အခန်း (584)

996 182 4
                                    

အခန်း (၅၈၄)  :  တာအိုရောင်းရင်း မလုပ်ပါနဲ့ 

“ အစ်ကိုမို ဘာက မဟုတ်တာလဲ  ” မင်ကျစ်က မိုဝူကျီကို နားမလည်စွာ ကြည့်လိုက်သည်။

မိုဝူကျီက မိုးသောက်မီးတောက်ကြယ်ကို ညွှန်ပြကာ ပြောလိုက်၏  “ တာအိုရောင်းရင်းမင် .... ဒီမီးဓာတ် သဘာဝအမြုတေ ဖြစ်လာတာ မကြာသေးဘူးလို့ ပြောခဲ့တာ မလား။ အဲဆို အစက ဒီကနေ မဟုတ်ဘူးပေါ့ ”

မင်ကျစ်က ထိုအကြောင်း ကြားသောအခါ သူက အသေအချာ ပြောလိုက်သည်  “ ဟုတ်ပါတယ် .... မီးဓာတ် သဘာဝ အမြုတေ ဖြစ်လာတာ နှစ်ငါးထောင် မကျော်သေးဘူး ။ အဲဒါ ပြဿနာရှိလို့လား ”

မိုဝူကျီက ပြန်ဖြေလိုက်သည်  “ မီးဓာတ် သဘာဝအမြုတေက  မိုးနှင့်မြေ ဖွင့်ဟလာတဲ့အချိန် သန့်စင်တဲ့ မီးတောက်အဆီအနှစ်ကနေ ဖြစ်ပေါ်လာတာလေ။ နှစ်များစွာ ကြာပြီးတော့မှ ဖြစ်လာနိင်တဲ့ အရာပဲ ... ဘယ်လိုလုပ် နှစ်ထောင်ချီလေးနဲ့ ဖြစ်လာနိုင်မှာလဲ  ”

သူ့ထာဝရ ကမ္ဘာ၌ သဘာဝ အမြုတေ ငါးမျိုး လိုအပ်ကြောင်း သိရှိပြီးနောက် မိုဝူကျီက စတင်၍ သူတို့ဖြစ်တည်လာပုံအကြောင်း လေ့လာခဲ့သည်။ ထိုသို့ မလေ့လာခင် သူက ဘာဆိုဘာမှ မသိခဲ့ပေ။ သို့သော်  သဘာဝ အမြုတေငါးမျိုးကြောင်း သင်ယူပြီးနောက်  သူတို့ဖြစ်တည်လာဖို့ရာ အလွန်ခက်ခဲကြောင်း သိသွားမိသည်။ ထို့အပြင်  ကမ္ဘာဦး သဘာဝအဆီအနှစ်နှင့်သာ  ဖြစ်တည်လာနိုင်ပြီး နှစ်ထောင်ချီအတွင်း သေချာပေါက် ဖြစ်ပေါ်လာနိုင်သည့်အရာ မဟုတ်ပေ။

မင်ကျစ်က  သာမာန် သေမျိုးဂြိုလ်ပေါ်၌  ဤအဆင့်အထိ ကျင့်ကြံနိုင်သောကြောင့် သူက နုံ့အနေသူတော့ မဟုတ်ပေ။ မိုဝူကျီက ထိုစကားများ ပြောလိုက်သည်နှင့် သူက ချက်ချင်း သဘောပေါက်သွားသည်။ သူက တုန်လှုပ်စွာ ပြောလိုက်သည်  “ အစ်ကိုမို ပြောတာက အနီးအနားမှာ  ....  ”

မိုဝူကျီက ခေါင်းညိတ်ပြကာ   “ ဟုတ်တယ် ...  အနီးအနားမှာ  ကမ္ဘာဦး မီးဓာတ် သဘာဝစွမ်းအား အရင်းအမြစ် ရှိရမယ်။ အဲဒီမီးဓာတ် သဘာဝစွမ်းအင်ကြောင့် မီးဓာတ် သဘာဝ အမြုတေကို ဖြစ်လာစေတာပဲ။ ဒါပေမဲ့ မိုးသောက်မီးတောက်ကြယ်က အနီးကပ်ရှိနေလို့ မီးဓာတ် သဘာဝ အမြုတေက သူ့ဘာသာ အပြည့်အဝ ဖြစ်တည်လာတာ”

လူသားသစ္စာ [BOOK 5 ( 501-700) ]Onde histórias criam vida. Descubra agora