အခန်း (667)

934 171 10
                                    

အခန်း  (၆၆၇) :  သူ့ဂိုဏ်းအတွက် တည်နေရာ ရွေးချယ်ခြင်း

“ကျင့်ဖုန်း  … နေရာအတိအကျကို ပြောပြဦး ” မိုဝူကျိက အစီအရင်အလံကို မြင်သည်နှင့်  အဆုံးအစွန်ပင်လယ်ဆီ သွားဖို့ရာ ဆုံးဖြတ်ချက် ချလိုက်သည်။

မိုဝူကျိ၏ ပန်းပဲပညာရပ် အရည်အချင်းမှာ သာမာန်ထက် အောက်ကျနေသော်လည်း အချိန်တစ်ခုအထိ လေ့ကျင်မှု အပြီးတွင် ဖန်တီးထုလုပ်မှု အမြင်ကာ မဆိုးတော့ပေ။ ဤသိုမျိုး ကာကွယ်ရေး အစီအရင် ခင်းကျင်းနိုင်သူမှာ  အစီအရင်တာအို၌ ထိပ်တန်းအရည်အချင်း ရှိပေလိမ့်မည်။ ပန်းပဲပညာရှင်တစ်ယောက် ပြုလုပ်ထားသည့် အစီအရင်အလံက ဘာကိုများ ဖုံးကွယ်ပေးထားသနည်း။

ထို့အပြင် ဤအစီအရင်အလံမှာ အဆုံးအစွန်ပင်လယ်ထဲမှ ထွက်ပေါ်လာသောကြောင့် အစီအရင် ကျိုးပေါက်သွားကြောင်း ဆိုလိုနေခြင်း ဖြစ်၏။ မိုဝူကျိက အကျိုးမြတ်ရဖို့ရာ မြန်မြန် လှုပ်ရှားသင့်မှန်း သိပေသည်။ ဤသတင်းသာ ပြန့်နှံ့သွားပါက  လူ မည်မျှ အပြေးအလွှား ရောက်လာမည်ကို မပြောနိုင်ပေ။ အကယ်၍ အားကောင်းသော ကျင့်ကြံသူများသာ တိုက်ပွဲ ဖြစ်လျှင် သွေဖယ်ခြင်းရွာမှာ ပျက်စီးသွားနိုင်သည်။

“ အစ်ကိုကြီး တာ့ဟွမ် .. ကျတော်က နေရာအတိအကျကိုတော့ မပြောတတ်ဘူး …. ကျတော် လိုက်ပို့လိုက်မယ်လေ ” ယူကျင့်ဖုန်းက ချက်ချင်း မတ်တတ်ရပ်ကာ ပြောလိုက်၏။

မိုဝူကျိက ယူကျင့်ဖုန်းသည် သေမျိုးတစ်ယောက်ဖြစ်၍  သူတို့သွားမည့်နေရာအား အကြမ်းဖျင်းသာ သိကြောင်း သဘောပေါက်လိုက်သည်။ ထို့နောက် ပြန်ဖြေလိုက်သည်  “ ကောင်းပြီလေ သွားကြတာပေါ့  ….. ”

………….....
နေရာ အတိအကျ မသိသော်လည်း ယူကျင့်ဖုန်းက  အဆုံးအစွန်ပင်လယ်နှင့် ရင်းနှီးကျွမ်းဝင်နေလေသည်။ နေ့ဝက်တာ သွားလာပြီးနောက် လှေကို ရပ်ကာ  အမှတ်အသားမရှိသည့် နေရာကို ထိုးပြရင်း 
“ အဲဒီနေရာပဲ …. အလင်းတန်းက  ကောင်းကင်ထိ ထွက်ပေါ်လာတာနဲ့ အပိုင်းတွေ အများကြီး လွှင့်ကုန်တာ  … ကျတော် ပေးလိုက်တဲ့ အပိုင်လေးကလည်း ဒီနေရာက ရလာတာ  … ”

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now