Part 200

886 99 1
                                    

အခန်း (၂၀၀)

ကျန်းယွမ်က ဆေးကိုသောက်ပြီးတဲ့အချိန်မှာ သူမကုတင်ပေါ်မှာ နားချင်ခဲ့တယ်။ သူမအိပ်ယာပေါ်မှာ လှဲလိုက်တဲ့အချိန်မှာ သူမရင်ထဲမှာ ထူးခြားတဲ့ ခံစားချက်တစ်ခုကို သူမခံစားလိုက်ရတယ်။ အဲ့ဒါက အေးစက်တဲ့ ဆောင်းရာသီမှာတောင်မှ သူမက မချမ်းဘဲနဲ့ သူမရဲ့နဖူးပေါ်မှာ ချွေးစေးတွေ ပျံလာခဲ့တယ်။

သူမကအဲ့ဒါက ဆေးထဲမှာပါတဲ့ ဆေးမြစ်တွေကြောင့်လို့ ထင်ခဲ့တာဖြစ်တယ်။ အဲ့ဒါကြောင့် သူမက အဲ့ဒါကို လေးလေးနက်နက် မတွေးခဲ့ဘဲ ဒီတိုင်းပဲ ဘေးကိုလှည့်ပြီး အိပ်လိုက်တယ်။ ဘယ်သူသိမလဲ ခဏအကြာမှာ သူမပိုပြီးတော့တောင်မှ ပူလာတယ်။ အဲ့ဒါတင်မကဘဲ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ မရင်းနှီးတဲ့ ခံစားချက်တစ်ခုက စီးဆင်းနေပြီး သူမတစ်ခုခုကို ခန့်မှန်းလိုက်မိတယ်။ သူမချက်ချင်းပဲ ထထိုင်ချင်လိုက်ပေမဲ့ သူမရဲ့ခန္ဓာကိုယ်က ထူးဆန်းစွာနဲ့ ပျော့ခွေနေသလို ခံစားလိုက်ရတယ်။

"ရှောင်ရှို့"

သူမက မခေါ်လိုက်ဘဲ မနေနိုင်ခဲ့ဘူး။ ပြီးတော့ သူမရဲ့အသံက သူမကို အံ့အားသင့်သွားစေတယ်။ သူမအသံက ဆွဲဆောင်မှုရှိပြီး ချွဲနွဲ့နေတယ်။

ရှောင်ရှို့က သူ့နာမည် ကြားလိုက်တဲ့အချိန်မှာ ကျန်းယွမ်ကို ကြည့်လိုက်တယ်။ သူမရဲ့ အသွင်အပြင်ကို တွေ့လိုက်ရတော့ သူကနည်းနည်း အံ့အားသင့်သွားတယ်။ သူချက်ချင်းပဲ စာအုပ်ကိုချလိုက်ပြီး အိပ်ယာနားကို လာထိုင်လိုက်တယ်။ သူ့ရဲ့မျက်နှာက အေးစက်နေသေးပေမဲ့ သူကစိတ်မပူဘဲ မနေနိုင်ခဲ့ဘူး။

"ဘာဖြစ်လို့လဲ"

ကျန်းယွမ်ရဲ့မျက်နှာ နီရဲနေတာကိုတွေ့တော့ သူမျက်မှောင်ကြုတ်လိုက်ပြီး ကျန်းယွမ်ရဲ့နဖူးကို အသာလေး ထိလိုက်တယ်။ ရှောင်ရှို့ရဲ့လက်တွေက အေးစက်နေပြီးတော့ သူကျန်းယွမ်ရဲ့ နဖူးကို ထိလိုက်တဲ့အချိန်မှာ ကျန်းယွမ်က သက်တောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရတယ်။ သူမက ရှောင်ရှို့ကို ကြည့်ဖို့အတွက် နည်းနည်း ရှက်နေခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ခန္ဓာကိုယ်က သူမထက်ပိုပြီးတော့ ရိုးသားခဲ့တယ်။ သူမကဒီအချိန်မှာ အရမ်းပူနေတာဖြစ်ပြီး ရှောင်ရှို့ရဲ့ အေးစက်တဲ့ အထိအတွေ့ကို သူမတကယ် သဘောကျခဲ့တယ်။ ပြီးတော့ ရှောင်ရှို့ကို ဖက်တွယ်နေလိုက်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂حيث تعيش القصص. اكتشف الآن