အခန်း (574)

947 184 9
                                    

အခန်း   (၅၇၄)   :  လို့ယွဲ့ရွမ်းအတွက် တိုက်ခိုက်ခြင်း

ဖန်းဟာက လက် လေထဲ မြှောက်လိုက်သည့်အခါ   ဖန်သားပြင်၌ အစိမ်းရောင်မြူများ ပိုမို၍ ထွက်ပေါ်လာသည်။

အချိန်တစ်ခု ကြာမြင့်ပြီးနောက် ဖန်းဟာက မျက်လုံးဖွင့်ပြီး မထခင်   မှိန်ဖျော့ဖျော့ အစိမ်းရောင်မြူများက  ဖန်သားပြင်၏ သုံးပုံတစ်ပုံခန့် နေရာယူလာသည်။ ထို့နောက် သူက  စစ်ဆေးသူများကို ဦးညွှတ်ကာ   “ ကျတော် ဖန်းဟာက စစ်ဆေးမှု ပြီးသွားပါပြီ။ ဆရာသုံးယောက်ဆီက  မှတ်ချက် ကြားဖို့လည်း အဆင့်သင့် ဖြစ်နေပါပြီဗျ ”

လီကွမ်းယီက ခေါင်းညိတ်ကာ   “ မဆိုးဘူး .... မင်းက မှော်စွမ်းအင်ကို မထိန်းချုပ်နိုင်သေးသလို  ၊ စုပ်ယူတာလည်း မရသေးပေမဲ့ စုစည်းနိုင်တယ်။ မှော်စွမ်းအင် စုပ်ယူဖို့ တစ်လှမ်းလောက်ပဲ လိုတော့တယ်။  မင်းအတွက်  ဆရာအမှတ်က  ၆၆ မှတ်ပေးမယ်။ မင်းက ပါရမီရှင် ရွေးချယ်ပွဲကို အောင်မြင်သွားပြီ။ 
အဆင့်မြင့်အတန်းအတွက် မင်း အောင်မြင်တယ်လို့  မှတ်ယူတယ်  ... ”

လီကွမ်းယီဘေးမှ အမျိုးသားကလည်း ဝင်မှတ်ချက်ပေးလိုက်သည်   “ ဖန်းဟာက  ကျုပ်တို့အန်းကျင်းတက္ကသိုလ်ရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ ... အလယ်တန်းကို သုံးလ တက်ပြီးတော့  မှော်စွမ်းအင်ကို စုစည်းနိုင်သွားပြီ။ မဆိုးဘူး မဆိုးဘူး  .... မင်းအတွက်  ဆရာရဲ့ အမှတ်က  ၇၄ မှတ် ပေးတယ်။  အဆင့်မြင့်အတန်းအတွက် အောင်တယ်လို့ မှတ်ယူတယ် ”

ဖန်းဟာက စစ်ဆေးသူများကို မြန်မြန် ဦးညွှတ်လိုက်၏။ ထိုအခါ လူအုပ်ဆီမှ လက်ခုပ်ဩဘာသံများ ပွက်လောရိုက်ကာ ထွက်ပေါ်လာသည်။ စစ်ဆေးသူ နှစ်ယောက်က အောင်မြင်ကြောင်း ပြောထားပြီးပြီး ဖြစ်ရာ နောက်ဆုံးသူက ရမှတ်ဆိုးများ ပေးလျှင်ပင် သူက အဆင့်မြင့်အတန်းကို ဝင်ရောက်နိုင်ဦးမည် ဖြစ်၏။

အားလုံးနှင့်အတူ စင်အောက်တွင် ထိုင်နေသော ယွင်မော့က ဖန်းဟာကို အားကျစွာ ကြည့်လိုက်ပြီး   “  ဖန်းဟာလိုမျိုး ပါရမီရှင်ပဲ အလယ်တန်းကို သုံးလတက်ပြီး မှော်စွမ်းအင်ကို စုစည်းနိုင်ပြီးတော့  ပါရမီရှင် ရွေးချယ်ပွဲကနေ တဆင့်  အဆင့်မြင့်အတန်းကို ဝင်ရောက်နိုင်မှာ .... ငါလည်း အဆင့်မြင့်အတန်း ဝင်နိုင်ဖို့   ကြိုးစားရမယ် ”

လူသားသစ္စာ [BOOK 5 ( 501-700) ]Onde histórias criam vida. Descubra agora