အခန်း (၅၀၁)

5.7K 242 7
                                    

လူသားသစ္စာ စာစဉ် (၃၇)

အခန်း  (၅၀၁)  :  အတော်လေး ကွဲပြားနေသည့် ယန်းယဲ့

လူလတ်အမျိုးသားက ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီး၏ အတွေးများကို ထိုးထွင်းသိနေသည့်အလား ချောင်းချန်ယန်ကို အေးအေးဆေးဆေး ပြောလိုက်သည် 

“ ချန်ယန်  ... မင်း ဆရာအနေနဲ့ မင်းရဲ့ တာအိုကိုပဲ ကျင့်ကြံရမှာ မဟုတ်ဘူး နှလုံးသားကိုလည်း ကျင့်ကြံရမယ်လို့  အရင်ကလည်း ပြောဖူးပါတယ်။ ဒီလို  အမှိုက်သရိုက်အသေးလေးကိုမှ မကျော်ဖြတ်နိုင်ရင် ဘယ်လိုလုပ် ကြီးမြတ်တဲ့ တာအိုကို  ရယူနိုင်မှာလဲ ....

မင်းနဲ့ ရှန်းယွီတို့က ယန်းယဲ့နဲ့အတူတူ ကျိုးပျက်ကမ္ဘာကို အတူတူ သွားကြရမှာလေ။ မင်း ပြန်ထွက်လာတဲ့အခါကျ ဒီနေ့ ငါ ပြောလိုက်တဲ့ စကားအဓိပ္ပါယ်ကို ကောင်းကောင်း နားလည်လာလိမ့်မယ် .... ”

“ ဟုတ်ကဲ့ပါ ဆရာ ..” ချောင်းချန်ယန်က တုံ့ပြန်လိုက်ရင်း ဦးညွှတ်လိုက်သည်။

မိုဝူကျီက စိတ်ထဲကသာ ကျိန်ဆဲလိုက်သည်။

ဒီလူအိုကြီးက သူ့ကို အမှိုက်သဖွယ် သဘောထားနေခြင်း ဖြစ်၏။

ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက မုရုန်ရှန်းယွီကို ကျောက်စိမ်းပြား လှမ်းပေးလိုက်ပြီး 

“ ရှန်းယွီ ... ယန်းယဲ့ကို သင်္ဘောပေါ် အတူတူ ခေါ်သွားလိုက်။ ယန်းယဲ့က နာမည်စာရင်းထဲ မပါပေမဲ့ တစ်ယောက်ယောက်က မေးခဲ့ရင် ဒီကျောက်စိမ်းပြားကို ထုတ်ပြလိုက်။ ကောင်းကင်ဧကရာဇ်ရဲ့ ကိစ္စကြောင့် တာအိုရောင်းရင်းထူနဲ့ ငါက ဒီမှာ နေပြီးတော့ ဖြေရှင်းစရာ တချို့ ကျန်သေးတယ် ”

“ ဟုတ်ကဲ့ပါ  .... ဆရာကို ကျေးဇူးအများကြီး တင်ပါတယ် ” မုရုန်ရှန်းယွီက ကျောက်စိမ်းပြားကို လက်ခံရင်း လေးလေးစားစား ဦးညွှတ်ပြောလိုက်သည်။

မိုဝူကျီက ဘာမှ ပြန်မပြောတော့ဘဲ မုရုန်ရှန်းယွီရှေ့၌  သဘောထားကြီးသူအဖြစ် ပြုမူရမည် ဖြစ်၏။

“သွားတော့ ....  အချိန်ဆွဲမနေနဲ့တော့  ” ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက လက်ဝေ့ပြကာ ပြောလိုက်သည်။

လူသားသစ္စာ [BOOK 5 ( 501-700) ]Tempat cerita menjadi hidup. Temukan sekarang