Part 221

498 66 1
                                    


အခန်း (၂၂၁)

လုကျူးဒီတလော အရမ်းအလုပ်ရှုပ်နေပြီးတော့ သူမ သခင်မလေးကလည်း အရမ်းအလုပ်ရှုပ်နေတယ်ဆိုတာကို သတိထားမိတယ်။ သူမ သူမဘာသာပဲ ပန်းထိုးနေခဲ့တယ်။ ပြီးတော့ သူမက ၁၇နှစ်ပဲရှိသေးတော့ ဘာမှသိပ်လုပ်စရာမရှိဘူး။ ကျင်းအာကလည်း အရမ်းအလုပ်ရှုပ်နေပေမဲ့ သူက မင်္ဂလာဆောင်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာ မဟုတ်ဘူး။ သူ့ကို ဘယ်သူမှ အိမ်တော်ထဲမှာ မတွေ့ကြဘူး။ လုကျူး ကျင်းဆန်းကို မေးတော့လည်း ကျင်းဆန်းက ကျင်းအာ ဘာကြောင့် အလုပ်ရှုပ်နေလဲဆိုတာ မသိဘူး။ သူ့ကို သခင်က တာဝန်ပေးထားတယ်လို့ လုကျူးထင်ခဲ့တယ်။ ဒါပေမဲ့လည်း ဒီလိုနဲ့ ဒီတလော လုကျူး ကျင်းဆန်းကို သိပ်မတွေ့ရတော့ဘူး။

ဒီနေ့ လုကျူး ကျင်းဆန်းဆီကနေ ကျင်းအာ အိမ်မှာ မရှိဘူးဆိုတာကို ကြားတော့ သူမ စိတ်ပျက်ပြီး ပြန်သွားတယ်။ လုကျူးထွက်သွားတော့ ကျင်းဆန်း သစ်ပင်ပေါ်ခုန်တက်လိုက်ပြီး ကျင်းစီကိုပြောလိုက်တယ်။

"ကျင်းအာ ဘာဖြစ်နေတာလဲ။ ဘာလို့ သူက အမြဲတမ်း အိမ်မှာမရှိရတာလဲ။ သခင်က သူ့ကို ဘာတာဝန်မှလည်း ပေးမထားတဲ့ပုံပဲ။ သူ ဘာလို့ ဒီလောက်အလုပ်ရှုပ်နေတာလဲ မသိဘူး။ သူ လုကျူးကိုတောင် ဂရုမစိုက်တော့ဘူး"

အရင်တုန်းက ကျင်းအာက အရမ်းအလုပ်ရှုပ်နေတဲ့အချိန်မှာတောင် သူက အမြဲတမ်းအိမ်ထဲမှာပဲ နေပြီး လုကျူးကိုပဲ လိုက်စနေတာဖြစ်တယ်။ အခု သူတို့ နှစ်ယောက်ကိစ္စတွေ လုပ်နေမှပဲ ဘယ်လိုလုပ်ပြီး ကျင်းအာက ဒီလိုမျိုး ဖြစ်သွားပါလိမ့်"

ကျင်းစီခေါင်းခါလိုက်ပြီးပြောလိုက်တယ်။

"ငါလည်း မသိဘူး။ ဒါပေမဲ့ ငါ သူ့ကို ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်းက ချန်ကျောင်းမှာ ပိုက်ဆံသွားလဲနေတာ တွေ့လိုက်တယ်။ သူ ဘာလုပ်မလို့လဲတော့ ငါလည်း မသိဘူး"

"သူ ပိုက်ဆံသွားလဲတယ်ဟုတ်လား"

ကျင်းဆန်း ထူးဆန်းစွာနဲ့မေးလိုက်တယ်။

"သူက ပိုက်ဆံမပြတ်ဘူး မဟုတ်ဘူးလား။ ဘာလို့ ပိုက်ဆံတွေလဲနေတာလဲ"

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now