Part 118 (1)

1.8K 160 3
                                    

Unicode
Part 159

အခန်း(၁၁၈)(က)

နန်းတော်ထဲမှာ နေ့ရက်တွေက အေးအေးဆေးဆေးနဲ့ ကုန်ဆုံးသွားတယ်။ မယ်တော်ကြီးယိကျယ်က သူမကို ထောက်ပံ့ပေးနေတော့ နန်းတွင်းမိန်းမဆိုးတွေနဲ့ တော်ဝင်အစေခံတွေက သူတို့ကျန်းယွမ်ကို တွေ့တဲ့အချိန်တိုင်း အရမ်းအရိုသေ ပေးနေကြတယ်။ ကျန်းယွမ်က မယ်တော်ကြီးယိကျယ် အချစ်ခံရတာကို သိတဲ့အချို့ တော်ဝင်ကိုယ်လုပ်တော်တွေက ကျန်းယွမ်နဲ့ ရင်းနီးဖို့အတွက် အခွင့်အရေး စောင့်နေကြပြီး သူတို့ကို သူမသဘောကျတာ ခံရမဲ့ အခွင့်အရေးကို ရှာနေကြတယ်။ ဒါပေမဲ့ ကျန်းယွမ်က သူတို့အကုန်လုံးကို ဂရုမစိုက်စွာဘဲ ဆက်ဆံတယ်။ သူမကညင်သာပေမဲ့ သူမက နွေးထွေးမှု တစ်စုံတစ်ရာကို မပြသဘူး။ ဖြေးဖြေးချင်းနဲ့ တော်ဝင်ကိုယ်လုပ်တော်တွေက အေးစက်လာကြပြီး ကျန်းယွမ်နဲ့ အပြန်အလှန်စကားပြောတာ ရပ်ခဲ့ကြတယ်။
လျိုကျိုးက ပြောလိုက်တယ်။
“သခင်မလေး ဝမ်မိန်းမလှလေးက အကျင့်ကောင်းပြီး ဖော်ရွေတဲ့ ပုံပါပဲ။ ဘာလို့ငါတို့သခင်မလေးက အေးစက်စွာ ပြောခဲ့တာလဲ။ ”
“သူမမှာ တောင်းဆိုချက်တစ်ခုရှိတာ သိသာပါတယ်။ အခုသူမက ရန်စခံလိုက်ရပြီဆိုတော့ အနာဂတ်မှာ ပြဿနာတွေ ရှိလာအုံးမှာပါ။ ”
ကျန်းယွမ်ကပြောတယ်။
လျိုကျိုးက ဘာမှမပြောခဲ့ဘူး။ ပြီးတော့ ကျန်းယွမ်က သူမရဲ့အရင်ဘဝမှာ ဝမ်မိန်းမလှလေးက အဆင့်အတန်းမြင့်တဲ့လူတွေကို ကပ်ဖားရပ်ဖားလုပ်ပြီး အဆင့်အတန်းနိမ့်တဲ့လူတွေအပေါ် တက်နင်းသွားတဲ့ လူတွေထဲက တစ်ယောက်ဆိုတာကို သူမမှတ်မိတယ်။ ပထမတော့ သူမက ဖော်ရွေတတ်တဲ့ ညီမပုံစံဖြစ်ပေမဲ့ ကျန်းယွမ်ရဲ့ နောက်ကွယ်မှာတော့ သူမက အခြားအကြောင်းတွေကို ပြောနေတယ်။ အဲ့ဒါက ဝမ်မိန်းမလှလေးတင် မဟုတ်ဘူး။ နန်းတော်ထဲက ဧကရာဇ်ရဲ့ မောင်းမဆောင်က မိန်းကလေးတွေ အကုန်လုံးက အဲ့လိုဘဲမဟုတ်ဘူးလား။ တကယ်လို့ ရိုးသားတဲ့လူ ရှိခဲ့တယ်ဆိုရင် သူတို့က အုတ်ဂူထဲရောက်နေတာ ကြာလှပြီ။
ကျန်းယွမ်က လက်ဖက်ရည် သောက်နေတဲ့အချိန်မှာ မယ်တော်ကြီးယိကျယ်က ဝင်လာပြီး သူမကိုကြည့်ပြီး ပြောလိုက်တယ်။
“မင်းအဖေက ဖိတ်စာတစ်စောင် ပို့လိုက်တယ်။ ငါစုံစမ်းကြည့်လိုက်တော့ အဲ့ဒါ မင်းရဲ့တတိယညီမလေး လက်ထပ်တော့မဲ့ ကိစ္စဖြစ်နေတယ်။ ”
