177 01
အခန်း (၁၇၇)
ချန်းရှက သူမရဲ့မေးခွန်းကို ကြားတဲ့အချိန်မှာ သူကခေါင်းခါလိုက်တယ်။ ကျန်းယွမ်ကအခု ဒီကိစ္စတွေအကုန်လုံးကို နားလည်နိုင်တဲ့ သူတစ်ယောက်ပဲဖြစ်တယ်။ ဥပမာအနေနဲ့ မနေ့ညက ကျန်းယွမ်ကကျင်းအာကို ရှကျွမ်းရဲ့ လူတွေကြားထဲမှာ ရောနှောနေခိုင်းပြီးတော့ သူကမြို့စောင့်တပ်တွေနဲ့ ရှကျွမ်းရဲ့ လူတွေကြားထဲမှာ ပြဿနာဖြစ်စေတယ်။ ဒါပေမဲ့သူက အဲ့ဒါပြီးတာနဲ့ ထွက်လာခဲ့တယ်။ တကယ်လို့ ချန်းရှကသာ ကျန်းယွမ်ရဲ့အကြံကို စောစောသိခဲ့ရင် အဲ့ဒါက အတားခံရရင်ခံရမှာ။ ကျန်းယွမ်ရဲ့အကြံက အရမ်းစွန့်စားရတာပဲ။ ဒီတော့သူက အဲ့အကြံကို အားမပေးဘူး။ ပြီးတော့ ပိုပြီးတော့ လန့်စရာကောင်းတာက အခုကျန်းယွမ်ပြောလိုက်တဲ့ စကားပဲ။ အဲ့ဒီရိက္ခာတွေက ဘယ်မှာလဲဆိုတာပဲ။ ပြီးတော့ အဲ့ဒီရိက္ခာတွေက ပြောရရင် နည်းတဲ့ပမာဏမဟုတ်လို့ အလွယ်တကူနဲ့ ဖျောက်လို့ရမှာလည်း မဟုတ်ဘူး။ ပြီးတော့ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ အပြင်ဘက်ကို ပို့ဖို့လည်း မလွယ်ကူဘူး။ ဒီတော့ တကယ်လို့ ဧကရာဇ်က မြို့တော်ထဲမှာ ရှာမယ်ဆိုရင် အနှေးနဲ့အမြန်ပဲ အဲ့ဒါတွေက ပေါ်လာမှာဖြစ်ပြီးတော့ တော်တော်လေးကို ရှုပ်ထွေးလာမှာဖြစ်တယ်။
"အဲ့ဒီရိက္ခာတွေက နည်းတဲ့ပမာဏမဟုတ်ဘူး"
ကျန်းယွမ်က ပြောလိုက်တယ်။
"မကြာသေးခင်က ရွှမ်းလီက မြို့တော်ထဲကနေထွက်တဲ့ လျှို့ဝှက်လမ်းတစ်ခုကို ရှာတွေ့ထားတယ်။ ဒီလျှို့ဝှက်လမ်းက မြို့တော်ရဲ့အပြင်ဘက် မိုင်အနည်းငယ်အကွာကို ရောက်စေတယ်။ ဒီတော့သူက ရိက္ခာတွေအကုန်လုံးကို အဲ့ဒီနေရာကို ပို့ဖို့အတွက် စီစဉ်ပြီးလောက်ပြီ။ တကယ်လို့ ကျွန်မမှန်းတာ မမှားရင် ဒီတပ်တွေက အခုလျှို့ဝှက်လမ်းထဲမှာ ရှိနေလောက်ပြီ"
ချန်းရှက ရုတ်တရက် အံ့အားသင့်သွားပြီး သူကစိတ်ရှုပ်ထွေးသွားတယ်။
"မင်းဘာကို ပြောနေတာလဲ"
သူကမြို့တော်ထဲကနေ ထွက်သွားခဲ့ပေမဲ့ ကျင်းရီရဲမက်တွေ ဆီကနေပြီးတော့ မြို့တော်အကြောင်းကို သူအမြဲတမ်း သတင်းစွင့်နေတာဖြစ်တယ်။ ဒါပေမဲ့သူ ဒီလျှို့ဝှက်လမ်းကြောင်းကို တစ်ခါမှ မကြားဖူးဘူး။ ပြီးတော့ ကျန်းယွမ်ရဲ့စကားတွေက အရမ်းလေးနက်နေလို့ မယုံကြည်ဘဲ မနေနိုင်ခဲ့ဘူး။ သူကကျန်းယွမ်ကို ကြည့်ပြီးပြောလိုက်တယ်။
![](https://img.wattpad.com/cover/344006526-288-k561366.jpg)