အခန်း (555)

1.1K 209 9
                                    

အခန်း (၅၅၅)

ယွင်ရှန့်တောင်ကြားက ယုံရင်အင်မော်တယ်မြို့နှင့် သိပ်မကွာဝေးပေ။ တစ်ယောက်တည်း ပျံသန်းသွားလျှင်  မိုဝူကျီအနေနှင့် အများဆုံးနေ့ဝက်ခန့်သာ ကြာမြင့်လေ၏။

မိုဝူကျီနှင့် လင်းဂူတို့က ယွင်ရှန့်တောင်ကြားဆီ ရောက်လာသည့်အခါ ဤနေရာ၌ ကျင့်ကြံသူမျိုးစုံနှင့် ပြည့်နှက်နေလေပြီ။ မိုဝူကျီက ဤသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ပါ များနေသည့်အတွက် အင်မော်တယ်ဆေးပင်များ ပေါများကြွယ်ဝသည့် နေရာ ဖွင့်သည့်အချိန်တိုင်း အပြင်ဘက်၌ ဤသို့  လူပြုံကျနေတတ်သည်ကို နေသားကျလေပြီ ဖြစ်၏။

ထို့အပြင် ယွင်ရှန့်တောင်ကြားက အဆင့်မြင့် ဆေးပင်များနှင့် ပြည့်နေပြီး ရှားရှားပါးပါး ဖွင့်ခြင်း ဖြစ်၏။ လူတစ်ရာထက် နည်းသည့် အရေအတွက် လက်ခံထားသည် ဖြစ်သော်လည်း ဤနေရာရှိ စီးပွားရေးသမားများ အရေအတွက်မှာ ဩချရလောက်သည်။ အင်မော်တယ်လောက တစ်ခုလုံး၌  ထိပ်တန်း ကုန်သည်အိမ်တော်နီးပါးတိုင်း ဤနေရာသို့ ရောက်ရှိနေလေပြီ။

အကြောင်းမှာ ယွင်ရှန့်တောင်ကြား ပွင့်လာမည့်အချိန်ဖြစ်ပြီး အချိန်ကျလာသည်နှင့် ယွင်ရှန့်တောင်ကြားက အလိုလို ပွင့်လာလိမ့်မည် ဖြစ်၏။ အကယ်၍ ယုံရင်အင်မော်တယ်နယ်မြေက အချိန်မဟုတ်ဘဲ ဖွင့်လိုပါက  သတ်မှတ်သည့်အချိန်ကာလနှင့် သုံးနှစ်ကာလအတွင်း ဖြစ်ရမည်။

စောစီးစွာ ဖွင့်ဖို့ရာ  အင်မော်တယ် ဝိညာဉ်သွေးကြောများစွာ လိုအပ်ပြီး ယုံရင်အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ်က သတ်မှတ်ချိန်ထက် စောဖွင့်ဖို့ရာ အင်မော်တယ် ဝိညာဉ်သွေးကြော ဆယ်ခု သုံးထားရလေ၏။ ထိုသည်မှာ ကောင်းကင်ဧကရာဇ်အနေနှင့် မည်မျှ အလျှင်လိုနေကြောင်း သိသာနိုင်ပေသည်။

ယွင်ရှန့်တောင်ကြား  ပတ်လည်၌ ချထားသော အတားအဆီးများမှ အပြင်ဘက်ရှိ ကျင့်ကြံသူ လူအုပ်ကြီးက  သိပ်သည်းမှု တိုးမြင့်လာသော အင်မော်တယ်စွမ်းအားများကို ခံစားမိလာကြသည်။

မိုဝူကျီက ဆေးပညာပြိုင်ပွဲ၌ တတိယမြောက် ဖြစ်သည့်အပြင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏  ဂုဏ်ထူးဆောင် အကြီးအကဲလည်း ဖြစ်သောကြောင့် ကျင့်ကြံသူ အများစုက သူ ရောက်လာသည်နှင့် နှုတ်ဆက်ရန် ရောက်လာကြလေ၏။

လူသားသစ္စာ [BOOK 5 ( 501-700) ]Hikayelerin yaşadığı yer. Şimdi keşfedin