‘ကျန်းလီက လက်ထပ်တော့မှာတဲ့လား။’ ကျန်းယွမ် သူမဘာသာ ရေရွတ်လိုက်ပြီး သူမနန်းတော်ထဲမှာ နေတဲ့ဘဝက အရမ်းသက်တောင့်သက်သာ ဖြစ်လွန်းလို့ သူမက ကျန်းလီရဲ့ လက်ထပ်ပွဲကို မေ့သွားခဲ့တယ်။
မယ်တော်ကြီး ယိကျယ်က ကျန်းယွမ်အတွေးထဲမှာ နစ်မြောနေတာကို သတိပြုမိပြီး ပြောလိုက်တယ်။
“တတိယသခင်မလေး ကျန်းက လက်ထပ်တော့မယ်ဆိုတော့ မင်းအိမ်ပြန်သင့်တယ်။ ငါမင်းကို အကြာကြီး ခေါ်ထားပြီးပြီဆိုတော့ ကျန်းချွမ်က ဒါကိုသတိပြုမိလောက်ပြီ။ ဒီနေ့ငါမင်းကို အိမ်ပြန်ခေါ်သွားဖို့ လူတစ်ချို့ မင်းနဲ့ထည့်လိုက်မယ်။ ဒါမှ ကျန်းယွမ်က သူ့နေရာသူသိပြီး နောက်ထပ် ရက်အနည်းငယ်လောက် ဘာမှမပြောဘဲနေမှာ။ ”
သူမရဲ့ အာဏာနဲ့သြဇာကြောင့် မယ်တော်ကြီး ယိကျယ်က နည်းနည်းမေးလိုက်တာနဲ့ ကျန်းချွမ်နဲ့ ကျန်းယွမ်တို့ကြားက ဆက်ဆံရေးကို သိနိုင်တယ်။ တကယ်လို့ ကျန်းယွမ်က အဲ့ဒါကို မပြောချင်ရင်တောင် မယ်တော်ကြီး ယိကျယ်က သူမကို ထောက်ပံ့ပေးမဲ့ ရည်ရွယ်ချက်ရှိတယ်။ ကျန်းလီက လက်ထပ်တော့မယ်ဆိုတော့ ကျန်းယွမ်က အမကြီးအနေနဲ့ အိမ်တော်ကိုပြန်ပြီး ကျန်းချွမ်က ဒီအကြောင်းကို တစ်ဖွဖွ ပြောရဲမှာမဟုတ်ဘူး။
ကျန်းယွမ်က ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ်။
“ကျေးဇူးအများကြီး တင်ပါတယ်။ တော်ဝင်အဖွား။ ”
မယ်တော်ကြီး ယိကျယ် က ကျန်းယွမ်ကို တိတ်ဆိတ်စွာ အကဲခတ်နေတယ်။ လွန်ခဲ့တဲ့ သုံးနှစ်အတွင်း သူတို့က ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ကြပြီး ကျန်းယွမ်က ညင်သာပြီး အသင့်အတင့်စိတ်ထား ရှိတဲ့လူဆိုတာကို သူမကောင်းကောင်းသိတယ်။ သူမက ကိစ္စတွေကို သင့်တော်တဲ့ အပြုအမူနဲ့ ကိုင်တွယ်ပြီး သူမရဲ့ ထက်မြတ်မှုက သူမရဲ့ သက်တူရွယ်တူ ကလေးတွေထက် အများကြီး သာနေတယ်။ ဒါပေမဲ့ တစ်ချို့ အကြောင်းအရင်းတွေကြောင့် သူမကအမြဲတမ်း ကျန်းယွမ်ဆီမှာ နက်ရှိုင်းတဲ့ အရာတစ်ခုရှိပြီး အဲ့နေရာကို ဘယ်သူမှ မဝင်နိုင်ဘူးလို့ အမြဲတမ်း ခံစားနေရတယ်။ မယ်တော်ကြီး ယိကျယ်က ကျန်းယွမ်ရဲ့ အမေအရင်းက အစောကြီး ဆုံးခဲ့ရပြီး ဒါကသူမရဲ့ အမေကို အစောကြီး ဆုံးရှုံးခဲ့ရတာနဲ့ တူတူပဲ။ သူမက တကယ်လို့ မင်းသမီးယွမ်းရုံက မသေခဲ့ဘဲ အသက်ရှင်ခဲ့ပြီး ကလေးယူခဲ့အုံးမယ်ဆိုရင် အဲ့ကလေးတွေက ကျန်းယွမ်အသက်လောက် ရှိလောက်ပြီလို့ သူမစဉ်းစားခဲ့တယ်။ ဒါကြောင့်သူမက ကျန်းယွမ်ကို မကြာခဏကြည့်လိုက်တိုင်း မယ်တော်ကြီး ယိကျယ်က ကြင်နာတဲ့ ခံစားချက်ကို ခံစားမိတယ်။
သူမကနန်းတော်ကနေ ထွက်လာပြီး အိမ်တော်ကို ပြန်လာတဲ့အချိန်မှာ သူမက မယ်တော်ကြီး ယိကျယ် ရဲ့ အဖော်ဖြစ်တဲ့ ရမ်ကုကု အဖော်ပြုပေးတာ ခံခဲ့ရတယ်။ ရမ်ကုကုက အမျိုးသမီး တော်ဝင်အရာရှိ တစ်ယောက်ဖြစ်ပြီး ကျန်းချွမ်ကသူမကို အရိုအသေ ပေးရမှာဖြစ်တယ်။ ကျန်းယွမ်အိမ်တော်ကို ဒီလိုမျိုး အဆင့်အတန်းမြင့်မြင့်နဲ့ ပြန်လာလို့ ဘယ်သူမှဘာမှ မပြောရဲဘူး။ ကျန်းအိမ်တော်ရဲ့ အစေခံတွေက နောက်ကွယ်မှာ အကြီးဆုံး ကျန်းသခင်မလေးက ပိုပြီးတော့ ကြည့်ကောင်းလာတယ်လို့ ပြောနေကြတယ်။
ဖုန်းရင်းက ကျန်းယွမ်ကို နှစ်ခါတောင် လာလည်တယ်။ ကြည့်ရတာ ကောလဟာလတွေအတိုင်း သူမက ကောင်းကောင်းမနေရဘူးထင်တယ်။ ကျန်းချောင်က ဖုန်းရင်းကို ချစ်ပေမဲ့ သူမက အဆင့်အတန်းနိမ့်ပြီး အခုကိုယ်ဝန် ရှိနေတယ်ဆိုတော့ အိမ်တော်ကို စီမံခန့်ခွဲဖို့ အာဏာကို ဒုတိယကိုယ်လုပ်တော်ကို လွှဲခဲ့တယ်။ ဒုတိကိုယ်လုပ်တော်က ရင်ဆိုင်ရတာ လွယ်တဲ့လူတစ်ယောက် မဟုတ်ဘူး။ ပြီးတော့သူမက ဖုန်းရင်းကို ဒုက္ခပေးဖို့အတွက် အခွင့်အရေးတိုင်းကို အသုံးချတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ ကျန်းအိမ်တော်ရဲ့ နောက်ဖေးက အမျိုးသမီး နှစ်ယောက်ကြားက စစ်မြေပြင် ဖြစ်လာခဲ့ပြီး ဖုန်းရင်းက အဲ့ဒီကနေ ဘာအကျိုးကျေးဇူးမှ မရခဲ့ဘူး။
ဖုန်းရင်းနဲ့ ကျန်းယွမ်တို့က အချိန်အကြာကြီး စကားပြောခဲ့ပေမဲ့ ကျန်းယွမ်က ဘာထူးခြားတဲ့ တုန့်ပြန်မှုမှ မပြဘူး။ ဖုန်းရင်းက တိတ်တဆိတ် ဝမ်းနည်းသွားပေမဲ့ အဆုံးမှာတော့ သူမက ဘာမှမပြောခဲ့ဘူး။ အဲ့အကြောင်းကို ဘာမှမပြောခဲ့ဘဲ အပြုံးနဲ့ ထွက်သွားခဲ့တယ်။ သူမထွက်သွားတော့ ဝမ်ချောင်ကပြောတယ်။
“အဲ့ငါးယောက်မြောက် ကိုယ်လုပ်တော်က ကျွန်မတို့သခင်မလေးရဲ့ သူမကို ကူညီမဲ့လူ ဖြစ်မယ်လို့ မျှော်လင့်နေတာလား မသိဘူး။ ”
“ဘာကူညီတဲ့လူ ဟုတ်လား။ ”
မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
“တကယ်လို့ သခင်မလေးက ဒီအခြေအနေထဲမှာ ဝင်ပြီးမပါတာက အကောင်းဆုံးပဲ။ ”
မျက်စိတစ်မှိတ်အတွင်းမှာဘဲ ကျန်းလီရဲ့ လက်ထပ်ပွဲနေ့ ရောက်လာခဲ့ပြီး ကျန်းချွမ်ရဲ့ ကိုယ်လုပ်တော်ဖြစ်တယ်။ ဒီတော့ မိသားစုနှစ်စုလုံးက ဆက်သွယ်နေတယ်။ ဘုရင့်ရုံး ဝန်ကြီးဌာနက မြို့တော်ထဲက အစိုးရအရာရှိးတွေထဲက တစ်ယောက်ဖြစ်ပြီး ကျန်းလီရဲ့ လက်ထပ်ပွဲက ဒုတိယ ကိုယ်လုပ်တော်ကိုယ်တိုင် စီစဉ်ခဲ့တာဖြစ်တယ်။ သူမရဲ့ တင်တောင်းပစ္စည်းက သေတ္တာ(၅၅)ခုထက် မနည်းဘူး။ အဲ့ဒါက အငယ်ဆုံးသမီးအတွက် အရမ်းရက်ရောပြီး သာမာန်မိသားစုရဲ့ အကြီးဆုံးသမီးကိုတောင် ယှဉ်နိုင်တယ် အရမ်းချစ်ပြီးတော့ ကျိုးလန်ကျောင်းရဲ့ မင်္ဂလာလက်ဖွဲ့ ပစ္စည်းတွေကလည်း ကျန်းလီကို ဝတ်ဖို့အတွက် ပေးခဲ့တယ်။ ဒီတော့ ကျန်းလီက အရမ်းဝမ်းသာနေပြီး တကယ်လို့ သူမမှာသာ အမြှီးတစ်ချောင်းရှိရင် ကောင်းကင်ဘုံထိ ရောက်အောင်လို့ မြင့်နေလောက်ပြီဖြစ်တယ်။ ကျန်းလီက သတိုးသမီးဖြစ်ပြီး သတိုးသမီး ဝတ်စုံဝတ်ရတယ်။ ကျန်းယွမ်က ကြက်သွေးရောင် ဝတ်စုံကိုမဝတ်နိုင်ဘူး။ အဆုံးမှာတော့ သူမက ပန်းရောင်အဖျော့ ဝတ်စုံကိုရွေးခဲ့ပြီး သူမကျန်းလီကို နားမလည်ခင် ခေါင်းဖီးနေခဲ့တယ်။
ကျန်းလီက သူမမျက်နှာမှာ လက်ထပ်ပွဲအတွက် အမှတ်အသား ဆွဲပြီးဖြစ်ပြီး နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေတယ်။ ကျန်းယွမ်ဝင်လာသာ မြင်တဲ့အခါသူမက မတ်မတ်ထိုင်လိုက်ပြီး သူမမျက်နှာပေါ်မှာ လှောင်တဲ့အပြုံးတစ်ခု ပြုံးခဲ့တယ်။
ကျန်းယွမ်က ထျန်ကျူးကို မင်္ဂလာလက်ဖွဲ့ ပေးလိုက်ဖို့ ပြောလိုက်ပြီး ထျန်ကျူးက ကျန်းလီရဲ့ အစေခံကို ပေးလိုက်တယ်။ ကျန်းလီရဲ့အစေခံက အဲ့ဒါကို ကျန်းလီဆီယူသွားလိုက်တယ်။ ကျန်းလီက လက်ဆောင်ကို ဖွင့်လိုက်တဲ့အချိန်မှာ ပုလဲလုံးနဲ့စီခြယ်ထားတဲ့ ရွှေရောင်ချိန်းလက်လောက်တစ်ခုကို တွေ့လိုက်တယ်။ ကြီးမားပြီး လုံးဝန်းတဲ့ပုလဲတွေက တောက်ပမှုပေးပြီး ဒါကရှားပါးပြီး တန်ဖိုးရှိတဲ့ ပစ္စည်းဆိုတာ သေချာတယ်။ ကျန်းလီမျက်နှာက ပျော်ရွှင်မှုနဲ့ တောက်ပသွားပေမဲ့ သူမကအမြန် သူမကိုယ်သူမ ထိန်းချုပ်လိုက်တယ်။ ဂရုမစိုက်သလို ဟန်ဆောင်ပြီးတော့ သူမကပြောလိုက်တယ်။
