အခန်း (668)

946 155 3
                                    

အခန်း  (၆၆၈) 

မိုဝူကျိက  ကမ်းခြေဆီ မရောက်ခင် သူ့စိတ်စွမ်းအားထဲ  ယူကျင့်ဖုန်းတို့ အိမ်ရှေ့၌ ရွာသားများက  အထိတ်တလန့်  ဟိုလျှောက် သည်လျှောက် လုပ်နေသည်ကို မြင်လိုက်ရသည်။ ယူချန်းနှင့်  လျန်ယင်ရှန်းတို့က အိမ်သို့ ပြန်ရောက်လာဟန် မပေါ်သေးပေ။

ယူကျင့်ဖုန်း စကားအရ ယူချန်းနှင့် လျန်ယင်ရှန်းတို့က လွန်ခဲ့သည့် နှစ်ရက်ခန့်က အဆုံးအစွန်မြို့သို့ သွားရောက်ကြကြောင်း သိထားသော်လည်း  တတိယမြောက် ရက် ဖြစ်နေပြီ ဖြစ်၍ ပြန်ရောက်သင့်နေလေပြီ။ ထို့အပြင်  အထိတ်တလန့် ဖြစ်နေသော ရွာသားများက ယူကျင့်ဖုန်းတို့ အိမ်ရှေ့  ရှိနေသောကြောင့် မိုဝူကျိက တစ်ခုခု မှားယွင်းနေကြောင်း သိလိုက်၏။

သူက အသွင်ပြောင်းဆေးလုံးကို သောက်ကာ သွင်ပြင်ပုံစံကို ပြောင်းလဲလိုက်သည်။ လက်ရှိအခြေအနေမှာ သူ့အရင်ဘဝနှင့် ပုံစံ ဆင်သော်လည်း  သူ့ကျင့်ကြံဆင့်မှာ မြင့်တက်သွားကာ  အရိုးများလည်း ပြန်လည် တည်ဆောက်ထားပြီး နတ်ဘုရားရုပ်ခန္ဓာအဆင့်လည်း ရောက်ရှိသွားသောကြောင့် သူ့ရုပ်သွင်ပြင်အသစ်မှာ ကမ္ဘာမြေမှာ  ရှိစဉ်ကနှင့် ပိုတူလာသည်။

ကိုယ်ရောင်ကိုယ်ဝါအားဖြင့် မိုဝူကျိက သေမျိုးတစ်ယောက်သာ ဖြစ်ပြီး အကြီးမားဆုံး ပြောင်းလဲမှုမှာ သူ့တွင် မပြောင်းလဲသော အငွေ့အသက်များ ရှိနေခြင်း ဖြစ်၏။

“ ဆရာရဲ့ ပုံစံက  ….”  ယူကျင့်ဖုန်းက မိုဝူကျိ၏ ရုပ်မှာ တစ်ဘဝလုံး ပင်လယ်၌သာ အချိန်ကုန်လာသည့်  ငါးဖမ်းသမား သွင်ပြင် ပြောင်းလဲသွားသည်ကို  ကြည့်နေရင်း  ပြောလိုက်သည်။

“ ကျင့်ကြံသူ တစ်ယောက်အတွက် သွင်ပြင် ပြောင်းတာက ပုံမှန်ပဲ … ပြီးတော့ ငါနဲ့ မတည့်တဲ့သူတွေ ရှိတယ်လေ။ အဲဒါကြောင့်  သူတို့ လက်စားလာချေတာကို ကာကွယ်ဖို့ ပုံစံပြောင်းထားတာ  ” မိုဝူကျိက ရှင်းပြလိုက်သည်။

မိုဝူကျိအနေဖြင့်  လျှပ်စီးဂိုဏ်း သို့မဟုတ် မဟာဓားလမ်းစဉ်ဂိုဏ်းမှ လူတို့က ယုံရင်အင်မော်တယ်နယ်မြေအထိ  သူ့နောက် လိုက်လာရဲမည်ကို မယုံကြည်သော်လည်း သတိကြီးစွာ ထားမိသည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Tempat cerita menjadi hidup. Temukan sekarang