နက်ဖြန် တရက်နားမယ်နော် ဒီနေ့ သုံးပိုင်းတင်ပေးလိုက်ပါတယ် 😁😁
လူသားသစ္စာ ၄၂ ပြီးပါပြီ
အခန်း (၅၈၇)
မိုဝူကျီ၏ မှန်းဆချက်အရ ကျင်းယီရန်မှာ နောက်ပိုင်း ရွမ်ရှန်းအဆင့် ဖြစ်သော်လည်း သူ့အနေဖြင့် ကျင်းယီရန်ကို သတ်နိုင်မည် မဟုတ်ပေ။ သူက ကျင်းယီရန်ကို ခဏတာ ဖိနှိပ်ထားနိုင်သော်လည်း ထိုလူ၏ ဒေါသကို စွပေးသလို ဖြစ်ကာ ကျင့်ကြံဆင့် အပြည့်အဝ ပြန်ရသွားမည်ကိုလည်း စိုးရိမ်မိသည်။ ထိုလူက ကျင့်ကြံဆင့် ပြန်ရလာလျှင် မိုးမြေဖိအားကို ခံစားနေရမည်မှန်း သိသာသော်လည်း သူ့ကျင့်ကြံဆင့် ပြန်ရသွားသည်နှင့် မိုဝူကျီက ထိုလူ၏ တိုက်ခိုက်မှုအောက်မှ လွတ်မြောက်နိုင်လိမ့်မည်ဟု မယုံကြည်ရဲပေ။
မိုဝူကျီက မီးနီကျောက် ၁၁ ခု တည်နေရာအပေါ် ရပ်နေမှန်း သေချာသည်နှင့် နောက်ထပ်၍ မဆုတ်တော့ပေ။ သူ့ဓားမော့မှ ဓားအလင်းပေါင်း ထောင်ချီ၍ ထွက်ပေါ်လာသည်။
“ ဘုန်း ” ပြင်းထန်လှသော လှံလှိုင်းများနှင့် မိုဝူကျီ၏ ဓားမော့အလင်းတို့ တွေ့ဆုံသည့်အခါ အင်မော်တယ်သဘာဝစွမ်းအားများ ပေါက်ကွဲထွက်ကုန်သည်။
မိုဝူကျီက သူ့ဓားမော့ ပညာရပ်မှာ အပြည့်အစုံ မဟုတ်သေးသည့်အချိန် တဖက်၌ ကျင်းယီရန်၏ လှံလှိုင်းများမှာ အစစ်အမှန် လျို့ဝှက် ပညာရပ်မှ ဖြစ်သောကြောင့် ဓားမော့အလင်းနှင့် လှံစွမ်းအားများ ထိပ်တိုက်တွေ့သည့်အခါ မိုဝူကျီက သူ့ဖက်မှ အရေးမသာကြောင်း ချက်ချင်း သိလိုက်မိ၏။
သူက သဘာဝစွမ်းအားများ ပြန်တွန်းကန်အားကို ခံစားလိုက်ရသည်။ မိုဝူကျီက သူသာနောက်မဆုတ်လျှင် ထိုလှံစွမ်းအားကြောင့် ပျက်စီးသွားကိန်း ရှိကြောင်း မှန်းဆမိ၏။
“ ဘုန်း ဘုန်း ဘုန်း ” သူ့အောက်ရှိ မြေကြီးမှာ စတင်ပြိုကျလာသည်။ တစ်ချိန်တည်းတွင် မိုဝူကျီက သူ့သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းမှ အင်မော်တယ်စွမ်းအားများကို အသည်းအသန် ထုတ်လွှတ်လိုက်သည်။