“မမရဲ့လက်ကောက်က အရမ်းလှပြီးတော့ ဒုတိယအမရဲ့ လက်ဆောင်ထက်ပိုပြီး ကောင်းတာပဲ။ ”
ဘေးမှာမတ်တပ်ရပ်နေတဲ့ ကျန်းစုစုက ဒီစကားတွေကြောင့် သူမမျက်ဝန်းထဲမှာ ဒေါသတွေဖြတ်သွားတယ်။ သူမကျန်းလီကို ဒီနေ့ပေးလိုက်တဲ့ မင်္ဂလာလက်ဖွဲ့က ရောင်စုံတောက်ပတဲ့ ကျောက်စိမ်းလက်ကောက်ဖြစ်တယ်။ အဲ့ဒါကလည်း ရှားပါးတဲ့ပစ္စည်းဖြစ်ပေမဲ့ ကျန်းယွမ်ရဲ့ လက်ကောက်နဲ့ယှဉ်ရင် နည်းနည်းတောင်မှ ယှဉ်လို့မရပေ။ ဒါပေမဲ့ဒါက သူမပေးနိုင်တဲ့ထဲက အကောင်းဆုံး အရည်အသွေးနဲ့ ပစ္စည်းဖြစ်တယ်။ ရှယန်အာဏာ မရှိတော့ကတည်းက ကျန်းစုစုက အပြင်ကိုထွက်တိုင်း လူတွေကသူမကို လက်ညိုးထိုးကြတယ်။ ဒါကြောင့် ကျန်းစုစုက ဒေါသတကြီးနဲ့ သူမအပြင်ကို ထပ်မထွက်တော့ဘူးလို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျန်းချွမ်က သူအရင်က လုပ်ခဲ့တဲ့အတိုင်း တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာတွေကို ကျန်းစုစုကို မပို့တော့ဘူး။ ပြီးတော့ သူမရဲ့ လက်ဝတ်ရတနာ သေတ္တာထဲက လက်ဝတ်ရတနာတွေက မလဲတာ အရမ်းကြာနေပြီဖြစ်တယ်။ အခုသူမက ကျန်းယွမ်ကို ကြည့်လိုက်တော့ သူမကခေါင်းကနေ ခြေဖျားထိ ရိုးရှင်းတဲ့အဝတ်အစားတွေ ဝတ်ထားတယ်လို့ ထင်ရပုံရပေမဲ့ သူမရဲ့အဝတ်အစားတွေက သာမာန်မဟုတ်တာ သိသာတယ်။ ချက်ချင်းပဲ ကျန်းစုစုက စိတ်ထဲမှာ ကျိန်ဆဲလိုက်တယ်။ သူမကသူများရဲ့ လက်ထပ်မှုကို အရှက်မရှိတဲ့ နည်းလမ်းကိုအသုံးပြုပြီး ခိုးယူခဲ့တဲ့ ဒီအငယ်ဆုံးသမီးကို ကျိန်ဆဲခဲ့ပြီးတော့ သူမက ဒုတိယအနေနဲ့ သူမက မယ်တော်ကြီး ယိကျယ် ရဲ့ သဘောကျမှုကို ခံခဲ့ရပြီး အခုသူမကိုယ်သူမ ဖီးနစ်ငှက်တစ်ကောင်လို ပြင်ထားတဲ့ကျန်းယွမ်ကို သူမကကျိန်ဆဲခဲ့တယ်။ သူတို့က နာမည်အရသာ ညီမတွေဖြစ်ပေမဲ့ သူတို့သုံးယောက်က တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် မတည့်ကြဘူး။ ကျန်းယွမ်က ပြုံးပြီးပြောလိုက်တယ်။
“တတိယညီမလေး ဂုဏ်ယူပါတယ်။ ”
