အခန်း (၅၆၂)
“ မေမေ .... ” ရှီဂူလန်က အရည်ပြားအောက်၌ အရိုးမည်းများ မရှိတော့ဘဲ မတ်မတ် ထိုင်နေနိုင်သည်ကို တွေ့ပြီး လင်းဂူက မည်သို့ ဖြစ်သွားသည်ကို အဘယ်ကြောင့် မသိဘဲ နေမည်နည်း။ သူမက ခံစားချက် ပြင်းထန်စွာ ငိုကြွေးမိလိုက်သည်။
သူမ စိတ်ထဲ၌ သူမ မိခင် နှစ်တစ်ရာကျော် ဖျားနာနေသည့် အကြောင်းအရင်းမှာ သူမအတွက် အင်မော်တယ် သစ်သားအဆီအနှစ်ကို သွားရှာ၍သာ ဖြစ်၏။ အကယ်၍ သူမ မိခင်၏ ဖျားနာမှုကို မကုသနိုင်လျှင် သူမလည်း လိပ်ပြာသန့်သန့် ဆက်ရှင်နိုင်မည် မဟုတ်ပေ။
အောင်းစုန့်လည်း တုန်လှုပ်သွားလေ၏။ သူမ မျက်ဝန်း၌ အံ့ဩမှု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းဆိုသလို ဝမ်းသာသည့် အသံဖြင့် ပြောလိုက်သည် “ မဟာအကြီးအကဲကို သွားအကြောင်းကြားလိုက်ဦးမယ် ”
ထိုသို့ပြောပြီး သူမက လှည့်ထွက်သွားတော့သည်။ မိုဝူကျီက ရှီဂူလန်ကို ကြည့်လိုက်ပြီး ရှီဂူလန်က အောင်းစုန့်ကို နေစေချင်လားဟု သိချင်မိသည်။ ရှီဂူလန်၏ မျက်ဝန်း၌ စိတ်ပျက်မှုတချို့ ဖြတ်ပြေးသွားသော်လည်း ခေါင်းခါပြလိုက်သည်။
သူမက အောင်းစုန့်သည် ဤအခွင့်အရေးကို အသုံးချ၍ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်မှ ထွက်ပြေးမည်မှန်း သိထား၏။ မိုဝူကျီက ရှီဂူလန်၏ ဖျားနာမှုကို ကုသပေးနိုင်ခြင်းမှာ သူမ လုပ်ခဲ့သည့် ကိစ္စများလည်း ပေါ်ပေါက်သွားကြောင်း ဆိုလိုခြင်း မဟုတ်ပါလော။
ရှီဂူလန်က အောင်းစုန့်ကို ခေါ်လိုက်သည့် အကြောင်းအရင်းနှင့် မြေအောက်ကမ္ဘာ အမွေးနံ့သာ ကုတင်ကို ဖယ်ရှားရန် မရွေးချယ်ခဲ့သည့် အကြောင်းအရင်းတို့မှာ သူမ၌ မျှော်လင့်ချက် နည်းနည်းကျန်ရှိနေ၍ ဖြစ်သည်။ သူမက အောင်းစုန့်သည် အမှားကို သိလာကာ သူမဆီ တောင်းပန်လာလျှင် ဤကိစ္စကို ခွင့်လွတ်ပေးလိုက်မည် ဖြစ်၏။
ရှီဂူလန်၏ သဘောထားကြီးမှုကို ချီးကျူးသင့်ပေသည်။ အောင်းစုန့်က သူမကို အချိန်အတော်ကြာ လိမ်လည်ခဲ့သော်လည်း အောင်းစုန့်က အမှားပြင်ဆင်လာရန် မျှော်လင့်မိဆဲ ဖြစ်သည်။ အကယ်၍ မိုဝူကျီ ဖြစ်နေလျှင် သူက သေချာပေါက် အောင်းစုန့်ကို လွတ်ပေးမည် မဟုတ်ပေ။