္ဓာကိုယ်ကတောင် မိုးမြေ စည်းမျည်းတွေ ပါဝင်ဖွဲ့စည်းနိုင်ကြတယ်။ သူတို့ အသိစိတ်ပင်လယ်ကလည်း မိုးမြေ စည်းမျည်းအမျိုးမျိုးကို ပေါင်းစပ်ပြီး ဖြစ်ပေါ်လာကြတာ …

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now