အခန်း (၁၉၂)
"ရှောင်ရှို့"
ကျန်းယွမ် အိပ်ယာကနေ လန့်နိုးလာတယ်။
သူမအိပ်ယာဘေးမှာ ရေနံဆီမီးအိမ်တွေ ထွန်းထားတယ်။ သူမရဲ့အခန်းက ဆောင်းရာသီမှာတောင်မှ နွေးထွေးနေမယ့်ပုံပဲ။ အဲ့အချိန်မှာရုတ်တရက် စိုးရိမ်နေတဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။
"မင်းနိုးလာပြီလား။"
ကျန်းယွမ် ကြည့်လိုက်တဲ့အချိန်မှာ ခန့်ညားတဲ့လူငယ်က သူမကိုဘေးကနေပြီး စိုးရိမ်စွာနဲ့ကြည့်နေတယ်။ သူ့ကိုသူမ နိုးလိုက်တာဖြစ်နိုင်တယ်။
"ရှင်... "
ကျန်းယွမ်က ကြက်သေ သေသွားတယ်။ သူမရဲ့ဆိုးဝါးတဲ့အတိတ်က အိမ်မက်တစ်ခုပဲ ဖြစ်ပေမဲ့ အခုရှောင်ရှို့ကို မြင်လိုက်တဲ့အချိန်မှာ သူမပြန်ပြီး သတိရလာပြီလို့ ခန့်မှန်းမိနိုင်တယ်။
ကျန်းယွမ်ကကုတင်ပေါ်မှာပဲ ထိုင်နေပြီး သူမရဲ့အတွေးထဲမှာ မျောနေတယ်။ ရှောင်ရှို့က သူမကိုပြောလိုက်တယ်။
"မင်းဆယ်ရက်လောက် သတိမေ့နေတာဆိုတော့ ရေဆာနေမှာပေါ့။ မင်းသောက်ဖို့ ကိုယ်ရေသွားခပ်လိုက်ဦးမယ်။"
ရေသွားခပ်လိုက်တော့မယ့် အချိန်မှာ ကျန်းယွမ်က ရုတ်တရက် သူ့လက်ကို လှမ်းဆွဲလိုက်ပြီး သူမနားကို ထိုင်ခိုင်းလိုက်တယ်။
"ဘာဖြစ်လို့လဲ"
သူ့အသံက သိပ်မွေ့နေပြီး သူမကိုနည်းနည်း စိတ်သက်သာရာ ရစေတယ်။ ကျန်းယွမ်က သူ့လက်ကို ကိုင်ထားပြီး နည်းနည်းမဝံ့မရဲ ဖြစ်နေတဲ့ပုံပဲ။ ရှောင်ရှို့က မျက်မှောင်ကြုတ်လိုက်တယ်။ သူမက ရှောင်ရှို့ရဲ့ အင်္ကျီကော်လံကို တစ်ချက်လှမ်းဆွဲလိုက်တယ်။ ဒီလူက တကယ်ပဲ ရှိနေတာလားဆိုတာ သေချာအောင်။ သူမရဲ့လက်နဲ့ သူ့အင်္ကျီကော်လံကို ကိုင်ကြည့်ပြီးတော့ ကျန်းယွမ်က ရုတ်တရက် ရှောင်ရှို့ရဲ့လည်ပင်းကို လှမ်းပြီးတင်းကြပ်စွာ ဖက်လိုက်တယ်။
ကျန်းယွမ်ရဲ့ အပြုအမူက အရမ်းအံ့အားသင့်စရာကောင်းပြီး ရှောင်ရှို့က သူမကိုတစ်ချက် ကြည့်လိုက်တယ်။ ကျန်းယွမ်က သူမရဲ့ခေါင်းကို သူ့ရင်ခွင်ထဲမှာ ထားထားပြီး သူ့ကိုတင်းကြပ်စွာ ဖက်ထားတာဖြစ်တယ်။ ခဏလောက်တွေးပြီးတော့သူ ကျန်းယွမ်ရဲ့နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး သိမ်မွေ့စွာပြောလိုက်တယ်။