အခန်း (540)

1K 192 4
                                    

အခန်း  (၅၄၀)  :   တျန်းဂျီတုတ်၏ မူလဇစ်မြစ်

“ အဲဆို စီနီယာက ဘာလို့ ကျမတို့ကို ကူညီပေးတာလဲ ပြီးတော့ စီနီယာရဲ့ ဆေးစံအိမ်က ဘာလို့ တျန်းဂျီဆေးစံအိမ် ဖြစ်နေရတာလဲ ” မိုဝူကျီ ထွက်သွားတော့မည်ကို မြင့်ကာ စုရိုအာက အရဲစွန့်မေးလိုက်သည်။

မိုဝူကျီက လှည့်ကာ ပြန်ဖြေလိုက်သည် 

“ ဘာလို့လဲဆိုတော့ ကျုပ်က တျန်းဂျီဂိုဏ်းရဲ့ ဂိုဏ်းချုပ်မလို့ပဲ။ ဒါပေမဲ့ ကျုပ် တျန်းဂျီဂိုဏ်းက  ကျင့်ကြံခြင်း လောကမှာ ရှိတာ။

ကျုပ် အင်မော်တယ် လောကထဲ ရောက်လာကတည်းက  တျန်းဂျီဂိုဏ်းနဲ့ ပတ်သတ်တာ တစ်ခုမှ မကြားမိလို့  ဒီနေရာမှာ တျန်းဂျီဂိုဏ်း မရှိဘူး ထင်နေတာ။ အဲဒါကြောင့်မလို့  တျန်းဂျီဂိုဏ်းဆိုတဲ့ နာမည်နဲ့  ဂိုဏ်းတစ်ခု တည်ထောင်ဖို့ ပြင်နေတာ

ဒါပေမဲ့ မင်းတို့ဆီက တျန်းဂျီဂိုဏ်းအကြောင်း ကြားပြီးတော့  အဲလို လုပ်ဖို့ စိတ်ကူးမရှိတော့ဘူး။ ကျုပ် ဂိုဏ်းတည်ထောင်ရင်တောင် တခြားနာမည်နဲ့ပဲ ဖြစ်လိမ့်မယ်။ ဒီဆေးစံအိမ်ကိုလည်း နာမည် ပြန်ပြောင်းရမယ် ”

သူတို့က မိုဝူကျီ စကားများကို ကြားသောအခါ စုရိုအာတို့က ငေးမောတွေဝေသွားကြသည်။ ချက်ချင်းဆိုသလို စုရိုအာက ဒူးထောက်ပြီး ပြောလိုက်သည်

“ စုရိုအာက  စီနီယာကို တျန်းဂျီဂိုဏ်း ပြန်လည် တည်ထောင်ဖို့ တောင်းဆိုပါတယ် ”

ပြန့်ဟွေ့ယွီနှင့် ယီလန်တို့လည်း စုရိုအာ ဒူးထောက်နေသည်ကို မြင်သောအခါ လိုက်လုပ်ဆောင်ကြသည်။

မိုဝူကျီက  စုရိုအာကို မရေမရာ ကြည့်ကာ မေးလိုက်သည်

“ စုရိုအာ .... ခင်ဗျားကို ကျုပ် ကယ်တုန်းကတောင် ခင်ဗျား ဒူးမထောက်ခဲ့ပါဘူး။ ခင်ဗျားက တျန်းဂျီဂိုဏ်းကနေ ထွက်လာပြီးပြီလေ ။ ဘာလို့များ တျန်းဂျီဂိုဏ်းကို ပြန်လည်ထူထောင်ပေးဖို့ ဒူးထောက်တောင်းဆိုနေရတာလဲ ”

စုရိုအာက ရှိုက်ကာ 

“ တျန်းဂျီဂိုဏ်းက အရင် အဲလို မဟုတ်ခဲ့ဘူး။ အင်မော်တယ်လောက တစ်ခုလုံးမှာ လူက တည်ထောင်ထားတာ မဟုတ်ဘဲနဲ့  သူ့အလိုလို ဖြစ်တည်လာတဲ့ တစ်ခုတည်းသော ဂိုဏ်းက ကျမတို့ တျန်းဂျီဂိုဏ်းပဲ ”

လူသားသစ္စာ [BOOK 5 ( 501-700) ]Hikayelerin yaşadığı yer. Şimdi keşfedin