ကျန်းလီက သူမကိုယ်သူမ အရမ်းပျော်ရွှင်နေပုံ ပေါ်နေတယ်။ ငယ်ငယ်ထဲက သူမက အိမ်တော်ထဲမှာ ကျန်းယွမ်နဲ့ ကျန်းစုစုကို မနာလိုဖြစ်ခဲ့တယ်။ ကျန်စုစုက ကျန်းချွမ်နဲ့ရှယန်ရဲ့ ကာကွယ်မှုအောက်မှာ ဖြစ်နေလို့ သူမကဘာမှ မလုပ်ခဲ့ရဘူး။ အခုရှယန်က အာဏာမရှိတော့ဘူးဆိုတော့ ကျန်းလီက ကျန်းစုစုကို လှောင်လို့မဝနိုင် ဖြစ်နေတယ်။ ဒါပေမဲ့ သူမရင်ထဲမှာ ကျန်းယွမ်က ကျန်နေသေးတယ်။ ကျန်းယွမ်က အရည်အချင်းမရှိတဲ့ အမေပေမဲ့ သူမက သမီးကြီးဆိုတဲ့ အဆင့်အတန်းရှိသေးတယ်။ အခုသူမက ကံကောင်းသွားလို့ ကျွမ်းလုတစ်ယောက် ဖြစ်သွားခဲ့သေးတယ်။ ကျန်းလီက သူမဒါကို တွေးတဲ့အချိန်တိုင်း သူမရင်ထဲမှာ မနာလိုမှုတွေနဲ့ ပြည့်သွားတယ်။ လမ်းကြောင်းသခင်မရဲ့ နေရာ၊ အစိုးရအရာရှိ တစ်ယောက်ရဲ့မိန်းမက အရမ်းကောင်းမွန်တဲ့ အခြေအနေလို့ ယူဆလို့ရတယ်။ ဒါပေမဲ့ ကျန်းယွမ်ကြောင့် ကျန်းလီက သူအရမ်းကြီး အဆင့်မမြင့်သေးဘူးလို့ ခံစားနေရတယ်။
“မမက အရမ်းပဲ ရည်မွန်တာပဲ။ ”
ကျန်းလီက ပြုံးပြီးပြောလိုက်တယ်။
“ထျန်ကျူးကနည်းနည်း မကျေမနပ်ဖြစ်သွားတယ်။ ဒီတတိယ ကျန်းသခင်မလေးက တကယ်ပဲ ဦးနှောက်မရှိဘူးဘဲ။ သူမရဲ့ အတွေးတိုင်းနဲ့ ခံစားချက်တိုင်းက သူမမျက်နှာပေါ်မှာ ထင်ထင်ရှားရှား ပေါ်နေပြီး လူတွေကို သူမအပေါ်မှာ ကောင်းမွန်တဲ့ သဘောထားမျိုး မပေးစွမ်းဘူး။ ဒီအချိန်မှာ ကျန်းလန်ကလည်း ဝင်လာတယ်။ အပြင်ကနေ ပြန်ရောက်လာတဲ့ ဒုတိယကိုယ်လုပ်တော်က ချက်ချင်းပဲ သတိရှိရှိနေပြီးတော့ ကျန်းလီရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။ ”
“ဒီနိုင်က တတိယအမကို ပျော်ရွှင်စရာကောင်းတဲ့ လက်ထပ်ပွဲ ဖြစ်ပါစေလို့ ဆုတောင်းမပေးရသေးဘူး။ ”
ကျန်းလန်ရဲ့ အစေခံက မင်္ဂလာလက်ဖွဲ့ကို ကျန်းလီကို ပေးလိုက်တဲ့အချိန်မှာ ကျန်းလန်က ပြုံးပြီးပြောလိုက်တယ်။
“ဂုဏ်ယူပါတယ်။ တတိယအမ ”
ကျန်းလီက ကျန်းလန်ကိုတွေ့တော့ မျက်မှောင်ကြုတ်လိုက်တယ်။ သူမက သူမရဲ့လက်ထပ်ပွဲကို ဘယ်လိုမျိုး ရယူခဲ့တယ်ဆိုတာကို သိပြီးတော့ ကျန်းလန်ကို အခုလိုမျိုး မြင်တာက သူမကိုအဲ့ဒါကို ပြန်သတိပေးနေသလိုမျိုး ဖြစ်နေတယ်။ သူမက လှောင်ပြုံးပြုံးလိုက်ပြီး သူမအစေခံကို လက်ဆောင်ကိုဖောက်ဖို့ ပေးလိုက်တယ်။ သူမကနှစ်ခါ စုတ်သပ်လိုက်ပြီး လက်ဆောင်ဘူးထဲက ငွေလက်ကောက်ကို ထုတ်လိုက်တယ်။ သူမက ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်။
