အခန်း (692)

920 135 2
                                    

အခန်း  (၆၉၂)  : စောစောစီးစီး ထွက်သွားမလို့လား

ဝေကျီတောက်က  ရှန့်ဟဲကောင်းကို တစ်ချက် ကြည့်လိုက်၏။ ယခု အခိုက်အတန့်လေး၌ ရှန့်ဟဲကောင်းမှာ အရေးကြီးဆုံး ဖြစ်နေသည်။ အကယ်၍ ရှန့်ဟဲကောင်းက ဖန်းဟုန်ကို လျစ်လျုရှုဖို့ ရွေးချယ်ခဲ့မည် ဆိုလျှင် သူက ချက်ချင်း တိုက်ခိုက်မည် ဖြစ်၏။

ဖန်းဟုန်လို ဆန်ကုန်မြေလေးမှာ သူ့ပိုင်နက်အတွင်း လူများကို ခေါ်လာရဲသည့်အတွက် အထိုးခံသင့်ပေသည်။

ရှန့်ဟဲကောင်းက ဟန်ချင်းရုကို သယ်ထားသည့် မိုဝူကျိအား တစ်ချက်ကြည့်ကာ 

“ အစ်ကိုကျီတောက် … ဘေးကင်းနွယ်တောင်က ကျုပ်တို့ရဲ့ ခိုလှုံရာ နေရာ တစ်ခု ဖြစ်လာတာက ကျုပ်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် လေးစားကြပြီး မျှခြေကို ထိန်းထားနိုင်ကြလို့ပါ။ ဒီနေ့တော့ အစ်ကိုကျီတောက်က အပြင်လူတစ်ယောက်ကို ခေါ်ပြီး စည်းမျည်းတွေကို ဖောက်ဖျက်ခဲ့တယ်။ နတ်ဆိုးလက်ရဲ့ သစ္စာဖောက်ကိုလည်း လက်ခံပေးထားသေးတယ်။ အဲဒါကြောင့် ကျုပ်  ဒီကိစ္စကို  အစ်ကိုဖန်းဘက်ကနေ ရပ်တည်ပေးရလိမ့်မယ် … ”

ဝေကျီတောက်က ခပ်ယဲ့ယဲ့ ပြုံးကာ  “ ရှန့်ဟဲကောင်း … မင်းက နောက်ခံကောင်းကောင်း တွေ့သွားတာပေါ့။ ဒီလိုဆိုမှတော့ ငါတို့တွေ ဘာမှ ပြောနေစရာ မလိုတော့ဘူး။ မင်းတို့က ဒီကို လိုချင်မှတော့  တိုက်ကြစို့  …. ငါ ဝေကျီတောက်က တစ်ယောက်မှ မကြောက်ဘူးကွ ”

ရှန့်ဟဲကောင်း အသံမှာအေးစက်လာပြီး

  “ အစ်ကိုကျီတောက် နားလည်မှု မလွဲပါနဲ့။ ခင်ဗျား ဘယ်လောက် အားကောင်းကောင်း တစ်ယောက်တည်းပဲ ရှိတာလေ။ ကျုပ်တို့က အခု အင်မော်တယ် ဧကရာဇ် ငါးယောက် ရှိတယ်။ တကယ်ကြီး တစ်ယောက်တည်း တိုက်ချင်တာလား ”

မိုဝူကျိက လက်ကို မြှောက်ကာ ဝေကျီတောက်အား ကျောက်စိမ်းပုလင်း ပေးလိုက်ပြီး  “ အင်မော်တယ်ရောင်းရင်း ကျီတောက် …  ဘာမှ မလုပ်ခင် အရင်ဆုံး ဒီဆေးလုံးတွေကို သောက်လိုက်ပါဦး ”

ဝေကျီတောက်က ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်လိုက်သည့်အခါ သူ့စိတ်စွမ်းအားဖြင့်  သဘာဝကျီဆေးလုံး သုံးလုံး ပါဝင်နေကြောင်း သိလိုက်၏။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now