အခန်း (628)

954 180 5
                                    

၄၆.2

အခန်း  (၆၂၈)  :   လျှပ်စီးဂိုဏ်းမှ မသမာသည့် အကြီးအကဲ

နောက်ထပ် အလဲအလှယ်များမှာ လေးလံအမြစ်မဲ့ရွှေနှင့် ဧကရာဇ်တာအိုအသီးလောက်  အဖိုးမတန်တော့သော်ငြား  သူတို့အားလုံးမှာ ထိပ်တန်းအဆင့် ရတနာများ ဖြစ်ကြပေသည်။ တစ်ခုမှာ ထိပ်တန်းအဆင့် မြေသဘာဝ ပြောင်းလဲရေး လျို့ဝှက်ပညာရပ် ဖြစ်ပြီး  ဧကရာဇ်တာအိုအသီးထက် တန်ဖိုးမနည်းပေ။ ထိုလျို့ဝှက်ပညာရပ်မှာ ဘေးပတ်လည်မှ မြေဓာတ် သဘာဝများကို တခြားသော  ဓာတ်အဖြစ် ပြောင်းလဲပေးနိင်ခြင်း ဖြစ်၏။ မြေပေါ်  တိုက်ခိုက်များအတွက် အသုံးပြုနိုင်သောကြောင့် သေချာပေါက် ထိပ်တန်းအဆင့် တိုက်ကွက် ဖြစ်ပေသည်။

မိုဝူကျိက  ထိုပညာရပ်အား လဲလှယ်ရန် ရည်ရွယ်ထားသော်လည်း သူ့ဆီတွင် ရတနာများက ကန့်သတ်ချက်နှင့် ဖြစ်နေ၏။ ထိုလျို့ဝှက်ပညာရပ်မှာ သာမာန်ပစ္စည်းနှင့် လဲလှယ်၍ မရနိုင်သည့်အတွက် မိုဝူကျိအနေနှင့် ပစ္စည်းကောင်းများကို ဆက်တိုက်ထုတ်နေပါက အခြားသူများ၏ မလိုလားအပ်သော အာရုံစိုက်မှုကို ရရှိသွားပေလိမ့်မည်။

ယခင် အလဲအလှယ်များမှ ဤလဲလှယ်ရေးပွဲမှာ  အင်မော်တယ်လောကတစ်ခုလုံး၌  ပြောစမှတ်အတွင်ဆုံး  အလဲအလှယ်ပွဲ ဖြစ်ပေလိမ့်မည်။

လက်ရှိ ခရမ်းရောင် ပိုးဝတ်ရုံနှင့် အမျိုးသား တစ်ဦးက ထရပ်ကာ  ကျောက်စိမ်းသေတ္တာကို ထုတ်လိုက်ပြီး
“ ကျုပ်ဆီမှာ ရှေးဟောင်းရတနာ အပိုင်းတစ်ခု ရှိတယ်။ ကျုပ်က အားလုံးကို အတည်ပြုဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ် … ”

အမျိုးသားက ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည့်အခါ  မီးခိုရောင် ကြိုးထူထူထူ တစ်ချောင်း ရှိနေသည်။ အတိအကျပြောရလျှင် မီးစာတစ်ခု ဖြစ်နေသည်။

မိုဝူကျိက စိတ်စွမ်းအား ပို့လွှတ်လိုက်သည့်အခါ မျက်နှာထားတည်တည် ဖြစ်သွားမိသည်။ ထိုမီးစာမှာ သာမာန်ပစ္စည်း မဟုတ်ချေ။ အကြောင်းမှာ ရှေးဟောင်း ရှင်သန်မှု ကံကြမ္မာ အပြောင်းလဲ တာအိုစွမ်းအားများ ပါဝင်နေ၍ ဖြစ်၏။ သူ့စိတ်စွမ်းအား ကျရောက်သွားသည်နှင့် ဘာကိုမှ ထူးထူးခြားခြားမရှိသည့် ပင်လယ်ကျယ်ထဲ ကျရောက်သွားသလို ဖြစ်၏။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now