အခန်း (၆၁၄) : တာ့ဟွမ်
အင်မော်တယ်ဘုရင်ဆေးလုံးက သူမ ပါးစပ်ထဲ ပျော်ဝင်သွားရာ ဟန်လုံက သက်ပြင်းချလိုက်ပြီး သူမ မျှော်မှန်းထားသည့်ထက်ပင် ဆိုးရွားနေသေး၏။ ယခင် သူမက ဆေးလုံးမှာ အင်မော်တယ်ဘုရင် ဖြစ်လာမည့် အခွင့်အရေးကို မတိုးမြင့်ပေးလျှင်ပင် အနည်းဆုံးတော့ ကျင့်ကြံဖို့ရာ ဝိညာဉ်စွမ်းအားများ ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားမိ၏။
ထို့ကြောင့် သူမက ဆေးလုံးကို မျိုချလိုက်ပြီး သူမ ကျင့်စဉ်အတိုင်း စတင်ကျင့်ကြံလိုက်သည်။ သူမက အင်မော်တယ်ဘုရင် မိုးကြိုးစမ်းသပ်ချက်ကို နှိုးဆွလို၍ မဟုတ်ဘဲ သူမအတွက် မိုဝူကျီ ကြိုးစားပေးထားသော ဆေးလုံးကို အလကား မဖြစ်စေလို၍ ဖြစ်၏။
သို့သော် လက်တွေ့၌ သူမ ပါးစပ်ထဲ ဆေးလုံး ဝင်သွားသည်နှင့် ဘာဆိုဘာမှ ဖြစ်ပျက်မလာပေ။ ဝိညာဉ်စွမ်းအားများလည်း မရှိသလို ၊ ဆေးဂုဏ်သတ္တိများလည်း မရှိနေချေ။ ဆိုလိုသည်မှာ မိုဝူကျီ ဖော်စပ်လိုက်သော ဆေးလုံးမှာ အဖြူ၊ အနီ ရောစပ်နေသော သာမာန်ဆေးလုံးမျှသာ ဖြစ်နေလေ၏။
ပြောရလျှင် အင်မော်တယ်ဘုရင်အသီးနီဟုပင် ဆိုရမလား ……
ဟန်လုံက မတ်တတ်ရပ်တော့မည့်ဆဲဆဲတွင် သူမ စိတ်အတွင်း တာအိုတစ်ခု ရုတ်ချည်း ပေါ်ပေါက်လာသည်။ သူမက စတင်ကျင့်ကြံစဉ်အချိန် ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး ပထမဦးဆုံးအကြိမ် ဝိညာဉ်စွမ်းအား အမျှင်လေးကို စတင်စုပ်ယူနိုင်ခဲ့စဉ်က အတွေ့အကြုံမျိုးနှင့် စိတ်လှုပ်ရှားမှုမျိုးကို ပြန်လည်ကြုံတွေ့နေရသည်။
အဲဒါ ဘယ်လောက်နှစ်တွေ ကြာမြင့်သွားပြီလဲ …..
ထို့နောက် ဟန်လုံ ခန္ဓာအတွင်း သူမ၏ ပထမ ဝိညာဉ်လမ်းကြောင်း ဖွင့်စဉ် ခံစားချက်မျိုးကို ခံစားမိလိုက်သည် ….. ထို့နောက် ဒုတိယမြောက် …. တတိယမြောက် ….
ထို့နောက် သူမက လူသားအဆင့်ကို ကျော်လွန်ကာ အမြုတေကို ဖွဲ့စည်းနိုင်ခဲ့သည်။
မကြာခင် သူမက လောကအင်မော်တယ်အဆင့် တက်လှမ်းတော့မည့် ခံစားချက်မျိုးကို ပြန်လည် ခံစားနေရပြီး မြေကမ္ဘာအင်မော်တယ် ….. ကောင်းကင်အင်မော်တယ် …. ကျင်းရှန်း ……