အခန်း (၅၉၂) : သွေးစုပ်ဂိုဏ်း
အားလုံးက ဟန်ချီကို တအံ့တဩ ကြည့်လိုက်ကြပြီး မည်သူကမှ မိုဝူကျီသည် ဟန်ချီအား လေထဲတွင် ပိတ်လှောင်ထားနိင်လိမ့်မည်ဟု မယုံကြည်ကြပေ။ ပဥ္စမ လွတ်မြောက် အင်မော်တယ် လင်လျန့်ပင် မြေကမ္ဘာအင်မော်တယ် အဆင့် ၇ ကျင့်ကြံသူကို စွမ်းအားစက်ကွင်း အသုံးပြုပြီး လေထဲ၌ ပိတ်လှောင်မထားနိုင်ပေ။
မိုဝူကျီက ဟန်ချီကို သတ်ရန် မရည်ရွယ်သော်လည်း ထိုလူတွင် မကောင်းသည့် အကြံအစည်များ ရှိနေမှန်း သိနေသောကြောင့် နည်းနည်းပါးပါး သင်ပြပေးဖို့ လိုအပ်၏။ သူ့ဝဲကတော့ စွမ်းအားစက်ကွင်း၏ ခြေဖျက်ခြင်းစွမ်းအားကြောင့် ဟန်ချီ၏ နံရိုးတစ်ချောင်းမှာ အောက်ပြုတ်ကျလာရသည်။ ထို့နောက် မိုဝူကျီ၏ စွမ်းအားစက်ကွင်းက ပျောက်ကွယ်သွားပြီး ဟန်ချီက မြေပြင်ပေါ် ဗုန်းခနဲ ပြုတ်ကျလာသည်။
“ ဘယ်လောက်တောင် ရိုင်းစိုင်းပြီးတော့ အကျိုးအကြောင်း မသင့်တာလဲ ….. အားလုံး တိုက်ခိုက်ကြ ” လင်လျန့်က ဟန်ချီ၏ နံရိုးတစ်ချောင်း ပြုတ်ထွက်လာပြီးနောက် မိုဝူကျီက စွမ်းအားစက်ကွင်းကို ဆက်လက် မထိန်းထားနိုင်တော့ကြောင်း မြင်သောအခါ လင်လျန့်က ခန့်မှန်းချက် မှားယွင်းစွာဖြင့် မိုဝူကျီကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
လင်လျန့်က လှုပ်ရှားလိုက်သည်နှင့် အခြားသော မြေကမ္ဘာအင်မော်တယ်များလည်း တိုက်ခိုက်လိုက်ကြသည်။
မိုဝူကျီ၏ မျက်ဝန်းမှာ အေးစက်လာပြီး သူက အရမ်းအားပျော့သွားကြောင်း သိလိုက်သည်။ အခြားသော ရွမ်ရှန်းအဆင့် ကျင့်ကြံသူ ဖြစ်နေပါက သူက သွေးချောင်းစီးအောင် မသတ်လျှင်ပင် ရွမ်ရှန်းအဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် သူ့အင်အားကို ပြသရန် အနည်းဆုံး အဆင့်မြင့် ကျင့်ကြံသူများကို သတ်ပစ်လိမ့်မည်။
ပဥ္စမ လွတ်မြောက် အင်မော်တယ် ဖြစ်သည့် လင်လျန့်၏ ကျင့်ကြံဆင့်မှာ အလယ်အလတ် ကျင်းရှန်းအဆင့်အထိ တိုးသွားသော်လည်း မိုဝူကျီ၏ အမြင်အရ လင်လျန့်မှာ ကျင်းရှန်းအစစ်အမှန် ရောက်ဖို့ရာ အတော်အလှမ်းကွာနေသေး၏။ သူ့အင်အားမှာ အစောပိုင်း ကျင်းရှန်းအဆင့်မျှနှင့်သာ နှိုင်းယှဉ်၍ ရပေသည်။ မြေကမ္ဘာအင်မော်တယ်အနေနှင့် သူတို့ကို မိုဝူကျီက မျက်လုံးထဲပင် မထည့်ပေ။