အခန်း (523)

1K 204 2
                                    

အခန်း  (၅၂၃)  :  ကြယ်အဆင့် ပါရမီရှင် ဖြစ်တော့လဲ ဘာအရေးလဲ

“ အဲဆို ကျန်နေတဲ့ အသီးတွေကျတော့ရော ” တစ်ယောက်က ဝင်မေးလိုက်သည်။

မိုဝူကျီက လက်နှစ်ဖက် ယှက်ကာ  “ ကျန်ရှိတဲ့ အင်မော်တယ် ဘုရင်တာအိုအသီးတွေကို ကျူပ်ကို‌ ပေးဖို့ မျှော်လင့်ပါတယ် ”

မိုဝူကျီက ထိုစကားများ ပြောလိုက်သည်နှင့် သူ့အပေါ် အမြင်ကောင်း ရှိသည့် ချန်းဟူပင် မသာမယာ ဖြစ်မိသွားသည်။

သူက မိုဝူကျီကို ခွဲဝေပေးဖို့ရာ အကြံပေးခဲ့ခြင်းမှာ သူက မိုဝူကျီကို မျက်နှာသာ တချို့ ပေးချင်လို၍ ဖြစ်သည်။ အကယ်၍ မိုဝူကျီက အသီးများကို ဤသို့ ခွဲဝေပေးမည်ဆိုလျှင် အရမ်း တစ်ကိုယ်ကောင်း ဆန်နေသည် မဟုတ်ပါလော။ သူတို့က မိုဝူကျီကို ပေးရန် သဘောတူထားကြသော်လည်း မိုဝူကျီက တောင်းဆိုထားခြင်း မဟုတ်ပေ။ ထို့အပြင် ဤနေရာရှိ အားလုံးမှာ မိုဝူကျီနှင့် မသက်ဆိုင်သည့်အတွက် သူတို့က ဘာကြောင့် ထိုသို့ လုပ်ပေးရမည်နည်း။

“ ဟားဟား .... အင်မော်တယ်ရောင်းရင်းမို ..... အားလုံးကို ခင်ဗျားအပိုင် ယူမယ်ဆိုတော့ ကျုပ်တို့တွေက အလကား လုပ်ပေးရသလို ဖြစ်မနေဘူးလား ”

ပိုင်ချီထျန်းက ထိုအခွင့်အရေးကို အရယူကာ  ဝင်ထောက်လိုက်သည်။

“ အင်မော်တယ်ရောင်းရင်းမို  ခင်ဗျား ဒီအသီးတွေ ဘာလို့ လိုချင်တာလဲဆိုတဲ့ အကြောင်းပြချက်တော့ ပေးသင့်တယ်မလား ” ဝိညာဉ်စွမ်းအားများ တောက်ပနေသည့် လူငယ်လေးက  ရှေ့ထွက်လာကာ လေးလေးနက်နက် ပြောလိုက်သည်။

မိုဝူကျီက ထိုလူကို မသိသော်လည်း ထိုလူမှာ ကြယ်အဆင့် ပါရမီရှင် ဖြစ်လိမ့်မည်မှန်း မှန်းဆမိသည်။ မဟုတ်လျှင် သူ့၌ ထိုသို့ အားကောင်းသည့် ဝိညာဉ်စွမ်းအား အငွေ့အသက်များ ရှိနေမည် မဟုတ်ပေ။

“ အင်မော်တယ်ရောင်းရင်းတို့  ... လူတော်တော်များများက ကျုပ်နောက်ခံကို သိချင်ကြမယ်လို့ ထင်တယ် ”

မိုဝူကျီ ပြောပြီးသည်နှင့် ကျောက်စိမ်းပြားကို ထုတ်လိုက်ကာ

လူသားသစ္စာ [BOOK 5 ( 501-700) ]Tempat cerita menjadi hidup. Temukan sekarang