“လေးယောက်မြောက်ညီမလေး အမမင်းကို အရှက်ခွဲတာတော့ မဟုတ်ပေမဲ့ ဒီမင်္ဂလာလက်ဆောင်က တကယ်ပဲ မယူလာသင့်တဲ့အရာပဲ။ ငါတို့က အငယ်ဆုံးသမီးတွေ ဖြစ်ပေမဲ့ ငါတို့က အစိုးရအရာရှိ မိသားစုရဲ့ အငယ်ဆုံးသမီးတွေလေ။ အဆင်းရဲဆုံး လူတွေတောင်မှ ဒီအပေါစားပစ္စည်းကို သုံးမှာမဟုတ်ဘူး။ ”
လက်ကောက်က ဒီလိုမျိုးပုံ ပေါ်နေတယ်။
ဒီလက်ကောက်က အရမ်းမထူးခြားပေမဲ့ အဲ့ဒါက ကျန်းလီပြောသလောက်တော့ မဆိုးဘူး။ ဒါ့အပြင် အဲ့ဒါက ကျန်းလန်ရဲ့ လက်ဝတ်ရတနာသေတ္တာထဲက အကောင်းဆုံးဆိုတဲ့ လက်ဝတ်ရတနာထဲက တစ်ခုဖြစ်နေပြီး ကျန်းလန်ကကျန်းလီ မကြိုက်မှာကို စိုးရိမ်ခဲ့တယ်။ ကျန်းလီရဲ့စကားတွေက ကြမ်းတမ်းပြီး အကြင်နာကင်းမဲ့ပေမဲ့ သူမက ဂရုမစိုက်သလို ပြုမူခဲ့တယ်။ ပြီးတော့ ဒုတိယကိုယ်လုပ်တော်က သူမကို စိတ်မပူစွာနဲ့ ကြည့်နေတယ်။ ကျန်းလန်က ခေါင်းနည်းနည်း ငုံ့လိုက်ပြီး သူမရဲ့ပုခုံးတွေက တုန်ယင်နေပြီး ကြည့်ရတာ အရမ်းသနားစရာ ကောင်းနေတယ်။
တကယ်လို့ အဲ့ဒီနေရာမှာသာ အတိတ်က ကျန်းစုစုဆိုရင် သူမရဲ့စိတ်ထား နူးညံ့ပြီး နတ်သမီးလေးကို ကာကွယ်ဖို့အတွက် သူမကတစ်ခုခု ပြောခဲ့မှာဖြစ်တယ်။ တကယ်လို့ အဲ့ဒီနေရာမှာသာ အတိတ်ဘဝက ကျန်းယွမ်ဆိုရင်လည်း သူမကလည်း ကျန်းလန်လိုပဲ ရပ်ပဲရပ်နေမှာဖြစ်တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက အရင်ကရက်တွေနဲ့ မတူဘူး။ ဘယ်သူကမှ ဘာမှမပြောခဲ့ဘူး။ ကျန်းယွမ်က ပြုံးပြီးပြောလိုက်တယ်။
“ဒုတိယညီမလေး ဒီနေ့မှာမင်းက အလှဆုံးသတိုးသမီး ဖြစ်မှာဆိုတော့ အချိန်ယူလိုက်ပါအုံး။ အမအရင် သွားတော့မယ်။ ”
ကျန်းလီက ခရင်ရတဲ့ ကြောင်တစ်ကောင်လိုမျိုး ပြောလိုက်တယ်။
“မမရဲ့ မင်္ဂလာရှိတဲ့ စကားတွေကြောင့် ညီမလေးလည်း ဒီလိုဖြစ်မယ် ထင်တာပဲ။ ”
ထျန်ကျူးကို သူမနဲ့အတူ ခေါ်ခဲ့ပြီး ကျန်းလန်က အခန်းအနားမစခင်မှာ ထွက်သွားဖို့ လုပ်ခဲ့တယ်။ အပြင်ဘက်ကိုရောက်တာနဲ့ အဲ့ဒီမှာလူစည်ကားနေပြီး ပျော်ရွှင်နေတယ်။ ဧည့်သည်တွေနဲ့ ပွဲကျင်းပတဲ့ လူတွေက သူတို့ကိုယ်သူတို့ ပျော်ရွှင်နေတဲ့ပုံရပြီး မင်းကသူမရဲ့ဗိုက်ကို ကိုင်ထားရင်း ဧည့်သည်တွေကြားမှာ သွားနေရင်း သူတို့ကို ဧည့်ခံနေတယ်။ လူမြင်ကွင်းမှာ အချိန်အကြာကြီး မရှိခဲ့တဲ့ အကြီးဆုံး ကိုယ်လုပ်တော်တောင်မှ လူအင်အားမလောက်လို့ သူတို့ကို ကူညီပေးနေရတယ်။ ဧည့်သည်တွေက ချိုချိုသာသာ ပြောနေကြပေမဲ့ သူတို့မျက်လုံးထဲမှာ အထင်သေးမှုကို ဖုံးကွယ်ထားကြတယ်။ လက်ရှိတွင် ကျန်းချွမ်က မြို့တော်ရဲ့ အကြီးဆုံးဟာသ ဖြစ်နေတယ်။ ဧည့်သည်တွေက သူ့နောက်ကွယ်မှာ ဘာတွေပြောနေကြပြီး အခုသူတို့ကသူ့ကို ချီးမွန်းနေကြမယ်လို့ ဘယ်သူကသိမှာလဲ။ သူ့ရဲ့တရားဝင် မိန်းမက သူ့ကိုဖောက်ပြန်ခဲ့ပြီး သူကသူမကို မသတ်ခဲ့ဘဲ သူ့ရဲ့ ကိုယ်လုပ်တော်တောင်မှ ဧည့်သည်တွေကို ဧည့်ခံစေခဲ့တယ်။ ဒါက ကြီးမြတ်တဲ့လောကမှာ ပထမဆုံး ဖြစ်တာပဲ။
ကျန်းယွမ်ရဲ့အကြည့်က ရှိနေတဲ့ လူတွေအပေါ်ကို ရောက်သွားပြီး လူတစ်ယောက်အပေါ်ကို ရောက်သွားခဲ့တယ်။ သူက မြင့်မြတ်တဲ့ မိသားစုက လာတဲ့ပုံပေါ်တယ်။ သူ့မျက်ဝန်းတွေက ပွဲကအမျိုးသမီးတွေအပေါ်ကို ရောက်နေပြီး အဲ့ဒီအကြည့်တွေက သားကောင်ပေါ်ကို လိုက်နေသလိုမျိုးပဲ။
ကျန်းယွမ်က နားလည်သွားပြီး သူမက အေးစက်တဲ့အသံနဲ့ ခေါ်လိုက်တယ်။
“ထျန်ကျူး ”
“ရှိပါတယ်။ ”
ထျန်ကျူးက ကျန်းယွမ်တစ်ခုခု ပြောတော့မယ်ဆိုတာကိုသိပြီး သူမမေးလိုက်တယ်။
“သခင်မလေး ”
“မင်းလူဘယ်နှစ်ယောက်ကို မင်းရဲ့အရည်အချင်းနဲ့ သတ်နိုင်လဲ။ ” ကျန်းယွမ်က မေးလိုက်တယ်။
“ကျွန်မ မကြွားရဲပါဘူး။ ကျွန်မ လူဆယ်ယောက်ကို ကျွန်မဘာသာ ရင်ဆိုင်နိုင်ပါတယ်။ ” ထျန်ကျူးက ပြောလိုက်တယ်။
“ဒီနေ့ သတိရှိရှိနဲ့နေ။ ”
ကျန်းယွမ်က မျက်စိမှိတ်လိုက်တယ်။ ရွှမ်းယိုကလည်း ဒီမှာရှိနေတာလား။ ကောင်းသားပဲ။ သူမက ဘယ်သူရွှမ်းယုံကို ဖိတ်ခဲ့လည်းဆိုတာ သိချင်နေတာ။ ကျန်းစုစုလား။ ဒုတိယကိုယ်လုပ်တော်လား။ ဒါမှမဟုတ် ကျန်းလီလား။
မင်္ဂလာပွဲ အခမ်းအနားကို ကျိုးလန်ကျောင်းရဲ့ အိမ်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး ကျန်းလီက အစ်ကိုမရှိတော့ ကျန်းချောင်ကသူမကို မင်္ဂလာထမ်းစင်ပေါ်ကို ပွေ့သွားရတယ်။ ခရီလမ်းတစ်လျှောက်မှာ ကြီးကျယ်ခန်းနားမှုနဲ့ မြို့တော်ထဲကလူတွေက ရပ်ပြီးတော့ ဒီခန်းနားတဲ့ မင်္ဂလာပွဲကို ကြည့်နေကြတယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now