အခန်း (588)

1K 176 5
                                    

အခန်း (၅၈၈)  :   မဟာဧကရာဇ်၏ ဒေါသ

ဂြိုလ်က   အပိုင်းအစပေါင်းများစွာ ပေါက်ကွဲထွက်သွားပြီး  ကျင်းယီရန်၏ အမူအယာမှာ  ရှစ်ကွက်အင်းပြားကို ထုတ်ယူလိုက်ရင်း မှုန်မှိုင်းနေလေသည်။ သူ့ရတနာဖွေရှာ အင်းပြားမှာ  ထူးခြားသည့် ရတနာကို အာရုံမခံမိတော့လေရာ မိုဝူကျီက ထိုရတနာကို ယူသွားကြောင်း သေချာသွားသည် မဟုတ်ပါလော။

မိုဝူကျီက ရတနာပါနေသော ဂြိုလ်အစိတ်အပိုင်းကို မည်သို့ ရှာတွေ့သွားသည်ကို မသိသော်လည်း  သူ နှစ်များစွာ ရှာဖွေလာရသည့် အရာကို တစ်ယောက်ယောက်အား ယူသွားခွင့် မပေးလိုက်နိုင်ပေ။

ထိုစဉ်  သူက  တွေဝေမနေတော့ဘဲ မိုဝူကျီ ထွက်ပြေးသွားရာ လမ်းကြောင်းဆီ အလျှင်အမြန် လိုက်သွားလိုက်သည်။

မိုဝူကျီက  ကျင်းယီရန်အနေဖြင့် သူ့ကို လွှတ်ပေးမည် မဟုတ်ကြောင်း သိ၍ လေလွတ်မြောက်ရေး နည်းစနစ်ကိုပါ အဆုံးအစွန်အထိ သုံးလိုက်၏။ သူ့အဆင့် ၇ ပျံသန်းရေး လွန်းပျံယာဉ်နှင့် ယှဉ်လျှင် သူ့လေလွှတ်မြောက်ရေး နည်းစနစ်မှာ  အစအန မကျန်ခဲ့ပေ။  အစအန နည်းနည်းလေး ကျန်နေခဲ့လျှင်ပင်  သူက ကျင်းယီရန်ထက် များစွာ စောပေရာ  အာကာသအတွင်းမှ စွမ်းအားများက သေချာပေါက် ထိုအစအနများကို ဖယ်ရှားပစ်ပြီးလောက်လေပြီ။

သူက ကျင်းယီရန်ကို ဒဏ်ရာဆိုးဆိုးရွားရွား မရစေခဲ့သော်လည်း မိုဝူကျီက စိတ်မပျက်ပေ။  သူက မီးနီကျောက် ၁၁ ခုကို ရခဲ့ရုံသာမက  သူ့ကိုယ်ပိုင် ဓားမော့ ပညာရပ်လည်း  ဉာဏ်အလင်း ပွင့်ခဲ့သည်။ ပထမဓားချက်မှာ  မဟာကန္တရဓားချက် ဖြစ်ပြီး ဒုတိယဓားချက်မှာ  လေဟုန်ဆန် ဓားချက် ဖြစ်ရာ တတိယမြောက်ကား နေဝင်ဓားချက် ဖြစ်ပေသည်။

သူက ပထမဓားချက်ကိုသာ ဉာဏ်အလင်း  ပွင့်ထား၍  ကျင်းယီရန်နှင့် တိုက်ပွဲတွင် အရေးသာခဲ့ခြင်း ဖြစ်ပေသည်။ သူ့ဒုတိယမြောက် ဓားချက်နှင့် တတိယမြောက် ဓားချက်တို့ကို အပြည့်အစုံ နားမလည်သေးသောကြောင့် ထုတ်ဖော်၍ မရသေးပေ။ ထိုတိုက်ကွက်များသာ ထုတ်ဖော်နိုင်လျှင် သူ့အနေဖြင့် ထွက်ပြေးနေစရာ မလိုပေ။ အကြောင်းမှာ  ထွက်ပြေးဖို့ ကြိုးစားမည့်သူမှာ ကျင်းယီရန်သာ ဖြစ်ပေလိမ့်မည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Où les histoires vivent. Découvrez maintenant