အခန်း (559)

1K 200 0
                                    

အခန်း  (၅၅၉)

“ ကျမတို့တွေ ဘေးကင်းလောက်ပါပြီ။ ကျမတို့တွေ ယုံရင်အင်မော်တယ်နယ်မြေက ထွက်လာပြီးတော့ အာကာပြင်ထဲ ရောက်ပြီလေ ”လင်းဂူက လွန်းပျံယာဉ်ပေါ်တွင် သက်ပြင်းချရင်း ပြောလိုက်သည်။

သူမနှင့် မိုဝူကျီတို့က ခရီးတစ်လျှောက်လုံး အနားမယူခဲ့ရပေ။ သူတို့ ပိုင်ကျီ အင်မော်တယ် ကူးသန်းရေး အစီအရင်မှ ထွက်လာသည်နှင့် လွန်းပျံယာဉ်ကို ချက်ချင်း ထုတ်ကာ ပိုင်ကျီမြို့မှ ချက်ချင်း ထွက်ခွာလာကြသည်။ ထို့နောက် ပိုင်ကျီမြို့၏ အစွန်းအဖျားဆီ ရောက်လာပြီးမှ အာကာပြင်ထဲ ဝင်လိုက်ကြခြင်း ဖြစ်သည်။

မိုဝူကျီ၏ အမူအယာမှာ လေးနက်နေဆဲ ဖြစ်ပြီး ပြောလိုက်သည်

“ မဟုတ်သေးဘူး ... ကျုပ်တို့တွေ အခုထိ အန္တရာယ် မကင်းသေးဘူး။ ကျုပ် အကြောက်တရားကို ခံစားမိသေးတယ်။ လင်းဂူ .. အဆောင်ကို မြန်မြန် ထုတ်သုံးလိုက်တော့  ”

သူက ပြောလိုက်ရင်း လွန်းပျံယာဉ်ကို သိမ်းလိုက်သည်။

လင်းဂူက မိုဝူကျီ၏ မှန်းဆချက်ကို လုံးဝဥဿှံ ယုံကြည်ပေသည်။ မိုဝူကျီ ထုတ်ပြောလိုက်သည်နှင့် သူမက ချက်ချင်း အဆောင်ကို အသက်သွင်းလိုက်သည်။ ဤအဆောင်၏ အဆင့်က ပိုမြင့်နေလျှင်ပင် သူမက  ထုတ်သုံးဖို့ရာ တွေဝေနေမည် မဟုတ်ပေ။

လွတ်မြောက်ရေး အဆောင်မှ အလင်းများ ထွက်လာပြီး အာကာပြင်ထဲ၌ မှိန်ဖျော့ဖျော့ အက်ကွဲကြောင်း စတင် ပေါ်လာသည်။ ထို့နောက် အလင်းက မိုဝူကျီနှင်း လင်းဂူကို လွှမ်းခြုံသွားပြီး အစအနမရှိ ပျောက်ကွယ်သွားတော့သည်။

မိုဝူကျီ၏ မှန်းဆချက်မှာ တိကျလွန်းကြောင်း ပြောနေဖို့ရာ မလိုတော့ပေ။ မိုဝူကျီနှင့် လင်းဂူတို့ ထွက်သွားပြီး နောက်ထပ် အမွေးတိုင်ဝက်စာကြာချိန်ခန့်တွင် မျက်နှာဖုံးဝတ်ဆင်ထားပြီး ခေါင်းဆောင်ရှည်နှင့်  အမျိုးသားက သူတို့ ထွက်သွားသည့်နေရာသို့ ရောက်ရှိလာသည်။

သူက သူတို့နှစ်ယောက် ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ရင်း မျက်နှာဖုံးမှ မျက်လုံးပေါက်နေရာ၌ မကောင်းသည့် အကြည့်များ ဖြတ်ပြေးသွားလေ၏။ အမွေးတိုင်တစ်တိုင်စာ ကြာမြင့်ပြီးနောက် ထိုအကြည့်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ထိုလူလည်း လှည့်ထွက်သွားတော့သည်။ သူက မည်သို့ပင် ကြိုးစားစေကာမူ  မိုဝူကျီနှင့် လင်းဂူတို့ ထွက်သွားသည့်နေရာနောက် လိုက်နိုင်မည် မဟုတ်ကြောင်း သေချာသိနေ၏။

လူသားသစ္စာ [BOOK 5 ( 501-700) ]Where stories live. Discover now